အလည်ဗီဇာအတု ပထမ ၅၂ ဦး ထောက်ဒဏ် တစ်နှစ်စီ အမိန့်ချခံရ
********************************************************
မလေးရှား
သတင်း (၁၂.၈.၂၀၁၄)
ပြီးခဲ့တဲ့ 8.7.2014 ည AK 503 ဖြင့်မလေးရှားသို့ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၅ ဦးတွင် ယနေ့ ပထမ အသုတ် စီရင်ချက်ချသည့် ဗီဇာတုံး အတု ပြုလုပ်ပြီးဝင်လာသော ၅၂ ဦးအား မလေးရှား တရားရုံးက ယနေ့ ထောက်ဒဏ် တစ်နှစ်စီချမှတ်လိုက်ကြောင်းသိရသည် ။
ဝင်ရောက်လာသူ ၇၅ ဦးတွင် ခေါင်းဆောင် ၃ ဦးပါဝင်ပြီး တစ်ဦးမှာ စကားပြန် အမျိုးသမီးဖြစ်ကြောင်းသိရသည် ။
ဝင်ရောက်လာသူ ၇၅ ဦးတွင် ဗီဇာ အမှန်ရရှိထားသူ များမှာ အစိုးရသက်သေအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး တရားခံ ၃ ဦးအား အမိန့်ချမှတ်မည့် ၁၉.၈.၂၀၁၄ အပြီးတွင် မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်းသိရသည် ။
ဝင်ရောက်လာသူ ၇၅ ဦးတွင် တစ်ချို့မှာ မလေးရှားသို့ ဟာရီယာရာပိတ်ရက် အမှန်တကယ်အလည်ရောက်ရှိလာသူများပါဝင်ပြီး ထိုသူများ၏ မိသားစုဝင်များမှာ မြန်မာနိုင်ငံ နှင့် မလေးရှားနိုင်ငံရှိ တာဝန်ယူ ခေါ်ဆောင်ပေးသူများကို ဆက်လက်တိုင်ကြားသွားမည်ဟု အဖမ်းခံရသူများ၏ မိသားစုဝင်များက ယနေ့တရားရုံးတွင် ပြောကြားသွားကြကြောင်းသိရသည် ။
ပစ်ဒဏ်ခံရသူ ၅၂ ဦးတွင် အချို့မှာ ရှေ့နေငှားကာ ခြေပသော်လည်း တရားရုံးမှ အားလုံး မည်သည့် ခြေပချက်ပေးစေကာမူ ပစ်ဒဏ်တစ်နှစ်စီသာ ချမှတ်ကြောင်း မြန်မာသံရုံးမှ သွားရောက် ဖြေရှင်းခဲ့သူများထံမှသိရသည်။
ဆက်လက် ပြီး ပစ်ဒဏ်ခံရသူများအတွက် မြန်မာသံရုံး မှတာဝန်ရှိသူများ နှင့် မိသားစုဝင်များက အယူခံဝင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည် ။
ဆက်လက်ပြီး သိရှိရပါက တင်ဆက်ပေးသွားမည် ။
မလေးရှားရောက်မြန်မာများ FACEBOOK
မူရင်း - www.facebook.com/mmrinmy
Admin
Thar Thar Lay1 @ သားသားလေး
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4





.jpg?width=750)

0 comments:
Post a Comment