Home » , , » နေလောင်ဒဏ်ခံ လိမ်းဆေး မလိမ်း ကြသော အမျိုးသားများ

နေလောင်ဒဏ်ခံ လိမ်းဆေး မလိမ်း ကြသော အမျိုးသားများ

Written By မောင်စေတနာ on Tuesday, August 7, 2012 | 2:41:00 PM



နေလောင်ဒဏ်ခံလိမ်းဆေး မလိမ်းကြသောအမျိုးသားများ အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် အမျိုးသား များဟာ နေပူထဲ ထွက်တဲ့အခါ နေလောင် ဒဏ်ခံ လိမ်းဆေးမလိမ်းဘဲ ထွက်လေ့ရှိတတ်ကြပါတယ်။ ဗြိတိန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူများကို မဲပေးခိုင်းခဲ့ရာ အမျိုးသားများရဲ့ ၁၅ ရာခိုင်နှုန်း၊ အမျိုးသမီးများရဲ့ ၇ ရာခိုင်နှုန်းဟာ အပြင်ထွက်တဲ့အခါ နေလောင်ဒဏ်ခံလိမ်းဆေးလိမ်းဖို့ မလိုအပ်ဘူးလို့ ဖြေဆိုကြပါတယ်။

အပြင်ထွက်တဲ့အခါ နေလောင်ဒဏ်ခံလိမ်းဆေး လိမ်းခြင်း၊ ထီးဆောင်းခြင်းစသည့် နေရောင်ခြည်ဒဏ်ကို ကာကွယ်သည့် နည်းလမ်းများကို အသက်ငယ်ရွယ်သော အမျိုးသားများဟာ ပြုလုပ်လေ့မရှိဘဲအမျိုးသမီး အများစုနှင့် သက်ကြီး အမျိုးသားတွေသာ သတိထားပြီး နေရောင်ခြည်ဒဏ်ကို ကာကွယ်လေ့ ရှိတယ်လို့ ဗြိတိန်နိုင်ငံတွင် လေ့လာခဲ့သော သုတေသနတစ်ခုအရ သိရရပါတယ်။ ယခုဆိုလျှင် Solaveil

အမည်ရှိ ကုမ္ပဏီတစ်ခုက အရွယ်ရောက်ပြီး အမျိုးသားငယ်များ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး နေလောင်ဒဏ်ခံလိမ်းဆေး ထပ်မံလိမ်းရန်နှင့် အရိပ်တွင်အနားယူရန် အချိန်ကျသည့်အခါ သတိပေးသော Smart Phones Apps တစ်ခုကို တီထွင်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ် နွေရာသီမှာအသုံးဝင်သော App တစ်ခုဖြစ်ရန်မျှော်လင့်ထားကြောင်း သိရှိရပါတယ်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။