Home » , , » အလုပ်ရှင် အလုပ်သမားနှင့် အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးမည်(မလေးရှား သတင်း)

အလုပ်ရှင် အလုပ်သမားနှင့် အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးမည်(မလေးရှား သတင်း)

Written By မောင်စေတနာ on Saturday, December 28, 2013 | 10:24:00 AM

မလေးရှားရှိ မြန်မာအလုပ်သမားများ ဘေးကင်းလုံခြုံရေးအတွက် အလုပ်ရှင် အလုပ်သမားနှင့် အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးမည်

 မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဘေးကင်းလုံခြုံမှု၊ ရေရှည်အာမခံချက်နှင့် အခက်အခဲများအတွက် မြန်မာနိုင်ငံသံရုံးမှ အလုပ်သမား အရာရှိနှင့် သံရုံးတာဝန် ရှိသူများသည် မြန်မာအလုပ်သမား အေဂျင်စီ၊ မလေးအလုပ်သမား အေဂျင်စီ၊ စက်ရုံတာဝန်ရှိသူများ၊ 

မလေးရှား အစိုးရမှ သက်ဆိုင်ရာ စသည်တို့ ပါဝင်သော အလုပ်ရှင် (အလုပ်သမား အေဂျင်စီပါဝင်)၊ အလုပ်သမား၊ (နှစ်နိုင်ငံ) အစိုးရတို့ သုံးပွင့်ဆိုင် တွေ့ဆုံပြီး ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြချက် အရ သိရသည်။ 

လက်ရှိတွင် မလေးရှားရှိ မြန်မာသံရုံးကလည်း မလေးရှား အစိုးရသို့ အဆိုပါဖြစ်စဉ်အား အသိပေး၍ ကာကွယ်စောင့်ရှောက်မှု အမြန်ဆုံးပေးရန် တောင်းဆိုထားပြီး သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက လုံခြုံရေး ဆောင်ရွက်ပေးထားသဖြင့် မြန်မာ အလုပ်သမားများ၏ အခြေအနေမှာ စိုးရိမ်စရာ မရှိတော့ကြောင်း၊ မြန်မာ အလုပ်သမားများ၏ အခြေအနေမှာ လက်ရှိအချိန်တွင် အေးဆေး တည်ငြိမ်နေပြီ ဖြစ်ကြောင်းလည်း ဖော်ပြချက် အရ သိရသည်။ 

ထို့အပြင် မြန်မာအလုပ်သမားများထံသို့ မြန်မာအလုပ်သမား အေဂျင်စီမှ တာဝန်ရှိသူအချို့ ရောက်ရှိနေပြီဖြစ်ပြီး စက်ရုံတာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားများ၏ အခွင့်အရေး၊ လုံခြုံမှုကို ညှိနှိုင်းလျက်ရှိကြောင်း၊ မလေးရှားရောက် မြန်မာ (စစ်ကိုင်းတိုင်းဒေသကြီးမှ) ဇနီးမောင်နှံနှစ်ဦးက မြန်မာအလုပ်သမား များအတွက် ဆန်များလာရောက် လှူဒါန်းပေးအပ် ထားပြီးဖြစ်၍ အစားအသောက် အခက်အခဲ ပြေလည်နေပြီ ဖြစ်ကြောင်း သိရသည်။ 

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား နှစ်ဦးနှင့် အင်ဒိုနီးရှား အလုပ်သမားတို့ ဒီဇင်ဘာ ၂၃ ရက်တွင် ပြဿနာဖြစ်ပွားမှ အင်ဒိုနီးရှား အလုပ်သမားများက ရန်ပြုရန် ကြိုးပမ်းခဲ့သဖြင့် မြန်မာအလုပ်သမား ၉၇ ဦးမှာ ဂိုဒေါင်တစ်ခုတွင် ပိတ်မိနေခဲ့သည်။ 

Credit To: Eleven Media Group 
(ဓာတ်ပုံ - နေဇော်လင်း FB) 

Admin 
Nay Zaw Lin1 
Free Online Radio Media (Malaysia) 
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။