Home » , » အင်တာနက်လိုင်း နှေးကွေး ချိန်တွင် အသုံးပြုနိုင်မည့် VOIP စနစ် ပြည်တွင်း၌ စတင်

အင်တာနက်လိုင်း နှေးကွေး ချိန်တွင် အသုံးပြုနိုင်မည့် VOIP စနစ် ပြည်တွင်း၌ စတင်

Written By မောင်စေတနာ on Tuesday, August 7, 2012 | 11:25:00 PM



အင်တာနက်လိုင်းနှေးကွေးချိန်တွင် အသုံးပြုနိုင်မည့် VOIP စနစ် ပြည်တွင်း၌ စတင် အင်တာနက် လိုင်းများ နှေး ကွေးချိန်တွင် အသုံးပြု ခေါ်ဆိုနိုင်မည့် Rynga VOIP စနစ်ကို ပြည် တွင်း၌ စတင်ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။ ၄င်း Rynga VOIP စနစ်သည် ပြည်ပရှိဖုန်းများကို တိုက်ရိုက်ခေါ် ဆိုနိုင်မည့်စနစ်တခုဖြစ်ပြီး ff windows OS,Mac, iOS တို့တွင် အသုံးပြုနိုင်ကာ မိုဘိုင်းဖုန်းများ အတွက် iOS အသုံးပြုပစ္စည်းများ၊ Nokia ကုမ္ပဏီထုတ်Symbian ဖုန်းများ၊ Android အခြေပြုဖုန်း များ အားလုံးတွင် ထည့်သွင်းကာ တိုက်ရိုက်ခေါ်ဆိုနိုင်ကြောင်း www .voipservices.ning.com တွင် ဖော်ပြထားသည်။

Rynga VOIP ကို စတင်အသုံးပြုလိုပါက ၁၀ ယူရိုထည့် သွင်းနိုင်ပြီး မြန်မာငွေဖြင့် ထည့် သွင်းပါကလည်း အကောင့်တစ်ခုရ ရှိမည်ဖြစ်ကြောင်း၊Rynga VOIP စနစ်တွင် စင်ကာပူ၊ မလေးရှား၊ တရုတ်၊ ဂျပန်နိုင်ငံများသို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ခွင့်များလည်း ပါဝင် ကြောင်း၊ ထို့အပြင် ဖုန်းခေါ်ဆိုခ နှုန်းထားများအနေဖြင့်လည်း ပြည်တွင်း၌ အသုံးပြုလျက်ရှိသည့် VOIP ဖုန်းများထက် သက်သာ ကြောင်း၊ မည့်သည့်နိုင်ငံကိုမဆို SMS တစ်စောင်ကို မြန်မာငွေ ( ၅၀) ကျပ်ဖြင့် ပေးပို့နိုင်မည်ဖြစ် ကြောင်းသိရသည်။ အသေးစိတ် အချက်အလက် များကို www.voipservices. ning. com တွင်ကြည့်ရှုနိုင်သည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။