ပီနန်တွင် မြန်မာ ၃ ဦးကို လက်စားချေသတ်ဖြတ်ခဲ့သည်ဟု ၀န်ခံသူအား မလေးရဲ မှ စစ်ဆေးပြီး ကွင်းဆက်များ ရှာဖွေလျက်ရှိဟု ဆို
မလေးရှားနိုင်ငံ ပီနန်ဒေသတွင် ပြီးခဲ့သည့် ၁၁ လအတွင်း မြန်မာနိုင်ငံသား ၂၃ ဦး အသတ်ခံခဲ့ရသည့် လူသတ်မှုများမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခကြောင့်ဖြစ်သည်ဟု ပြည်နယ်ရဲ တပ်ဖွဲ့မှူး ဒါတွက်အဗ္ဗဒုက မလေးမေးလ် သတင်းဌာနသို့ ပြောကြားလိုက်သည်။
ထို လူသတ်မှုများနှင့်ပတ်သက်၍ သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့ အနက် ၁ ဦးက မြန်မာနိုင်ငံသား ၂၃ ဦးထဲမှ ၃ ဦးအား ကိုယ်တိုင် သတ်ဖြတ် ခဲ့ကြောင်း ၀န်ခံထားသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူမျိုးရေး ပဋိပက္ခများဖြစ် ပွားပြီးနောက်တွင် ပီနန်တွင် လာရောက် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာလူမျိုး၂၀ ကျော် ရက်စက်သတ်ဖြတ်ခံရသည့် လူသတ်မှုများ ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။
သံသယရှိသူများ ဖမ်းဆီးရမိမှုမှာ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုဖြစ်သည်ဟု ပြည်နယ်ရဲ တပ်ဖွဲ့မှူး ဒါတွက်အဗ္ဗဒုက ပြောကြားသည်။ ၎င်းက အခုထိတော့ သူတို့က စစ်ဆေးမေးမြန်းမှုမှာ ပူးပေါင်းဆောင် ရွက်မှုရှိ ပါတယ်။ သံသယရှိသူတွေနဲ့ပတ်သက်ပြီး ရလဒ်ကောင်းအချို့ ရှိနေပါတယ် ဟု ပြောကြားခဲ့သည်။
အထူး ရဲတပ်ဖွဲ့က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဖမ်းဆီးရိမိခဲ့သည့် အဓိက သံသယရှိသူမှာ ရခိုင်ပြည်နယ်မှ မွတ်စလင် တစ်ဦးဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးတွင် ပါဝင်သူ ရဲအရာရှိတစ်ဦးက ဆိုသည်။ ထိုသံသယရှိသူ၏ ဖုန်း မှတ်တမ်းမှ တစ်ဆင့် အခြား ၆ ဦးအား ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဓိက သံသယရှိသူက ရခိုင်မှာ မနှစ်ကဖြစ်ပွားခဲ့တဲ့ လူမျိုး ရေးပဋိပက္ခအတွင်း ၄င်း၏ မိသားစုဝင် ၆ ဦး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလူသတ်မှု ၂၃ ခု ကြားမှာ ဆက် စပ်မှုတွေ့ရှိလားဆိုတာ စုံစမ်းရှာဖွေနေတယ် ဟု ရဲတစ်ဦးက ဆိုသည်။ စုံစမ်းစစ်ဆေးမှုများအား လာမည့်ရက် သတ္တပတ်အနည်းငယ်အတွင်း အဆုံးသတ်နိုင်ရန် မျှော်လင့်ထားကြောင်း ထိုရဲကပြောကြားခဲ့သည်။
ဖမ်းမိထားသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း၊ မည်သို့မည်ပုံ ခြေရာခံ မိကြောင်း ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
