Home » , » မလေးရှားရောက် အထောက်အထားမဲ့ မြန်မာများအတွက် သတင်းကောင်း

မလေးရှားရောက် အထောက်အထားမဲ့ မြန်မာများအတွက် သတင်းကောင်း

Written By မောင်စေတနာ on Thursday, May 15, 2014 | 5:46:00 PM

 

 မလေးရှားနိုင်ငံမှာ ရှိနေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်း မြန်မာနိုင်ငံသားတွေအတွက် မလေးရှား ပြည် ထဲရေး ဝန်ကြီး ဌာန ခွင့်ပြုချက်နဲ့ အန္တရာယ် ကင်းရှင်းစွာ တရားဝင်နေထိုင်အလုပ်လုပ်နိုင်မယ့် နားလည်မှု စာချွန်လွှာကို မလေးရှားနဲ့ မြန်မာ ကုမ္ပဏီ ၂ ခု က နေပြည်တော်မှာ လက်မှတ်ရေးထိုးကြပါတယ်။ 

 မလေးရှား ကုမ္ပဏီ Bukti Megah Sdn Bhd နဲ့ မြန်မာနိုင်ငံဘက်က Diamond Palace ကုမ္ပဏီလိမိတက် တို့ရဲ့ လက်မှတ် ရေး ထိုးတာမှာ မလေးရှားပြည်ထဲရေး ဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် တို့နဲ့ အတူ မြန်မာ အစိုးရဘက်က ဒုဝန်ကြီးတွေ၊ အစိုးရ ဋ္ဌာနအကြီးအကဲတွေရဲ့ ရှေ့မောက်မှာ မေလ ၁၃ ရက်နေ့ ညနေပိုင်းက နေပြည်တော် Grand Amara Hotel မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

 အခုလို နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးလိုက်တဲ့အတွက် မလေးရှားမှာ ရောက်နေတဲ့ အထောက် အထားမဲ့ မြန်မာ နိုင်ငံသားတွေကို မြန်မာကုမ္ပဏီက တရားဝင် အလုပ်သမားတွေဖြစ်စေရေး နိုင်ငံသား စိစစ်မှု လုပ်ငန်းစဉ်တွေ လုပ်ပြီးတာ နဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးပြီး တရားဝင်နေထိုင်ခွင့် ဗီဇာရရှိဖို့နဲ့ တရားဝင် အလုပ်လုပ်ခွင့်တွေရအောင် ကူညီလုပ်ဆောင် ပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ ထုတ် မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဒါဟာ မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာတွေအတွက် ပထမဆုံး လုပ်ခဲ့တဲ့ နားလည်မှု စာချွန်လွှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာဝင် လူနည်းစုတွေနဲ့ မြန်မာတချို့အကြား ပဋိပက္ခတွေဖြစ်ပွားပြီး အကျိုးဆက် အနေနဲ့ မနှစ် က တော့ မလေးရှားရောက် မြန်မာတွေတချို့ဟာ ရန်လို တိုက်ခိုက်သတ်ဖြတ်ခံရမှုတွေ ရှိခဲ့ပါ တယ်။ အထောက်အထားရှိတဲ့ မြန်မာတချို့လည်း စိုးရိမ်မှုတွေကြောင့် မလေးရှားနိုင်ငံမှာ ဆက်လက်နေထိုင် တာတွေ မလုပ်ပဲ မြန်မာပြည်ကို ပြန်လာခဲ့ကြ ပါတယ်။ 

အိမ့်သံစဉ် ~ 
Source by : The Irrawaddy's Blog 

Admin 
နေဇော်လင်း1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Facebook - www.facebook.com/pages/Nayzawlin1/292530074131729
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။