အဖိုးတန်သော လူသား တစ်ယောက်ဖြစ်စေချင် (လူတိုင်း ဖတ်ရန် ၊ လိုက်နာရန်)
ကျွန်တော်တို့ မြန်မာတွေလူမျိုးတွေ ဟာ တစ်ချိန်တုန်းက " သခင်မျိုးဟေ့ ဒို့ဗမာ " လို့ အော်ခဲ့ကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ အချိန်ကာလ တွေတုန်းက ကမ္ဘာ့ အလယ်မှာ ခန့်ညားထည်ဝါစွာနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ် ဆိုတာ ကမ္ဘာအသိ မို့လား ။ ကျနော်တို့ နိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းက စလို့ ခေါင်းဆောင်တွေရဲ့ တစ်ဘို့ထဲ ကြည့်တဲ့ စိတ်ဓာတ်တွေကြောင့် " သခင်မျိုးဟေ့ ဒို့ဗမာ " လို့ အော်ခဲ့တဲ့ အသံတွေဟာ စိတ်သုန်း ပျောက်ကွယ်ခဲ့ပါတယ် ။ အဲဒီအချိန်ကစလို့ ကျနော်တို့နိုင်ငံရဲ့ ပညာရေး လူမူရေး စီးပွားရေး အစစ အရာရာ ချွတ်ခြုံကျခဲ့တဲ့ အတွက်ကြောင့် သူများနိုင်ငံတွေ မှာတောင် အလုပ်လုပ်နေကြရလေ ။
အခု ကျနော်တို့ နိုင်ငံရဲ့ အုပ်ချုပ်ပုံ စနစ်ကလည်း ပြောင်းလဲလာပြီဆိုတော့ " ညားကာစ ဇနီးမောင်နှံလို " အစကနေ ပြန်စနေကြပြီဆိုတာ အားလုံး အသိပါပဲ ။ အဲဒီလို ကျနော်တို့ နိုင်ငံပြုပြင်ပြောင်းလဲ နေတဲ့ အချိန်မှာ အရေးကြီးဆုံးက ကျနော်တို့ လူငယ်တွေပဲ ။ ဘာလို့လဲ ဆိုတော့ " ယနေ့လူငယ် နောင်ဝယ်လူကြီး " ဆိုတဲ့ ဆောင်ပုဒ်လို နောင်တစ်ချိန်မှာ ကျနော်တို့တွေဟာ နိုင်ငံရဲ့ တာဝန်ကို ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ရမယ့် လူကြီးတွေ ဖြစ်လာမှာမို့ပါပဲ ။
ပြီးခဲ့ပြီးသား အတိတ်တွေကို ပြန်လည် တူးဆွမနေတော့ပဲ အခုလက်ရှိအချိန်မှာ ကျနော်တို့ နိုင်ငံကောင်းဖို့အတွက် လူငယ်တွေ အားသွန်ခွန်စိုက် ကြိုးစားဖို့ အချိန်တန်နေပါပြီ ။
အရင်တုန်းကလို ကျနော်တို့တွေ ပေါ့ဆနေလို့ မဖြစ်တော့ပါဘူး ။ သူများနိုင်ငံတွေ တိုးတက်နေတာကို ကြည့်ပြီး အားကျနေရုံနဲ့ မပြီးပါဘူး ။ ကျနော် တို့ကိုယ်တိုင် ပါဝင်ကြိုးစားပါမှ အားလုံးလိုချင်တဲ့ ပန်းတိုင်ကို ရောက်မှဖြစ်ပါတယ် ။
ကျနော် အဓိကပြောချင်တာကတော့ ကျနော်တို့ လူငယ်တွေပါပဲ ။ ဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ) ပြောသလို ကျနော်တို့ နိုင်ငံကြီးကို ပြုပြင်ချင်ပါတယ်လို့ ပြောနေရုံနဲ့ မပြီးဘူး ။ နိုင်ငံကို ဘယ်လိုပြင်မလဲ ။ အရင်ဆုံး ကိုယ့်ကိုယ်ကို ပြုပြင်ရပါမယ် တဲ့ ။ အဲဒီတော့ ကျနော်တို့ လူငယ်တွေ ငေးငိုင်နေလို့ မဖြစ်တော့ပါဘူး ။ လမ်းမှားကို ရောက်နေရင် ပြင်ဖို့လိုတယ် ။ ကိုယ် ကောင်းစားရင်ပြီးတာ ပဲ ဆိုတဲ့ " တစ်ကိုယ်ကောင်း ဆန်တဲ့ " စိတ်ဓာတ်တွေနဲ့ နေလို့မဖြစ်တော့ဘူး ။ နောင်လာမယ့် အနာဂါတ်မျိုးဆက်သစ်လေးများ ရဲ့ မျက်နှာကို မြင်ယောင်ပြီး ကြိုးစားဖို့လိုပါတယ် ။
