Home » , » မလေးရှား၏ ပထမဆုံး ဖယောင်းရုပ်ထု ပြတိုက်ဖွင့်လှစ်

မလေးရှား၏ ပထမဆုံး ဖယောင်းရုပ်ထု ပြတိုက်ဖွင့်လှစ်

Written By မောင်စေတနာ on Sunday, August 18, 2013 | 2:43:00 PM

မလေးရှားနိုင်ငံရဲ့ ပထမဆုံး ဖယောင်းရုပ်တု ပြတိုက်ကို ယနေ့ I-city မှာစတင်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိပါတယ်။ 

မလေးရှားရောက် မြန်မာနိုင်ငံသားများမှ စိတ်ပါဝင်စားသူ ၊လည်ပတ်လိုသူ ၊ လေ့လာလိုသူများအဖို့ ထိုင်းနိုင်ငံကဲ့သို့ နိုင်ငံကျော်၊ ကမ္ဘာကျော် အနုပညာရှင် ၊နိုင်ငံခေါင်းဆောင်များ ၊ ကျော်ကြားသူများ အားလုံး ရုပ်တု 100 ကျော်ဖြင့် စတင်ဖွစ်လှစ် လိုက်ကြောင်းသိရပါတယ် ။ 

 I-city မှာ ကလန်းမြို့အဝင် တိုးဂိတ်မရောက်ခင် တွင်တည်ရှိပြီး သွားရောက်လည်ပတ်လိုသူများ အတွက် I-city ဟုပြောပြီး သွားနိုင်မည်ဖြစ်သည် ။ ဖယောင်းပြတိုက် အတွက် မလေးရှား ရင်းဂစ် 25 သန်းကျော် ကုန်ကျခံတည်ဆောက်ထားပြီး သင်နှစ်သက်သော ကမ္ဘာကျော်တို့၏ ရုပ်တုများနှင့်တွဲကာအနီးကပ် ဓာတ်ပုံရိုက်နိုင်သကဲ့သို့ ထိုသူများ၏ သမိုင်းကိုလည်းသိရှိ လေ့လာနိုင်မည်ဖြစ်ကြောင်းသိရသည်။ 

ဝင်ကြေးအနေဖြင့် မလေးရှားနိုင်ငံသားများအတွက် လူကြီး 80 ၊ ခလေး 40 ။ နိုင်ငံခြားသားများအတွက် လူကြီး 100 ၊ ခလေး 50 ဖြင့်၊ စတင်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း မလေးရှားရောက် အလည်ပတ် နှစ်ခြိုက်တဲ့ မြန်မာတို့အတွက် GH , Langkawi တို့ပြီလျှင် I-city နှင့် ဖယောင်းပြတိုက် သို့လည်း သွားနိုင်ပြီးဖြစ်ကြောင်း သတင်းရေးသား တင်ဆက်ပေးရပါသည်။ 

Source by : မလေးရှားရောက်မြန်မာများ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။