Home » , , » ကျား မာယာများနဲ့ နံမည်ကြီး လူလိမ် ဖမ်းမိ

ကျား မာယာများနဲ့ နံမည်ကြီး လူလိမ် ဖမ်းမိ

Written By မောင်စေတနာ on Tuesday, August 21, 2012 | 9:56:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnEbGXsKWHc0mSyJXD03NggI8OfYE-3kbgG3nzZ4TroY2O8p2lChIb3Genoqy7OKimb-8BmEwKLS55s5MSbuU92HZsgGaw3z0lmQclaosyytRRAgY0W_tLD2W0eYCKRwdhwV1ajNvzdbXz/s400/ohm4.jpg

အမျိုးသမီးပေါင်း ၁၀၀ ကျော်ထဲက တချို့ ၃ နှစ်ကျော်လောက် ကာမလည်းယူ၊ အဖိုးတန်တွေလည်း လိမ်လည်ယူခဲ့တဲ့ အသက် ၃၃ အရွယ် အိမ်ထောင်ရှင် အမျိုးသား တယောက်ဖြစ်တဲ့ Ohm ဆိုသူကို ဘန်ကောက်ရဲက ဖမ်းလိုက်ပါတယ်။

ဘန်ကောက် မြို့တော် ရဲချုပ်ဖြစ်တဲ့ Kamronwit Thoopkrachang နဲ့ သူ့လက်ထောက် Pisit Pisutsak တို့က ယမန်နေ့ တနင်္လာနေ့က ထိုင်းနိုင်ငံတ၀ှမ်း ဖမ်းဝရမ်း ၅ ခုနဲ့ အလိုရှိနေသူ Ohm ကို ဖမ်းဆီးလိုက်တာ လို့ ကြေညာလိုက်တာပါ။



ရဲမှူးချုပ် Pisit က ပြောရာမှာတော့ ရဲတပ်ဖွဲ့က အမျိုးသမီးတွေရဲ့ တိုင်ကြားစာတော်တော်များများကို လက်ခံရခဲ့တာကြောင့် လွန်ခဲ့တဲ့ ၃ လထက် မနည်းကစပြီး သူ့ကို ခြေရာခံခဲ့တာလည်းဖြစ်ပါတယ်လို့ သြဂုတ် ၂၀ ရက်နေ့စွဲနဲ့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။

သူဟာ ဥာဏ် ပြေးပြီး အကင်းပါးသူလည်းဖြစ်ပါတယ်တဲ့။ သူ့ကိုတော့ နောက်ဆုံး Lad Phrao ဆိုတဲ့ ဒေသက တိုက်ခန်း တခု မှာ လွန်ခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ဖမ်းဆီးရမိလိုက်တာလည်းဖြစ်ပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx-2050NqrapZDQEK3Ju5LqpXu6LuCatL6oQbS8bSGuJkKhkX5k48OrX_iBsDLcb2U8JJmIaGwjAQbSL-nAAn7Vx1HDNuRu2DHilRxD-oJh5n2jj5egCz5X8I6WQCL4j8ttvTkohjM7yaY/s400/ohm3.jpg

စွပ်စွဲချက်တွေအဆိုအရတော့ Ohm ဟာ သူ့ရဲ့သားကောင်တွေကို အင်တာနက် လူမှုစာမျက်နှာတွေက တဆင့် တွေ့ဆုံခဲ့ ကြတာလို့ဆိုပါတယ်။ အင်တာနက်စာမျက်နှာမှာ ရင်းနှီးမှုတွေက တဆင့် သူဟာ နောက်ဆုံး လူချင်း တွေ့ဖို့ ဆွဲဆောင် ခဲ့ တာလည်းဖြစ်ပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4KcWvAQ8lxFKH6z-AkGbldLbeVgO-isFERgPYkSmpMfdtfPsjaGU9uRm_GArkHlzM-hHa95pFDVWtyvonOv29eUUblpgqPwngBaSAtnVFArfKn-AxqIqs0bVOKYaGH-Ko9Lzs1SV_FAkH/s400/ohm1.jpg

တိုင်ကြားသူတွေက ရဲကိုပြောတာကတော့ ဒီလူဟာ သူတို့ရဲ့ ပိုက်ဆံ၊ ATM ကတ်တွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူဖို့ အခွင့် အရေရှာလေ့ရှိပါတယ်တဲ့။ တချို့အမျိုးသမီးတွေ ပြောတာကတော့ သူက မုဒိန်းလည်း ပြုကျင့်ခဲ့ တယ်ဆိုတာနဲ့ ကာမ နဲ့ပတ်သက်လို့လည်း စော်ကားမှုတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