ကျနော်တို့ လူမျိုးတွေ နိုင်ငံတကာမှာ အလုပ်လုပ်နေတယ်ဆိုတာ အဆင်မပြေတဲ့ အခိုက်အတန့်လေးပါ ။ ကျနော်တို့လူမျိုးတွေဟာ သူများနိုင်ငံမှာ အလုပ်ရှင် မျက်နှာကို ကြည့်ပြီး အမြဲတမ်း အလုပ်လုပ်နေရမယ့် လူစားမျိုးမဟုတ်ဘူး ။ ကျနော်နိုင်ငံဟာ သဘာဝ ရေ ၊ မြေ ၊ တောတောင် ၊ သယံဇာတတွေ တွေနှင့်အတူ အဖိုးတန်ကျောက်မျက်ရတနာတွေ သုံးမကုန် ဖြုန်းမကုန်အောင် ထွက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ် ။
အရင်လို နိုင်ငံမျိုးပြန်ဖြစ်အောင် ကျနော်တို့ လူငယ်တွေ ကြိုးစားကြရမယ် ။ မူးရူး သောက်စားနေရမယ့် အချိန်မဟုတ်တော့ဘူး ။ သူများနိုင်ငံမှာ ပိုက်ဆံ လာရှာတယ် ဆိုပေမယ့် ရသင့်ရထိုက်တဲ့ အတတ်ပညာ ၊ အသိပညာ ဗဟုသုတ တွေကိုပါ ရအောင်ယူတတ်ရမယ် ။ အရင်ဆုံး စိတ်ဓာတ်တွေကို ပြင်ကြရမယ် ။ နိုင်ငံကြီးသားပီသတဲ့ စိတ်ဓာတ်မျိုးထားရမယ် ။ အရေးမပါတဲ့ အလုပ်တွေ ၊ တစ်ဦးတစ်ယောက် ကိုမှ ကောင်းကျိုးမပေးတဲ့ အလုပ်တွေကို စွန့်လွတ်ရမယ် ။
အခု ကျနော်တို့ မလေးရှား လာ အလုပ်လုပ်နေရတယ် ။ အဲဒီတော့ ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ်ကို ဒီနိုင်ငံသားတွေ က ကျနော်တို့ နေပုံထိုင်ပုံတွေကို ကြည့်ပြီး အကဲခတ်တာ ။ မြန်မာ လူမျိုးတစ်ယောက်က မူးပြီးလမ်းဘေးမှာ အိပ်နေတယ်ဆိုရင် အဲဒီလူမှာ ဘာမှ မဖြစ်ပေမယ့် ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ် ကျဆင်းစေတာ တော့ အမှန်ပဲ ။ " ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ် " တယ်ဆိုတဲ့ အဖြစ်မျိုးပေါ့ ဗျာ ။
အဲလိုတွေ မဖြစ်ရအောင် ကျနော်တို့တွေ အနေအထိုင်ဆင်ခြင် ရမယ် ။ နိုင်ငံကြီးသားပီသရမယ် ။ နောင်တစ်ချိန် ကျနော်တို့ နိုင်ငံကောင်းသွားလို့ အားလုံးပြန် သွားရင်တောင်မှ ကိုယ်အလုပ်လုပ်ခဲ့တဲ့ နိုင်ငံကလူတွေရဲ့ ချီးကျူးသံလေးတွေ ကျန်ခဲ့ရင် ဘယ်လောက်များ ၀မ်းသာဖို့ကောင်းမလဲ ။ အဲလိုမှ မဟုတ်ပဲ မြန်မာတွေ တို့နိုင်ငံ အလုပ်လာလုပ်တုန်းက စည်းမရှိ ကမ်းမရှိကောင်တွေပါ ကွာ လို့ အပြောခံရရင် ဘယ်လောက်ရှက်ဖို့ကောင်းမလဲ ။ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို လုံးဝကျဆင်းစေ ပါတယ် ။