မလေးမေးလ် သတင်းဌာနက နိုဝင်ဘာလ ၂၄ ရက်နေ့က Taman Impian Ria ရှိ ကော်ဖီဆိုင် တစ်ခုအနီး ပလက်ဖောင်းပေါ်တွင် ဖြတ်ထားသည့် ခေါင်း တစ်ခု ကို အမှိုက်အိတ်ဖြင့် လာရောက်ပစ်ရာတွင် CCTV မှ ဆိုင်ကယ်ပေါ် လူနှစ်ဦး ကို ခြေရာခံမိခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ခေါင်းနှင့် သက်ဆိုင် မည်ဟု ယူဆရသည့် ခေါင်းမပါသည့် ကိုယ်ခန္ဓာတစ်ခုကို စက်ရုံ တစ်ခု၏ ရေသွင်းမြောင်းအတွင်း (ပုံပါ) နိုဝင်ဘာလ ၂၇ ရက်နေ့က ရဲက ရှာဖွေတွေ့ရှိ ခဲ့သည်။
အသတ်ခံရသူအများစုမှာ အသက် ၂၀ မှ ၄၀ ကြား အမျိုးသား များဖြစ်ပြီး အလုပ်အနီး နေအိမ်အနီးတွင် ဆွဲခေါ်ခံရတာ အခြား တစ်နေရာတွင် သတ်ဖြတ်ခံရပြီး စိုက်ခင်းကဲ့သို့ လူပြတ်သည့်နေရာများ၌ စွန့်ပစ်ခြင်းခံရလေ့ ရှိသည်။ အလောင်းနှင့် အနီးအနားတွင် လူသတ်ရာတွင် အသုံးပြုသည်ဟု ရဲက ယူဆသည့် ဓါးများကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။
သေဆုံးသူများတွင် စာရွက်စာတမ်း အထောက်အထား များ တွေ့ ရခြင်း မရှိဘဲ မိတ်ဆွေသူငယ်ချင်းများ၏ အတည်ပြုမှု ဖြင့် အမည်ကိုဖော်ထုတ် ရလေ့ရှိသည်။
Ref - Straits Times
The Ladies News Journal
https://www.facebook.com/ News.TheLadies
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed ia.com
Free Facebook Acc - https://www.facebook.com/ nay.zawlin1
Free 4D Facebook Page - https://www.facebook.com/ nayzawlin18
Free Health Facebook Page - https://www.facebook.com/ nayzawlin4
မလေးရှားနိုင်ငံ ပီနန်ဒေသတွင် ပြီးခဲ့သည့် ၁၁ လအတွင်း မြန်မာနိုင်ငံသား ၂၃ ဦး အသတ်ခံခဲ့ရသည့် လူသတ်မှုများမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခကြောင့်ဖြစ်သည်ဟု ပြည်နယ်ရဲ တပ်ဖွဲ့မှူး ဒါတွက်အဗ္ဗဒုက မလေးမေးလ် သတင်းဌာနသို့ ပြောကြားလိုက်သည်။
ထို လူသတ်မှုများနှင့်ပတ်သက်၍ သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့ အနက် ၁ ဦးက မြန်မာနိုင်ငံသား ၂၃ ဦးထဲမှ ၃ ဦးအား ကိုယ်တိုင် သတ်ဖြတ် ခဲ့ကြောင်း ၀န်ခံထားသည်ဟု ဆိုသည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူမျိုးရေး ပဋိပက္ခများဖြစ် ပွားပြီးနောက်တွင် ပီနန်တွင် လာရောက် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာလူမျိုး၂၀ ကျော် ရက်စက်သတ်ဖြတ်ခံရသည့် လူသတ်မှုများ ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။
သံသယရှိသူများ ဖမ်းဆီးရမိမှုမှာ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုဖြစ်သည်ဟု ပြည်နယ်ရဲ တပ်ဖွဲ့မှူး ဒါတွက်အဗ္ဗဒုက ပြောကြားသည်။ ၎င်းက အခုထိတော့ သူတို့က စစ်ဆေးမေးမြန်းမှုမှာ ပူးပေါင်းဆောင် ရွက်မှုရှိ ပါတယ်။ သံသယရှိသူတွေနဲ့ပတ်သက်ပြီး ရလဒ်ကောင်းအချို့ ရှိနေပါတယ် ဟု ပြောကြားခဲ့သည်။
