Home » » ခေါင်းဆောင် တစ်ယောက်အဖြစ် ဂုဏ်ယူစွာ စွမ်းဆောင် ချင်နေတဲ့ ၀ိန်းရူနေ

ခေါင်းဆောင် တစ်ယောက်အဖြစ် ဂုဏ်ယူစွာ စွမ်းဆောင် ချင်နေတဲ့ ၀ိန်းရူနေ

Written By မောင်စေတနာ on Saturday, October 1, 2011 | 10:20:00 PM


မန်ယူအသင်းအတွက်သာမက မိခင်အင်္ဂလန်အသင်းမှာပါ အသင်းခေါင်းဆောင် တစ်ယောက်အဖြစ် ဂုဏ်ယူစွာ စွမ်းဆောင်ချင်နေတဲ့ ၀ိန်းရူနေ

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဘရာဇီးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန်လက်ရွေးစင်အသင်းကို ဦးဆောင်ခဲ့သည့် မန်ယူတိုက်စစ်မှူး ၀ိန်းရူနေက မန်ယူအသင်းကိုလည်း ဦးဆောင်ကစားချင်ကြောင်း နှစ်သင်းစလုံးမှာသာ ဦးဆောင်ကစားခွင့် ရရှိခဲ့ပါက ကြီးမားသည့် ဂုဏ်ယူမှု တစ်ခုဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။

ရူနေက "နှစ်သင်းစလုံးမှာသာ အသင်းကို ဦးဆောင်သူအဖြစ်နဲ့ ကစားခွင့်ရရင် တကယ့်ကို ဂုဏ်ယူစရာကောင်းလှတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာမှာပါ.. မိခင်နိုင်ငံအသင်းအတွက်တော့ အသင်းကို ဦးဆောင်ခဲ့ဖူးပါတယ်.. မန်ယူအသင်းအတွက် ဦးမဆောင်နိုင်သေးပေမယ့် နှစ်သင်းစလုံးမှာ ပွဲချိန်ပြည့် ပါဝင်ကစားခွင့် ရတာနဲ့ပဲ အရမ်းဂုဏ်ယူမိပါတယ်.." ဟု ပြောကြားသွားခဲ့သည်။

အင်္ဂလန်အသင်း၏ အိမ်ကွင်း ၀င်ဘလေ ရလဒ်များနှင့် ပါတ်သက်၍ "ကျွန်တော်တို့အသင်းက အခြားကွင်းမှာ သွားကစားပြီဆိုရင် သူတို့ပရိတ်သတ်တွေရဲ့ လှုံ့ဆော်မှုတွေကြောင့် ကျွန်တော်တို့ ပြိုင်ဘက်တွေဟာ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ကြပါတယ်.. အဲဒီလို ဖွင့်လိုက်တဲ့အတွက် ဟာသွားတဲ့ နောက်တန်းကို ကျွန်တော်တို့က တရစပ် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။

ဝင်ဘလေမှာတော့ ပြိုင်ဘက်အသင်းတွေဟာ နောက်မှာပြုံကစားဖို့ ကြံရွယ်နေတာကြောင့် ကျွန်တော်တို့အတွက် လုံးဝကို အခက်အခဲနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရပါတယ်.. အဝေးကွင်းထက် အိမ်ကွင်းရလဒ် ထင်သလောက် မကောင်းတာ ကျွန်တော်တို့ အင်္ဂလန်အသင်းပါ" ဟု ရူနေက ဆက်လက်ပြောကြား သွားခဲ့သေးသည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။