ကျနော်တို့ လူငယ်တွေ အခုချိန်ကစလို့ စာပေဗဟုသုတ တွေကို ရှာမှီးရမယ် ။ အားနေတဲ့ အချိန်လေးတွေကို ဟိုတုန်းကလို ဘီယာဆိုင် ၊ အရက်ဆိုင်တွေ မှာ အချိန်မဖြုန်းပဲ စာအုပ်ဖတ်တာ မျိုးတို့ ၊ သူငယ်ချင်းတွေ စုပြီး အများကောင်းကျိုး အတွက် ဖောင်ဒေးရှင်းလေးထောင်ဖို့ အစည်းအဝေး ထိုင်တာမျိုးတွေကို လုပ်ကြရမယ် ။ ဘ၀မှာ နောက်ကျတယ် ဆိုတာ မရှိပါဘူး ။ ဆိုးခဲ့တာတွေ လည်းများခဲ့ ပြီ ။ မူးရူးသောက်စားပြီး လမ်းသလားခဲ့တာတွေလည်း များခဲ့ပြီ ။ ဒီတစ်ခါတော့ ကျနော်တို့ လူမျိုး နှင့် နောင်လာမယ့် အနာဂါတ် မျိုးဆက်သစ်လေးအတွက် ငှဲညာပေးကြပါအုံးစို့ ။
အရင်လူကြီးတွေ မကောင်းခဲ့လို့ အခုလက်တွေ့ ကျနော်တို့တွေ သူများနိုင်ငံမှာ မျက်နှာငယ်လေးနဲ့ အလုပ်လုပ်နေရပြီမို့လား ။ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေကို ကျနော်တို့လို သူများနိုင်ငံမှာ အလုပ်လာလုပ်ရမယ့် အဖြစ်မျိုးမကြုံရအောင် ကျနော်တို့ လူငယ်တွေမှာ အများကြီးတာဝန်ရှိတယ် ။ ကျနော်ပြောတဲ့ အကြောင်း အရာတွေကို အလေးအနက်မထားတဲ့ သူတွေ အဖို့တော့ ဘာမှ မထူးပေမယ့် ၊ တကယ်အလေးအနက်ထားတဲ့ သူဆိုရင် သိပါလိမ့်မယ် ။ ကျနော်တို့လူငယ်တွေ အသိပညာဗဟုသုတ တွေ နဲ့ ကြွယ်ဝထားမှ နိုင်ငံကို အုပ်ချုပ်မယ့်သူက ကျနော်တို့ ပြည်သူလူထုကို လေးစားမှာဖြစ်ပါတယ် ။ ပြီးခဲ့ပြီးသားအတိတ်တွေကို ကြည့်ပါလား ပြည်သူလူထု က ဘာမှ နားမလည်တဲ့ သူတွေပဲ ဆိုပြီး နိုင်ငံ့ခေါင်းဆောင်းတွေ က သူတို့ထင်ရာ ဆိုင်းခဲ့ကြတယ်လေ ။
စာများများ ဖတ်ကြပါ ။ အားလုံးကို တိုက်တွန်းပါတယ် ။ အကျိုးရှိတဲ့ စာမှန်သမျှ အကုန်ဖတ်ပါ ။ စာဖတ်များလာရင် စာရေးချင် စိတ်ပေါ်လာလိမ့်မယ် ။ စာပေဟောပြောပွဲတွေကို များများနားထောင်ပေးပါ ။ မသိတာတွေကို သိတဲ့သူထံမှ သင်ကြားပါ ။လတ်တလောမှာမသိသာပေမယ့် စာဖတ်တာ ကြာလာတာနဲ့ အမျှ အသိဥာဏ်တွေတိုးတက်လာပြီး အနေအထိုင် အပြောအဆိုကစ ပြောင်းလဲလာပါလိမ့်မယ် ။ အသက်တွေတစ်နေ့ပြီးတစ်နေ့ကြီး
လာသလို့ ဦးနှောက်အသိဥာဏ် တွေကို တိုးတက်လာအောင်လည်း လုပ်ပေးဖို့လိုပါတယ် ။
အသက်ကြီးတိုင်း လူကြီးလို့ ခေါ်လို့ မရပါဘူး ။ သူ့ရဲ့အသိဥာဏ် နှင့်
အတွေးအခေါ် ရင့်ကျက်မှ လူကြီး ဆိုတဲ့ နာမည်နဲ့လိုက်ပေတော့မည် ။