အထူး ရဲတပ်ဖွဲ့က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဖမ်းဆီးရိမိခဲ့သည့် အဓိက သံသယရှိသူမှာ ရခိုင်ပြည်နယ်မှ မွတ်စလင် တစ်ဦးဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးတွင် ပါဝင်သူ ရဲအရာရှိတစ်ဦးက ဆိုသည်။ ထိုသံသယရှိသူ၏ ဖုန်း မှတ်တမ်းမှ တစ်ဆင့် အခြား ၆ ဦးအား ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည
အဓိက သံသယရှိသူက ရခိုင်မှာ မနှစ်ကဖြစ်ပွားခဲ့တဲ့ လူမျိုး ရေးပဋိပက္ခအတွင်း ၄င်း၏ မိသားစုဝင် ၆ ဦး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလူသတ်မှု ၂၃ ခု ကြားမှာ ဆက် စပ်မှုတွေ့ရှိလားဆိုတာ စုံစမ်းရှာဖွေနေတယ် ဟု ရဲတစ်ဦးက ဆိုသည်။ စုံစမ်းစစ်ဆေးမှုများအား လာမည့်ရက် သတ္တပတ်အနည်းငယ်အတွင်း အဆုံးသတ်နိုင်ရန် မျှော်လင့်ထားကြောင်း ထိုရဲကပြောကြားခဲ့သည်။
ဖမ်းမိထားသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း၊ မည်သို့မည်ပုံ ခြေရာခံ မိကြောင်း ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
မလေးမေးလ် သတင်းဌာနက နိုဝင်ဘာလ ၂၄ ရက်နေ့က Taman Impian Ria ရှိ ကော်ဖီဆိုင် တစ်ခုအနီး ပလက်ဖောင်းပေါ်တွင် ဖြတ်ထားသည့် ခေါင်း တစ်ခု ကို အမှိုက်အိတ်ဖြင့် လာရောက်ပစ်ရာတွင် CCTV မှ ဆိုင်ကယ်ပေါ် လူနှစ်ဦး ကို ခြေရာခံမိခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ခေါင်းနှင့် သက်ဆိုင် မည်ဟု ယူဆရသည့် ခေါင်းမပါသည့် ကိုယ်ခန္ဓာတစ်ခုကို စက်ရုံ တစ်ခု၏ ရေသွင်းမြောင်းအတွင်း (ပုံပါ) နိုဝင်ဘာလ ၂၇ ရက်နေ့က ရဲက ရှာဖွေတွေ့ရှိ ခဲ့သည်။
အသတ်ခံရသူအများစုမှာ အသက် ၂၀ မှ ၄၀ ကြား အမျိုးသား များဖြစ်ပြီး အလုပ်အနီး နေအိမ်အနီးတွင် ဆွဲခေါ်ခံရတာ အခြား တစ်နေရာတွင် သတ်ဖြတ်ခံရပြီး စိုက်ခင်းကဲ့သို့ လူပြတ်သည့်နေရာများ၌ စွန့်ပစ်ခြင်းခံရလေ့ ရှိသည်။ အလောင်းနှင့် အနီးအနားတွင် လူသတ်ရာတွင် အသုံးပြုသည်ဟု ရဲက ယူဆသည့် ဓါးများကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။
သေဆုံးသူများတွင် စာရွက်စာတမ်း အထောက်အထား များ တွေ့ ရခြင်း မရှိဘဲ မိတ်ဆွေသူငယ်ချင်းများ၏ အတည်ပြုမှု ဖြင့် အမည်ကိုဖော်ထုတ် ရလေ့ရှိသည်။
Ref - Straits Times
The Ladies News Journal
https://www.facebook.com/
NAY ZAW LIN1 @ နေဇော်လင်း
Free Online Media Malaysia (Radio & Tv Live)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free Facebook Acc - https://www.facebook.com/
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/





.jpg?width=750)

0 comments:
Post a Comment