Home » , , » MAI လေယာဉ်ပေါ် မူးယစ်ရမ်းကားသူကို ဒဏ်ငွေ ကျပ် ၅၀ အမိန့်ချ

MAI လေယာဉ်ပေါ် မူးယစ်ရမ်းကားသူကို ဒဏ်ငွေ ကျပ် ၅၀ အမိန့်ချ

Written By မောင်စေတနာ on Saturday, August 17, 2013 | 5:59:00 PM

 
ရန်ကုန်၊ သြဂုတ် ၁၅ 

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် MAI လေယာဉ်ပေါ်တွင် သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က အရက်မူးကာ မူးယစ်ရမ်းကားသူ အသက် ၃၀ အရွယ် အမျိုးသားကို လေဆိပ်ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၅၀ ဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း မင်္ဂလာဒုံ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 

၎င်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက မူးယစ်ရမ်းကားမှု၊ ရဲအက်ဥပဒေ ပုဒ်မ- ၄၁/၁၄ ဖြင့် အမှုဖွင့်ကာ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ထောက်ဒဏ်ရှစ်ရက် သို့မဟုတ် ဒဏ်ငွေကျပ် ၅၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ရာ ပြစ်မှု ကျူးလွန်သူက ဒဏ်ငွေကျပ် ၅၀ ပေးဆောင်ခဲ့ကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။ 

“ထက်ထက်မိုးဦး ပါးရိုက်တဲ့ အမှုမှာ တရားရုံးမှာ ဒဏ်ငွေ တစ်ထောင်ပဲ ဆောင်ခဲ့ရကတည်းက ဥပဒေမှာပါတဲ့ ဒဏ်ငွေတွေကို ပြန်ပြင်သင့်နေတာ။ ဒီလိုဒဏ်ငွေမျိုးနဲ့ ရိုက်မှတော့ ဘယ်တရားခံကမှ နောင်ကြဉ်မှာ မဟုတ်ဘူး။ ရှေ့နေချုပ်တွေအနေနဲ ဒီလို့ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဒဏ်ငွေတွေကို ပြင်သင့်တာ ကြာနေပါပြီ” ဟု တရားလွတ်တော်ရှေ့နေ ဦးကျော်ဟိုးက The Voice သို့ ပြောကြားသည်။ 

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ခရီးစဉ်ဖြင့် စီးနင်းလိုက်ပါလာသူ အသက် ၃၀ နှစ်အရွယ် ဦးကျော်ဝင်းစိန်က လေယာဉ်ပေါ်တွင် အမှုထမ်း အမျိုးသမီးနှစ်ဦးထံ ဝိုင်အရက်မှာယူရာ အရက်မူးနေသဖြင့် မပေးနိုင်သည်ကို ရန်ပြုကာ စီးနင်းလာသည့် ခရီးသည်များကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့် အဆိုပါ အမျိုးသားကို မူးယစ်ရမ်းကား နှောင့်ယှက်မှုဖြင့် အရေးယူထားကြောင်း ရန်ကုန်လေဆိပ် အထူးတာဝန်တပ်ဖွဲ့ခွဲမှ ရဲအုပ်နေယုက The Voice သို့ ပြောကြားသည်။ “လေယာဉ်မယ်တွေက ဝိုင်နဲ့ဧည့်ခံနေတဲ့ အချိန်မှာ ဝိုင်ထပ်တောင်းတာကို မပေးလို့ ထိုင်ခုံကို လက်သီးနဲ့ ထိုးတယ်။ မပေးဘူးဆိုတာကလည်း သူအရမ်းမူးနေလို့ပါ။ 

သူ့ကို လေယာဉ်လုံခြုံရေးတွေက ထိန်းသိမ်းပြီး လေယာဉ်မြေပြင် ဆင်းခါနီးမှာ ခါးပတ်ပတ်ဖို့ ပြောတာကို မလိုက်နာဘူး။ ဒါကြောင့် ခရီးသွားတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အတွက် အရေးယူရတာပါ” ဟု ရန်ကုန်လေဆိပ် ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးအောင်စိုးထွန်းက ပြောကြားသည်။ 

လှိုင်သာယာမြို့နယ် (၉) ရပ်ကွက် မကွေးလမ်း နေထိုင်သူ ဦးကျော်ဝင်းစိန်သည် စင်ကာပူနိုင်ငံရှိ PSA ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ကာ မြန်မာနိုင်ငံသို့ သူငယ်ချင်းနှစ်ဦးနှင့် အတူ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံ ရဲစခန်းထံမှ သိရှိရသည်။ 

Source by : The Voice Weekly
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။