နောင်တစ်ချိန်မှာ လူကြီးဆိုတဲ့ နာမည်ကြီးကို ခံယူထားပြီး အသိဥာဏ်ဘာမှ
မရှိရင် နောင်လာမယ့် အနာဂါတ် မျိုးဆက်သစ်လေးတွေရဲ့ ကြား
ရှက်ဖွယ်လိလိဖြစ်ပေလိမ့်မည် ။
ကျနော့်မိတ်ဆွေသူငယ်ချင်းများအားလုံး
အချိန်ကို အကျိုးရှိစွာ အသုံးချပါ ။ သူများနိုင်ငံမှာ နေပြီး
လူပေါကြီးမဖြစ်ပါစေနှင့် ။ ကိုယ့်ရဲ့အနာဂါတ်ကို ရှေးရူ့ ပါ ။ မှားခဲ့တဲ့
အမှားတွေ ကို နောင်တရနေမယ့် အစား အခုချက်ချင်းပဲ စပြီးပြင်လိုက်ပါ ။
နောက်မကျသေးပါဘူး ။ ကျနော်တို့ နောင်လာမယ့် မျိုးဆက်သစ်လေး တွေကို
ကျနော်တို့လို သူများနိုင်ငံမှာ ကျွန်မခံစေချင်ဘူးဆိုရင်
အရေးမပါတဲ့အလုပ်တွေကို စွန့်လွတ်ပါ ။ ရည်မှန်းချက်ထားပါ ။
အနာဂါတ်မျိုးဆက်သစ် လေးများရဲ့ မျက်နှာကို အမြဲမြင်အောင်ကြည့်ပါ ။
ကျနော်တို့ ဘ၀တွေ ဆင်းရဲပေမယ့် မျိုးဆက်သစ်လေးများရဲ့ ဘ၀တွေကို
မြှင့်တင်ပေးကြပါစို့ ။
ကျနော်တို့လို လူငယ်တွေကို လမ်းမှန်ကိုမြင်စေလိုတဲ့ ဆန္ဒလေးနဲ့ ကျနော့်ရဲ့အမြင် ကျနော်ရဲ့ အတွေးတွေကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ် ။ ကျနော်ထက် တော်တဲ့ ၊ တတ်တဲ့ သူတွေလည်း အများကြီးရှိ ပါလိမ့်မယ် ။ ကျနော်ရဲ့စာကို စိတ်ရှည်သီးခံပြီး ဖတ်ရူ့ ပေးတဲ့ အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ် ။ အမှားကိုပြင် အမှန်မြင်ပြီး နောင်လာမယ့် မျိုးဆက်သစ်လေးများအတွက် ရှေ့ ဆောင်လမ်းပြနိုင်သော နိုင်ငံရဲ့ သားကောင်းရတနာလေးများ ဖြစ်ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သရင်း နိဂုံးချုပ်အပ်ပါသည် ။
စိုးလွင် (ရွှေကြာမြေ)
နေဇော်လင်း
Free Online Radio Media Malaysia (Up To Date News)
ကျွန်တော်တို့ မြန်မာတွေလူမျိုးတွေ ဟာ တစ်ချိန်တုန်းက " သခင်မျိုးဟေ့ ဒို့ဗမာ " လို့ အော်ခဲ့ကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ အချိန်ကာလ တွေတုန်းက ကမ္ဘာ့ အလယ်မှာ ခန့်ညားထည်ဝါစွာနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တယ် ဆိုတာ ကမ္ဘာအသိ မို့လား ။ ကျနော်တို့ နိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းက စလို့ ခေါင်းဆောင်တွေရဲ့ တစ်ဘို့ထဲ ကြည့်တဲ့ စိတ်ဓာတ်တွေကြောင့် " သခင်မျိုးဟေ့ ဒို့ဗမာ " လို့ အော်ခဲ့တဲ့ အသံတွေဟာ စိတ်သုန်း ပျောက်ကွယ်ခဲ့ပါတယ် ။ အဲဒီအချိန်ကစလို့ ကျနော်တို့နိုင်ငံရဲ့ ပညာရေး လူမူရေး စီးပွားရေး အစစ အရာရာ ချွတ်ခြုံကျခဲ့တဲ့ အတွက်ကြောင့် သူများနိုင်ငံတွေ မှာတောင် အလုပ်လုပ်နေကြရလေ ။
