Home » , , » Jack the Giant Slayer (2013) မြန်မာ စာတန်းထိုး - English Movie

Jack the Giant Slayer (2013) မြန်မာ စာတန်းထိုး - English Movie

Written By မောင်စေတနာ on Sunday, August 10, 2014 | 10:13:00 PM

 
ဇာတ်ကားအမည် ၊ Jack the Giant Slayer

ဒါရိုက်တာအမည် ၊ Bryan Singer

Download  , English Movie

 အရည်အသွေး ၊ လုံးဝအကြည်

 Jack ဟာ ငယ်စဉ်ကတည်းက သူ့အဖေဖတ်ပြခဲ့တဲ့ အိပ်ယာဝင်ပုံပြင်တွေကို အလွန်ပဲ နှစ်သက်ခဲ့ပြီး ထိုအဖြစ်အပျက်တွေထဲက Giant တွေ အမှန်ရှိခဲ့တယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဘုရင့်သမီးတော်ဖြစ်တဲ့ Isabelle ကလဲ Erik ဘုရင်ရဲ့ Giant တွေကို အောင်နိုင်ခဲ့တဲ့အကြောင်းတွေကို အိပ်ယာဝင်ပုံပြင်အဖြစ် နှစ်သက်ခဲ့ပါတယ်။ အရွယ်ရောက်လာတော့ Jack ဟာ ဈေးထဲမှာ သူ့ဦးလေးရဲ့ မြင်းရောင်းဖို့ ရောက်ရှိနေခဲ့ပါတယ်။

သူဟာ အမှတ်မထင်ပဲ ဘုရင့်အမှုထမ်းတွေ လိုက်ဖမ်းရင်းထွက်ပြေးနေတဲ့ ဘုန်းကြီးတစ်ပါးနဲ့ ဆုံမိပြီး သူ့ဦးလေးမြင်းကို ထိုဘုန်းကြီးရဲ့ ပဲစေ့လေး ၅ စေ့နဲ့ လဲခဲ့ပါတယ်။ မြင်းကို ပဲစေ့လေး ၅ စေ့နဲ့ လဲလာခဲ့တဲ့ Jack ကို သူ့ဦးလေးက ဆူပူကြိမ်းမောင်းပြီး အပြင်ထွက်သွားပါတော့တယ်။ Isabelle ကလည်း သူ့ဖခင် ဘုရင်ကြီးက အတင်းအကြပ် လက်ထပ်ထိမ်းမြှားဖို့ ပြောဆိုတဲ့အတွက် စိတ်တိုပြီး နန်းတော်အပြင်ဘက်ကို မြင်းတစ်စီးနဲ့ ထွက်သွားပါတော့တယ်။

ညဘက်ရောက်တော့ မိုးသည်းကြီးမည်းကြီးရွာတာနဲ့ အနီးအနားရှိ နားခိုရာ လိုက်ရှာရင်း Jack နေထိုင်ရင် အိမ်လေးကို ရောက်ရှိသွားပါတော့တယ်။ အမှတ်မထင် အိမ်အောက်ကိုရောက်ရှိသွားတဲ့ ပဲစေ့လေးတစ်စေ့က မိုးရေနဲ့ထိပြီး အပင်ပေါက်ကာ ဧရာမ အပင်ကြီးအဖြစ်ပြောင်းသွားပြီး ဟိုး . . အမြင့်ကြီးအထိ ပေါက်သွားပါတော့တယ်။ ထိုအမြင့်ထက်ကို Jack ရဲ့ အိမ်ကလေးနဲ့အတူ ဘုရင့်သမီးတော့ Isabelle လေးပါသွားပါတော့တယ်။

ဟိုး ဧရာမသစ်ပင်ကြီးရဲ့ ထိပ်ကိုပါသွားတဲ့ ဘုရင့်သမီးတော့ကို ဘုရင်အမှုထမ်းတစ်ချို့အတူ Jack တစ်ယောက်လိုက်ရှာရင်း အိပ်ယာဝင်ပုံပြင်တွေထဲက Giant တွေနဲ့ တွေ့ကြုံခဲ့ပြီး . . . .ထို Giant ကြီးတွေ မြေပြင်ကို ဆင်းသက်ပြီး သိမ်းပိုက်တော့မယ့်အခြေအနေကို Jack တစ်ယောက် ဘယ်လို ကာကွယ်ဖြေရှင်းခဲ့သလိုဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Adventure ဇာတ်ကားကောင်းလေး တစ်ခုပါ။

(mmmovieguide.com မှကူးယူ​ဖော်​ပြတာ ဖြစ်​ပါတယ်​) Watch Myanmar Movies
Source by : http://www.watchmyanmarmovies.com/2014/08/jack-giant-slayer-2013.html
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။