Home » » မိုက်ကယ်အိုဝင်ကို ပေါင်(၁)သန်းဖြင့် ဇန်န၀ါရီလတွင် ကမ်းလှမ်း သွားမည့် အာစင်ဝင်းဂါး

မိုက်ကယ်အိုဝင်ကို ပေါင်(၁)သန်းဖြင့် ဇန်န၀ါရီလတွင် ကမ်းလှမ်း သွားမည့် အာစင်ဝင်းဂါး

Written By မောင်စေတနာ on Friday, September 30, 2011 | 5:30:00 PM


မန်ယူအသင်း၏ ၀ါရင့်တိုက်စစ်မှုး မိုက်ကယ်အိုဝင်ကို ပေါင်(၁)သန်းဖြင့် ဇန်န၀ါရီလတွင် ကမ်းလှမ်းသွားမည့် အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုး မိုက်ကယ်အိုဝင်အား ပေါင်(၁)သန်းဖြင့် ဇန်န၀ါရီ အပြောင်းအရွေ့တွင် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

အိုဝင်သည် မန်ယူအသင်းဖြင့် တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး၊ ပထမအသင်းတွင် နေရာရရန် ရုန်းကန်နေရသူဖြစ်သည်။ ဆာအဲလက်စ်က အိုဝင်အား ပွဲကစားခွင့် ပိုမိုပေးချင်နေသော်လည်း၊ အိုဝင်ရှေ့တွင် နေရာပေးရမည့် ရွန်းနီ၊ ဟာနန်ဒက်ဇ်၊ ဘာဘာတော့ဖ်၊ ၀ဲလ်ဘတ်တို့ ရှိနေသည်။ အာစင်ဝင်းဂါးက မိုက်ကယ်အိုဝင်ကို (၁၈)လ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားရန် ဆန္ဒရှိနေပြီး၊ အင်္ဂလန် လက်ရွေးစင်အဖြစ် ပြန်လည်ပါဝင် ကစားခွင့် ရအောင်ကူညီပေးချင်ကြောင်း ပြောကြားလိုက်သည်။

ပြင်သစ်သားကြီးက အသင်းခေါင်းဆောင် ဗန်ပါစီ ဒဏ်ရာရသွားပါက အသင်းအတွက် အခက်အခဲ ရှိလာနိုင်သောကြောင့်၊ အိုဝင်ကို ခေါ်ယူလိုနေခြင်း ဖြစ်ကြောင်း သိရသည်။ တိုက်စစ်မှုး ချာမတ်ခ်မှာ အာဆင်နယ် အသင်းတွင် ကစားလာသည်မှာ (၁၅)လ ရှိနေပြီဖြစ်သော်လည်း၊ အားရဖွယ် စွမ်းဆောင်ချက်များ စွမ်းဆောင်ပြနိုင်ခြင်း မရှိသေးသလို၊ ပတ်ချူယောင်မှာလည်း အသင်းဖြင့် အထိုင်ကျရန် လိုအပ်နေသေးသည်။

တံကောက်ကြော ဒဏ်ရာကြောင့် တစ်နှစ်ခန့်နားထားရသော ကြံ့ခိုင်မှုကြောင့် အိုဝင်အား ခေါ်ယူမှုမှာ အာစင်ဝင်းဂါးအတွက် အလောင်းအစား တစ်ခုဆန်နေသော်လည်း၊ များပြားလှသော အတွေ့အကြုံရှိသည့် ကစားသမားအား ဈေးပေါပေါဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။