Home » , » ဟောင်ကောင်တွင် ကူးတို့သင်္ဘောချင်းတိုက် မှုကြောင့် လူ ၃၉ ဦး သေဆုံး

ဟောင်ကောင်တွင် ကူးတို့သင်္ဘောချင်းတိုက် မှုကြောင့် လူ ၃၉ ဦး သေဆုံး

Written By မောင်စေတနာ on Tuesday, October 16, 2012 | 4:14:00 AM


ဟောင်ကောင်တွင် ကူးတို့သင်္ဘောချင်း တိုက်မှုကြောင့် လူ ၃၉ ဦး သေဆုံးဟောင်ကောင်တွင် ကူးတို့သင်္ဘောချင်း တိုက် မှုကြောင့် သေဆုံးသူ ဦးရေ မှာ ၃၉ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့ သည့် အောက်တိုဘာ ၄ ရက် တနင်္လာညပိုင်းတွင် Sea Smooth ဟု ခေါ်သော ကူးတို့ရေယာဉ်နှင့် Lamma IV ဟု ခေါ်သော ရေယာဉ်တို့ အရှိန်ပြင်းစွာ တိုက်မိရာမှ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ တာဝန်ရှိသူများ၏ ကြေညာချက်၌ “Lamma IV ရေယာဉ်ပေါ်က သင်္ဘောသားသုံးဦးနဲ့ ကူးတို့ရေယာဉ်ပေါ်က ခရီးသည် ၁၂၄ ဦးကြားမှာ သေဆုံးသူ ၃၉ ဦးရှိပြီး ၈၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ရေတပ်ဟာ ဒီကိစ္စကို စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း ပြစ်မှုကြောင်းအရ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု ပြောသည်။ ရေယာဉ် တိုက်မိမှု ဖြစ်စဉ်တွင် Lamma IV သင်္ဘောမှာ နှစ်ခြမ်းကွဲသွားပြီး မိနစ်ပိုင်းအတွင်း နစ်မြုပ်သွားခဲ့သည်။ 

ကူးတို့ရေယာဉ် Sea Smooth မှာ ဘယ်ဘက်ခြမ်း၌ ပျက်စီးမှု များခဲ့သော်လည်း အနီးရှိ လမ်မာကျွန်းသို့ အန္တရာယ်ကင်းစွာ ဆိုက်ကပ်နိုင်ခဲ့သည်။ ရဲတပ်ဖွဲ့သည် ယခု အခါ ရေယာဉ် နှစ်စင်း လုံး၏ ကပ္ပတိန်များ အပါအဝင် သင်္ဘောသား ငါးဦးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်စဉ်မှာ လူ၏ မှားယွင်း မှုကြောင့် ဖြစ်နိုင်ကြောင်း ဆိုထားသည်။ 

Source by :http://yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။