အခု ကျနော်တို့ နိုင်ငံရဲ့ အုပ်ချုပ်ပုံ စနစ်ကလည်း ပြောင်းလဲလာပြီဆိုတော့ " ညားကာစ ဇနီးမောင်နှံလို " အစကနေ ပြန်စနေကြပြီဆိုတာ အားလုံး အသိပါပဲ ။ အဲဒီလို ကျနော်တို့ နိုင်ငံပြုပြင်ပြောင်းလဲ နေတဲ့ အချိန်မှာ အရေးကြီးဆုံးက ကျနော်တို့ လူငယ်တွေပဲ ။ ဘာလို့လဲ ဆိုတော့ " ယနေ့လူငယ် နောင်ဝယ်လူကြီး " ဆိုတဲ့ ဆောင်ပုဒ်လို နောင်တစ်ချိန်မှာ ကျနော်တို့တွေဟာ နိုင်ငံရဲ့ တာဝန်ကို ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ရမယ့် လူကြီးတွေ ဖြစ်လာမှာမို့ပါပဲ ။
ပြီးခဲ့ပြီးသား အတိတ်တွေကို ပြန်လည် တူးဆွမနေတော့ပဲ အခုလက်ရှိအချိန်မှာ ကျနော်တို့ နိုင်ငံကောင်းဖို့အတွက် လူငယ်တွေ အားသွန်ခွန်စိုက် ကြိုးစားဖို့ အချိန်တန်နေပါပြီ ။
အရင်တုန်းကလို ကျနော်တို့တွေ ပေါ့ဆနေလို့ မဖြစ်တော့ပါဘူး ။ သူများနိုင်ငံတွေ တိုးတက်နေတာကို ကြည့်ပြီး အားကျနေရုံနဲ့ မပြီးပါဘူး ။ ကျနော် တို့ကိုယ်တိုင် ပါဝင်ကြိုးစားပါမှ အားလုံးလိုချင်တဲ့ ပန်းတိုင်ကို ရောက်မှဖြစ်ပါတယ် ။
ကျနော် အဓိကပြောချင်တာကတော့ ကျနော်တို့ လူငယ်တွေပါပဲ ။ ဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ) ပြောသလို ကျနော်တို့ နိုင်ငံကြီးကို ပြုပြင်ချင်ပါတယ်လို့ ပြောနေရုံနဲ့ မပြီးဘူး ။ နိုင်ငံကို ဘယ်လိုပြင်မလဲ ။ အရင်ဆုံး ကိုယ့်ကိုယ်ကို ပြုပြင်ရပါမယ် တဲ့ ။ အဲဒီတော့ ကျနော်တို့ လူငယ်တွေ ငေးငိုင်နေလို့ မဖြစ်တော့ပါဘူး ။ လမ်းမှားကို ရောက်နေရင် ပြင်ဖို့လိုတယ် ။ ကိုယ် ကောင်းစားရင်ပြီးတာ ပဲ ဆိုတဲ့ " တစ်ကိုယ်ကောင်း ဆန်တဲ့ " စိတ်ဓာတ်တွေနဲ့ နေလို့မဖြစ်တော့ဘူး ။ နောင်လာမယ့် အနာဂါတ်မျိုးဆက်သစ်လေးများ ရဲ့ မျက်နှာကို မြင်ယောင်ပြီး ကြိုးစားဖို့လိုပါတယ် ။
ကျနော်တို့ လူမျိုးတွေ နိုင်ငံတကာမှာ အလုပ်လုပ်နေတယ်ဆိုတာ အဆင်မပြေတဲ့ အခိုက်အတန့်လေးပါ ။ ကျနော်တို့လူမျိုးတွေဟာ သူများနိုင်ငံမှာ အလုပ်ရှင် မျက်နှာကို ကြည့်ပြီး အမြဲတမ်း အလုပ်လုပ်နေရမယ့် လူစားမျိုးမဟုတ်ဘူး ။ ကျနော်နိုင်ငံဟာ သဘာဝ ရေ ၊ မြေ ၊ တောတောင် ၊ သယံဇာတတွေ တွေနှင့်အတူ အဖိုးတန်ကျောက်မျက်ရတနာတွေ သုံးမကုန် ဖြုန်းမကုန်အောင် ထွက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ် ။
