Home » » Batu Caves သို့ အလည် တစ်ခါက်

Batu Caves သို့ အလည် တစ်ခါက်

Written By မောင်စေတနာ on Tuesday, August 17, 2010 | 3:49:00 PM



ဒီနေ့ ကျွန်တော် Batu Caves ကိုအလည်သွားဖို့ အတွက်
ကျွန်တော့် သူငယ်ချင်း craton ကို ဖုန်းဆက်လိုက်တယ်။

Hello !
craton မင်းဘယ်ရောက်နေပြီလဲ။
ငါ အလုပ်ပြီးနေပြီကွ ..
ငါ အခု kl တက်လာခဲ့မယ် သိလား။
မင်း KL စောင့်နေနော်။
အခု မင်းဘာလုပ်နေတာလဲ ....

ငါ .....
အိပ်နေတာကွ ...
အာာ...
ထတော့လေကွ
နောက်ကျနေမယ်လေ ..

အင်းပါကွ ...
ငါ ထနေပြီ သူငယ်ချင်း
မင်း Kl ရောက်ရင် ငါ့ကို ဖုန်းဆက်နော်...



Ok !
ငါလည်းရေချိုးတော့မယ်။
ပြီးရင် Kl ကိုတက်လာခဲ့မယ်။

ဖုန်းဆက်ပြီးတာနဲ့ ရေချိုး ၊ အဝတ်လဲပြီး Kl ကို လစ်ရတာပဲ ..
Bus stop မှာ ကားစောင့်နေရင် ကြာနေမှာ မို့ Taxi ကို ဌားပြီး
သွားလိုက်တယ်။

Kl ရောက်တော့ သူငယ်ချင်းကို ဖုန်းဆက်ကြည့်တော့
ဇေယျာဆိုင်မှာ စာအုပ်ဝယ်နေတာတဲ့ ကျွန်တော့် သူငယ်ချင်းက
စာရေးဆရာ ဆိုတော့ စာအုပ်သာ တွေ့နေရင် ဖတ်နေတော့တာပဲဗျာ....
ဒါကြောင့် အမြန်ဆုံး သွားခေါ်ရတာပဲ ( နောက်ကြနေမှာစိုးလို့)

ဒါနဲ့ သူငယ်ချင်းက
နေဇော်
ငါ ဗိုက်ဆာ နေတယ်ကွ .....
တစ်ခုခု စားရအောင်
အင်း ...
ဒါဆို စားမယ်လေကွ။
ဒါနဲ့ ရွှေကမ္ဘာဆိုင် မှာ တစ်ခုခု တက်စားလိုက်တယ်။

စားပြီးတာနဲ့ Batu Caves ကိုသွားမဲ့ ကားကို စီးလိုက်တယ်။
ကားပေါ်မှာ သူငယ်ချင်းနဲ့ ရောက်တတ်ရာရာ စကားတွေ ပြော
ဖြစ်တယ်။ ကားက အရမ်းကြာတယ်ဗျ Kl ကနေ Batu Caves
ကို ၁ နာရီလောက်တော့ ကားစီးလိုက်ရတယ်။

ပြောရင်းဆိုရင်းနဲ့ Batu Caves ကိုရောက်ပါပြီဗျာ...
ကားပေါ်က ဆင်းလိုက်ပြီး တောင်ပေါ်က ဟိန္ဒူ ဘုရား ရှိရာသို့
သွားလိုက်တယ်။ ကျွန်တော်တို့ သွားခဲ့တဲ့ နေရာလေး ကို
ဘော်ဒါတို့ ကြည့်ကြည့်နော်။ အရမ်းပျော်ဖို့ကောင်းတဲ့နေရာ
လေးတစ်ခုပါ။ မရောက်ဖူးတဲ့ ဘော်ဒါတွေအတွက် နဲ့
မသိသေးသော မိတ်ဆွေများ အားလုံးကို မျှဝေ ပါတယ်ဗျာ .....



ကား လမ်းလေးကနေ တောင်ပေါ် သို့ မြင်ကွင်းလေး



လမ်း နဘေးနားမှာ ထန်းပင်လေးတွေနဲ့ ........



ဒီနေရာမှာ ခဏလေးတော့ ထိုင်ဖြစ်တယ်။


ဒီတံတား အောက်ကနေ ဟိုဖက်လမ်းကို ကူးလိုက်တယ်။


ဟော ... မြင်နေရပြီနော်....


