မြန်မာနိုင်ငံသား ၆ ဦးမှဘင်္ဂလား ၂ ဦးအား ပြန်ပေးဆွဲ ခြင်း
***************************************************
မလေးရှား (ပီနန်း) 12.8.2014
လွန်ခဲ့သော အပတ် ကြာသပတေးနေ့က မလေးရှားနိုင်ငံ ၊ ပီနန်းတွင် မြန်မာနိုင်ငံသား ၆ ဦးမှ ဘင်္ဂလား နိုင်ငံသား ၂ ဦးအား ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း ယနေ့ BARNAMA သတင်းဌာနက ဖော်ပြသွားခဲ့သည် ။
ပြီးခဲ့သည့် စနေနေ့က အဆိုပါ ပြန်ပေးဆွဲခံရသူ ၂ ဦးမှ တစ်ဦး သည် ပီနန်းရဲစခန်းသို့ ထိုသူ နှင့် သူ့သူငယ်ချင်း ၂ ဦးမှာ လူတစ်စု ၏ ဖမ်းဆီးခြင်းကို လွန်ခဲ့သော ၂ ရက်ကတည်းက ခံခဲ့ရကြောင်း နှင့် လွတ်မြောက်ရန် အတွက် မလေးငွေ ၂ သိန်း ဖြင့် လာရောက်ရွေးရန် ပြောဆိုကြောင်း ရဲဌာနက ထုတ်ပြန်သည် ။
ပြန်ပေးဆွဲမှုတွင် ပါဝင်သူ မြန်မာနိုင်ငံသား အားလုံး ၆ ဦးဖြစ်ပြီး အသက် ၂၀ မှ ၃၀ ကြား တရားမဝင်နေထိုင်သူများဖြစ်ကြောင်း ။
အဆိုပါ ၆ ဦးမှ တစ်ဦးအား တိုင်ကြားသူ၏ အကူအညီဖြင့်ပုံဖမ်း ရေးဆွဲပုံဖော် သူများ အသုံးပြုကာ ပုံဖမ်းရှာဖွေနေပြီဖြစ်ကြောင်း ။
ပြီးခဲ့သော အင်္ဂါနေ့က အဆိုပါတစ်ဦးဟု သံသယရှိသူအား ပီနန်းတွင်တွေ့ရှိရကြောင်း ။
ထို့ကြောင့် မလေးရှား ပီနန်းခရိုင် ရဲဌာနချုပ်မှ အဆိုပါ ၆ ဦးလုံး မလေးရှား ပီနန်းတွင် ပုံးအောင်နေထိုင်လျှက်ရှိသေးသည် ဟု သတ်မှတ်ကြောင်းကို ယနေ့ ဘနားမားသတင်းဌာနက တင်ဆက်သွားခဲ့သည် ။
အဆိုပါ ပြန်ပေးဆွဲခံရသူ ၂ ဦးထဲမှ အသက် ၃၉ နှစ်အရွယ် ပြန်ပေးဆွဲခံရသူ တစ်ဦးမှာ ၏ အလောင်းအား BUKIT GAMBIR တွင်တွေ့ရှိကြောင်း ပီနန်းတောင်ပိုင်းခရိုင်ရဲအရာရှိချုပ်မှ ယနေ့ထုတ်ပြန်ကြော်ငြာသွားကြောင်းကို
မလေးရှားရောက်မြန်မာများ သိရှိစေရန် ဘာသာပြန်တင် ဆက်ပေးသည် ။
မလေးရှားရောက်မြန်မာများ FACEBOOK
မူရင်း - www.facebook.com/mmrinmy
Admin
Thar Thar Lay1 @ သားသားလေး
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4





.jpg?width=750)

0 comments:
Post a Comment