အရင်လို နိုင်ငံမျိုးပြန်ဖြစ်အောင် ကျနော်တို့ လူငယ်တွေ ကြိုးစားကြရမယ် ။ မူးရူး သောက်စားနေရမယ့် အချိန်မဟုတ်တော့ဘူး ။ သူများနိုင်ငံမှာ ပိုက်ဆံ လာရှာတယ် ဆိုပေမယ့် ရသင့်ရထိုက်တဲ့ အတတ်ပညာ ၊ အသိပညာ ဗဟုသုတ တွေကိုပါ ရအောင်ယူတတ်ရမယ် ။ အရင်ဆုံး စိတ်ဓာတ်တွေကို ပြင်ကြရမယ် ။ နိုင်ငံကြီးသားပီသတဲ့ စိတ်ဓာတ်မျိုးထားရမယ် ။ အရေးမပါတဲ့ အလုပ်တွေ ၊ တစ်ဦးတစ်ယောက် ကိုမှ ကောင်းကျိုးမပေးတဲ့ အလုပ်တွေကို စွန့်လွတ်ရမယ် ။
အခု ကျနော်တို့ မလေးရှား လာ အလုပ်လုပ်နေရတယ် ။ အဲဒီတော့ ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ်ကို ဒီနိုင်ငံသားတွေ က ကျနော်တို့ နေပုံထိုင်ပုံတွေကို ကြည့်ပြီး အကဲခတ်တာ ။ မြန်မာ လူမျိုးတစ်ယောက်က မူးပြီးလမ်းဘေးမှာ အိပ်နေတယ်ဆိုရင် အဲဒီလူမှာ ဘာမှ မဖြစ်ပေမယ့် ကျနော်တို့ နိုင်ငံရဲ့ ပုံရိပ် ကျဆင်းစေတာ တော့ အမှန်ပဲ ။ " ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ် " တယ်ဆိုတဲ့ အဖြစ်မျိုးပေါ့ ဗျာ ။
အဲလိုတွေ မဖြစ်ရအောင် ကျနော်တို့တွေ အနေအထိုင်ဆင်ခြင် ရမယ် ။ နိုင်ငံကြီးသားပီသရမယ် ။ နောင်တစ်ချိန် ကျနော်တို့ နိုင်ငံကောင်းသွားလို့ အားလုံးပြန် သွားရင်တောင်မှ ကိုယ်အလုပ်လုပ်ခဲ့တဲ့ နိုင်ငံကလူတွေရဲ့ ချီးကျူးသံလေးတွေ ကျန်ခဲ့ရင် ဘယ်လောက်များ ၀မ်းသာဖို့ကောင်းမလဲ ။ အဲလိုမှ မဟုတ်ပဲ မြန်မာတွေ တို့နိုင်ငံ အလုပ်လာလုပ်တုန်းက စည်းမရှိ ကမ်းမရှိကောင်တွေပါ ကွာ လို့ အပြောခံရရင် ဘယ်လောက်ရှက်ဖို့ကောင်းမလဲ ။ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို လုံးဝကျဆင်းစေ ပါတယ် ။
ကျနော်တို့ လူငယ်တွေ အခုချိန်ကစလို့ စာပေဗဟုသုတ တွေကို ရှာမှီးရမယ် ။ အားနေတဲ့ အချိန်လေးတွေကို ဟိုတုန်းကလို ဘီယာဆိုင် ၊ အရက်ဆိုင်တွေ မှာ အချိန်မဖြုန်းပဲ စာအုပ်ဖတ်တာ မျိုးတို့ ၊ သူငယ်ချင်းတွေ စုပြီး အများကောင်းကျိုး အတွက် ဖောင်ဒေးရှင်းလေးထောင်ဖို့ အစည်းအဝေး ထိုင်တာမျိုးတွေကို လုပ်ကြရမယ် ။ ဘ၀မှာ နောက်ကျတယ် ဆိုတာ မရှိပါဘူး ။ ဆိုးခဲ့တာတွေ လည်းများခဲ့ ပြီ ။ မူးရူးသောက်စားပြီး လမ်းသလားခဲ့တာတွေလည်း များခဲ့ပြီ ။ ဒီတစ်ခါတော့ ကျနော်တို့ လူမျိုး နှင့် နောင်လာမယ့် အနာဂါတ် မျိုးဆက်သစ်လေးအတွက် ငှဲညာပေးကြပါအုံးစို့ ။