အထဲကို ဝင်လာ လိုက်လာတယ်။



ဒီနေရာလေး မှာ ဓာတ်ပုံ ရိုက်ဖြစ်တယ်။


တောင် နံရံတွေက



နဘေးကနေ ရိုက်ထားတာ ....



ဒါက တောင်ပေါ်တက်မယ့်လှေကား နေရာပေါ့ ...



ကျောက်တုံး အောက်က ဟိန္ဒူဘုရား ......


အောက်ကနေ ဓာတ်ပုံ ရိုက်လိုက်တယ်။



ဟော.. .. တောင်ပေါ်တက်ပြီနော်... မတက်ရသေးဘူး မောနေပြီဗျာ...



ဒါက လမ်းတစ်ဝက် အပန်းဖြေတဲ့ နေရာပေါ့ ....



ဒီနေရာမှာ မျောက်တွေ အများကြီးရှိတယ်။



အပေါ်လမ်းတစ်ဝက် ကနေရိုက်ထားတာ ...



တောင် ... ရဲ့ အောက်ခြေနေရာပေါ့ ....



အပေါ်ကို ရောက်တော့မယ်နော် ... ဟူး ... မောနေပြီဗျာ ....



သူငယ်ချင်းက မောလို့တဲ့ ( ဟီး ဟီး) .........



အပေါ်ကို စရောက်နေပြီ ... နော် ....



အမှတ်တရ လက်ဆောင် တစ်ခုခု ဝယ်ခဲ့တယ်။



ဒါတွေက ဟိန္ဒူဘုရား ပုံစံလေးတွေ ရောင်းနေတယ်။



ဂူထဲက တစ်နေရာ .........



ဒါက အပေါ်က ဂူပေါက်လေ ... အပေါ်ကအလင်းရောင်တွေ ဝင်နေတယ်။



ဂူထဲရှိ ဟိန္ဒူဘုရားကျောင်း .........



ဂူထဲမှာ ကြည့်လိုက်ဦးနော်...



ဂူထဲမှာ ကြက်တွေလည်း ရှိတယ်ဗျ....



ဂူထဲမှာ လှေကားလေး တွေနဲ့ တက်ရသေးတယ်နော်...



ဂူနံရံ နဲ့ကပ်လျှက်ရှိသော ဟိန္ဒဘုရား ...



ဂူထဲက ပြန်ထွက်လာပြီနော် ... တောင်အောက်ကို ကြည့်လိုက် ...



ညနေခင်းလေး အရမ်းလှတယ်နော် .....



လှေကားတက်လေး အရေအတွက် ကို မှတ်တမ်း တင်ခဲ့တယ်။



တောင်အောက်က တစ်နေရာ .........



ကျွန်တော့် သူငယ်ချင်းက ဓာတ်ပုံ ရိုက်ချင်လို့တဲ့ ...



တောင်အောက်က ဘုရားကျောင်း ....



ဒါတွေက သားလည်း မသိဘူးဗျ .. ဟီး ဟီး ........






ဒါက သားပုံနော် .. မရီရဘူးနော် ဟီး .. ဟီး ... အရမ်းချောလို့ ... ဟဟ

ဒီပုံတွေကိုက google က သားရှာပြီး တင်ပေးလိုက်တယ်နော် ...



ဟိန္ဒူဘုရား ရုပ်တုကြီး ...



ဒါက တောင်ပေါ် ဂူထဲတစ်နေရာ



ဟိန္ဒူဘုရားလှည့်ပွဲ ....



တောင်အောက်က ရုပ်ထု နော် ...



ပြေးတက်ကြမယ် တောင်ပေါ်ကိုလေ ....

\

တောင်ပေါ်က မြင်ကွင်း ....



တောင်အောက် ကနေ တောင်ပေါ်သို့ ....



တောင်အောက်က ဟိန္ဒူဘုရား ရုပ်ထုကြီးနော် ...



တောင်ပေါ် ဂူထဲမှလှေကားလေး ...



မနာဘူးလား မတိဘူးနော် ဂျာ.......



ဟိန္ဒူမမ ဘုရား ....



ညဆို မီးရောင်စုံတွေနဲ့ နော် ......



များလိုက်တဲ့ လူတွေနော် ......



