Home » , » ပီနန် ဂျော့တောင်းတွင် မြန်မာ အမျိုးသမီးတဦး အပါအ၀င် ၅၃ ဦးကို ဖမ်းဆီး

ပီနန် ဂျော့တောင်းတွင် မြန်မာ အမျိုးသမီးတဦး အပါအ၀င် ၅၃ ဦးကို ဖမ်းဆီး

Written By မောင်စေတနာ on Wednesday, May 14, 2014 | 7:38:00 PM

 

ပီနန် ဂျော့တောင်း ဖျော်ဖြေရေးနိုက်ကလပ်တခုတွင် မြန်မာ အမျိုးသမီးတဦး အပါအ၀င် ၅၃ ဦးကို ဖမ်းဆီးထိမ်းသိမ်းထား ဂျော့တောင်း ပီနန်လမ်းအနီးတွင် ဖျော်ဖြေရေးတင်ဆက်နေတဲ့ နိုက်ကလပ်တခုကို ကြိုတင် သတင်းရရှိသောကြောင့် ရှောင်တခင် ၀င်ရောက်ဖမ်းဆီးခဲ့သည်ဟု နယ်မြေခံ အထူးရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ ACP Mior Faridalathrash Wahab က ဘားနားမား သတင်းထောက်ကို ပြောဆိုခဲ့သည်။ 

မလ ၆ ရက်နေ့ မနက် ၅ နာရီဝန်ကျင် ၀င်ရောက် စစ်ဆေးခဲ့ပြီနောက် ကပြ ဖျော်ဖြေနေတဲ့ ထိုင်း အမျိုးသမီး ၄၉ ဦးနှင့် အင်ဒိုနီးရှားအမျိုးသမီး ၃ ဦးနှင့် မြန်မာနိုင်ငံသား အမျိုး တဦးအပါအ၀င် စုစုပေါင်း ၅၃ တို့မှာ အသက် ၂၁ - ၃၂ ကြားဖြစ်ပြီး တရားဝင် အထောက်အထား စာရွက်စာတမ်း ကိုင်ဆောင်ထားမှုမရှိခဲ့ သောကြောင့် ဖမ်းဆီးထားခဲ့ပြီး ၀င်ရောက်စီနင်းမှုအတွက် အချိန် ၄ နာရီ အထိ ကြန့်ကြာခဲ့သည်။ 

 Credit - သူရိယ - FB 

Admin 
နေဇော်လင်း1 
Free Online Radio Media (Malaysia) 
Website - www.malaysiaonlineradiomedia.com 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။