အရင်လူကြီးတွေ မကောင်းခဲ့လို့ အခုလက်တွေ့ ကျနော်တို့တွေ သူများနိုင်ငံမှာ မျက်နှာငယ်လေးနဲ့ အလုပ်လုပ်နေရပြီမို့လား ။ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေကို ကျနော်တို့လို သူများနိုင်ငံမှာ အလုပ်လာလုပ်ရမယ့် အဖြစ်မျိုးမကြုံရအောင် ကျနော်တို့ လူငယ်တွေမှာ အများကြီးတာဝန်ရှိတယ် ။ ကျနော်ပြောတဲ့ အကြောင်း အရာတွေကို အလေးအနက်မထားတဲ့ သူတွေ အဖို့တော့ ဘာမှ မထူးပေမယ့် ၊ တကယ်အလေးအနက်ထားတဲ့ သူဆိုရင် သိပါလိမ့်မယ် ။ ကျနော်တို့လူငယ်တွေ အသိပညာဗဟုသုတ တွေ နဲ့ ကြွယ်ဝထားမှ နိုင်ငံကို အုပ်ချုပ်မယ့်သူက ကျနော်တို့ ပြည်သူလူထုကို လေးစားမှာဖြစ်ပါတယ် ။ ပြီးခဲ့ပြီးသားအတိတ်တွေကို ကြည့်ပါလား ပြည်သူလူထု က ဘာမှ နားမလည်တဲ့ သူတွေပဲ ဆိုပြီး နိုင်ငံ့ခေါင်းဆောင်းတွေ က သူတို့ထင်ရာ ဆိုင်းခဲ့ကြတယ်လေ ။
စာများများ ဖတ်ကြပါ ။ အားလုံးကို တိုက်တွန်းပါတယ် ။ အကျိုးရှိတဲ့ စာမှန်သမျှ အကုန်ဖတ်ပါ ။ စာဖတ်များလာရင် စာရေးချင် စိတ်ပေါ်လာလိမ့်မယ် ။ စာပေဟောပြောပွဲတွေကို များများနားထောင်ပေးပါ ။ မသိတာတွေကို သိတဲ့သူထံမှ သင်ကြားပါ ။လတ်တလောမှာမသိသာပေမယ့် စာဖတ်တာ ကြာလာတာနဲ့ အမျှ အသိဥာဏ်တွေတိုးတက်လာပြီး အနေအထိုင် အပြောအဆိုကစ ပြောင်းလဲလာပါလိမ့်မယ် ။ အသက်တွေတစ်နေ့ပြီးတစ်နေ့ကြီ
ကျနော့်မိတ်ဆွေသူငယ်ချင်းမျ
ကျနော်တို့လို လူငယ်တွေကို လမ်းမှန်ကိုမြင်စေလိုတဲ့ ဆန္ဒလေးနဲ့ ကျနော့်ရဲ့အမြင် ကျနော်ရဲ့ အတွေးတွေကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ် ။ ကျနော်ထက် တော်တဲ့ ၊ တတ်တဲ့ သူတွေလည်း အများကြီးရှိ ပါလိမ့်မယ် ။ ကျနော်ရဲ့စာကို စိတ်ရှည်သီးခံပြီး ဖတ်ရူ့ ပေးတဲ့ အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ် ။ အမှားကိုပြင် အမှန်မြင်ပြီး နောင်လာမယ့် မျိုးဆက်သစ်လေးများအတွက် ရှေ့ ဆောင်လမ်းပြနိုင်သော နိုင်ငံရဲ့ သားကောင်းရတနာလေးများ ဖြစ်ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သရင်း နိဂုံးချုပ်အပ်ပါသည် ။
စိုးလွင် (ရွှေကြာမြေ)
နေဇော်လင်း
Free Online Radio Media Malaysia (Up To Date News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomed
Free 4D Facebook Page - https://www.facebook.com/
Free Health Facebook Page - https://www.facebook.com/
0 comments:
Post a Comment