ပွဲတော် ရက် ဆိုရင် ဒီမှာ ကြည့်နော် ဘယ်လောက်များလဲလို့ပါ။


ကျွန်တော် အိမ်ကထွက်လာတာက ၄း၀၀ နာ၇ီ အခု ည ၈း၀၀ တောင် ထိုးနေပြီ။
ဒါကြောင့် Taxi ဌားပြီး Kl ကိုပြန်လိုက်တယ်။ kl ကိုရောက်တော့ သူငယ်ချင်းက
သူ့အိမ်သူပြန် ကျွန်တော်လည်း အိမ်ပြန်ဖို့ ကားစောင့်ရတော့တယ်။

ဒါနဲ့ ကျွန်တော် အိမ်ကိုရောက်တော့ ည ၁၁း၀၀ နာ၇ီတောင်ထိုးနေပြီ။ ဒါနဲ့ ရေချိုး
ထမင်းစားပြီး စောစောလေး အိပ်ရမယ်။ မနက်ဆိုရင် အလုပ်က ၆း ၀၀နာရီခွဲ
သွားရမှာလေ။ဒီနေ့ခြေထောက်တွေလည်းညောင်းနေပြီ ဘော်ဒါတွေလည်း
ရှင်းပြနေရတာ အာ တောင်ခြောက်နေပြီနော် ... ရေသောက်လိုက်ဦးမယ် ဟဟ
ဒါနဲ့ ဘော်ဘော်တွေ သွားချင်ဆိုရင် လိပ်စာလေး ပေးလိုက်မယ်။

Taman Batu Caves, 68100 Batu Caves, Selangor, Malaysia




ဒါပဲ့နော် ... သား .... အိပ်ပြီနော်... ဘိုင် .........


ချစ်ချင်းအားဖြင့်

Share this article :

4 comments:

ကိုဇော် said...

ပြီးခဲ့တဲ့ လက အကိုတောင်မှ ရောက်ခဲ့သေးတယ်။

ဓါတ်ပုံတွေကတော့ လက်ရာမြောက်တွေချည်းပါပဲလား။

naylinnhtun said...

ကျွန်တော်လည်းရောက်ခဲ့တယ် batu caves တော့မဟုတ်ပါဘူး ကိုနေဇော်ရဲ့ batu caves ပို့ စ်ဆီကိုပါ ဘာပဲဖြစ်ဖြစ်မလေးကိုအလွမ်းပြေအမှတ်တရရှိမိပါရဲ့ဗျာ ဓါတ်ပုံတွေဝေဝေဆာဆာနဲ့ ဆိုတော့ တကယ်ရောက်သွားသလို စုံစုံလင်လင်မြင်ဖူးသွားတာပေါ့ကျွန်တော်သိသလောက် ဟိန္ဒူနတ်ဘုရားရာဇဝင်အကျဉ်းလေးပြောပြပါ့မယ် အဲ့ဒီ ကျောက်လှိုင်ဂူတွေမှာနေတဲ့ နတ်ဘုရားက မဟာပိန္နနဲ့  ညီအစ်ကိုဗျ ဒါပေမယ့် သူတို့ နှစ်ယောက်က မတည့်ကျဘူးဗျ ကျွန်တော်လည်း ဒီလောက်ပဲသိတယ် ဟိန္နဘာသာဝင်သူငယ်ချင်းတယောက်ဆီကသိရတာပါ ဒီထက်ပိုပြီး သိတဲ့လူများရှိရင် ပြောပြပေးကြစေချင်ပါတယ်ဗဟုသုအဖြစ်ရောစိတ်ဝင်စားဖွယ်တခုအဖြစ်နဲ့ ပါ သိချင်လို့ ပါ၊

ခိုင်နုငယ် said...

မနေ့က အဲဒီနားကဖြတ်သွားရတယ်။
ဖြတ်သွားဖြတ်လာရောက်ဖူးတာပါ။
Marketing က အဲဒီ ဂူအကြောင်းပြောပြနေလို့
စိတ်ဝင်တစားလှမ်းကြည့်ဖြစ်သေးတယ်။
ခုတော့ရောက်ဖူးသွားပြီ။:) :)
ဓါတ်ပုံတွေကြည့်လိုက်လို့
ကျေးဇူး

ခင်မင်စွာဖြင့်
ခိုင်နုငယ်

မိုးယံ said...

ကိုယ်ကတော့ မရောက်ဖြစ်သေးဘူး
သွားဖို့အစဉ်အစဉ်တော့ရှိတယ်

ညီလေးလိုက်ပို့ပေးရမယ်နော်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။