Home » , » ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက် အား ပြည်ပဟက်ကာ တစ်ဖွဲ့က တိုက်ခိုက်

ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက် အား ပြည်ပဟက်ကာ တစ်ဖွဲ့က တိုက်ခိုက်

Written By မောင်စေတနာ on Tuesday, August 7, 2012 | 11:03:00 PM



ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်အား ပြည်ပဟက်ကာ တစ်ဖွဲ့က တိုက်ခိုက်ပြန်ကြားရေး ၀န်ကြီးဌာနမှ လွှင့်တင် ထားသည့် http:// ministryofinformation.gov.mm/ ၀က်ဘ်ဆိုက်အား ပြင်ပ ဟက်ကာ အဖွဲ့အစည်း တစ်ခု၏ တိုက်ခိုက် ခံရမှုကြာင့် ယနေ့နံနက်၇နာရီ ၀န်းကျင်မှ စတင်၍ ၀င်ရောက်ကြည့်ရှု မရတော့ကြောင်း သတင်းရရှိသည်။

ယင်းနှင့် ပတ်သတ်၍ ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက "ဟုတ်ပါတယ်။ ဒီနေ့ မနက်ကတည်းက server down သွားတာ လောလောဆယ် server ထိုင်ထားတဲ့ teleport ကစစ်နေတုန်းပဲ။ ဘာမှ report မရသေးပါဘူး "ဟုဆိုသည်။

အဆိုပါဝက်ဘ်ဆိုက်မှာ ပြည်တွင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် MTG ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပေး ထားခြင်းဖြစ်ပြီး၊ လက်ရှိအချိန်တွင် ဆိုက်အတွင်းသို့ ပုံမှန်ပြန်လည် ၀င်ရောက်နိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခု အခြေအနေသည် တိုက်ခိုက်ခံထားရသည်ဟု ဆိုနိုင်သော်လည်း မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံမှ တိုက်ခိုက်လျက်ရှိသည်ကို မသိရှိရသေးကြောင်း ၄င်းကပြောသည်။

အလားတူ ယနေ့ မွန်းလွဲပိုင်းကမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ သည်လည်း တိုက်ခိုက်မှု တစ်ခုကြုံတွေ့ခဲ့ရပြီး၊ ၄င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဓာတ်ပုံအပြောင်းအလဲ ပြုလုပ်ခြင်း၊ စာသားများ ရေးသား ထည့်သွင်းခြင်းများ ပြုလုပ်သွားခဲ့သည်။

ယနေ့ နံနက်(သြဂုတ် ၇ ရက်)က ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ကြေညာခဲ့သည့် ဟက်ကာ စာမျက်နှာ တစ်ခုတွင် မြန်မာနိုင်ငံတွင်းမှ ၄င်းတို့ တိုက်ခိုက်မည့်ဝက်ဘ်ဆိုက်များ၏ စာရင်းကို ထုတ်ပြန် ကြေညာခဲ့ပြီး၊ ယင်းကြေညာချက်တွင် ဌာနဆိုင်ရာ ၀က်ဘ်ဆိုက်များ အပါအ၀င် .mm ဖြင့် ဒိုမိန်းရယူထားသည့် ၀က်ဘ်ဆိုက်များ ပါဝင်လျက်ရှိသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။