“ကျနော် အမျိုးသမီး ၁၅ ယောက်လောက်နဲ့ အိပ်ခဲ့တာကိုတော့ ၀န်ခံပါတယ်။ ဒါပေမယ့် မုဒိန်းဘယ်တော့မှ မကျင့်ခဲ့ပါဘူး။ ကျနော့်နည်းအတိုင်း လူတွေဆီက တခုခု လိမ်ယူဖို့ ပြန်ခဲ့တာချည်းပဲ။ ဘယ်သူ့ကိုမှ ဒီလို တပုံစံတည်းမလုပ်ခဲ့ဘူး” လို့ Ohm က ဆိုပါတယ်။

တရားခံ ကတော့ သူ့ဘာတွေ လုပ်ခဲ့ပြီး ဘာကြောင့်လုပ်ခဲ့တာတွေကိုလည်း ပြောဆိုထားပါတယ်။

“ကျနော့်မှာ မိန်းမနဲ့ ကလေး တယောက်ရှိတယ်။ သူတို အသုံးစရိတ်က တလ ဘတ် တသောင်းခွဲ ကုန်တယ်။ ကျနော်က ကုမ္ပဏီ တခုက ၀န်ထမ်းတယောက်ပါပဲ။ အရင်ကတော့ စားသောက်ဆိုင်မှာ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၃ နှစ်လောက် ရှိပြီ အလုပ်မလုပ်ဖြစ်တာ” လို့ Ohm က ဆိုပါတယ်။

အမည်မဖော်လိုတဲ့ တရားလို အမျိုးသမီး တဦးပြောတာကတော့ သူနဲ့ တရားခံတို့ဟာ အင်တာနက် လူမှုရေး ကွန်ရက်က တဆင့် ခင်မင်ရင်းနှီးသွားခဲ့ကြတာပါတဲ့။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl30XG6oMRHobXMi0wVa67vNp3fXJYS15nctPm4cs6yKIpk4z2AX2gypJp0Y7GtCDPsLMsHZsUkIIQZ2xRDhpZKJ7kiHnwmrUybcEdI5kUjTsnuTSuGrgR_UWTD3RwBXPmT0TdSeBHjtS-/s400/thai.jpg

“ကျမ သူ့ ဖေ့စ်ဘုတ်မက်ဆေ့ခ်ျမှာ တင်ထားတာတွေ့တော့ စိတ်ထဲ တော်တော်သနားသွားတယ်။ သူ့က အသည်းကွဲနေလို့ ကိုယ့်ကိုယ်သတ်သေတော့မလို့တဲ့လေ။ သူ့မှာလည်း မွေးရာပါ ရောဂါလည်းရှိတယ်တဲ့။ ဒါနဲ့ ကျမလည်း သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားခဲ့ပါတယ်။ အင်တာနက်ကနေ စကားပြောခဲ့တယ်။

နောက် တပတ်လောက်ကြာအောင်သူနဲ့ တယ်လီဖုန်းလည်း ပြောခဲ့တယ်” လို့ အဆိုပါ အမျိုးသမီးက ဆိုပါတယ်။
နောက်ထပ် Ohm ရဲ့ လိမ်ဇာတ်တွေကလည်း တမျိုးပြီး တမျိုး မရိုးပါဘူး။ နောက်တယောက်ကိုတော့ သူက ထင်ရှားတဲ့ နိုင်ငံရေး သမားတယောက်ရဲ့ သားဖြစ်ကြောင်း၊ သူ့မိဘတွေကို သူတွေ့လိုတာကြောင့် သူ့ကို အကူအညီပေးဖို့ စသဖြင့် ဂွင် ဆင်ပြောဆိုခဲ့တာလည်း ရှိပါသေးတယ်။

အဲဒီမှာ အကူအညီပေးမိသူက လိုက်ပို့ပေးတော့ သူ့မိဘတွေနဲ့ တွေ့တဲ့အခါ မျက်နှာကြည့်ကောင်းအောင်လို့ မျက်နှာချေ သုံးချင်တယ်လို့ ပြောပါရောတဲ့။ ဒါနဲ့ သွားဝယ်ပေးလိုက်တဲ့အခါမှာ သူက စလွန်းကားထဲက ကူညီသူရဲ့ ဘတ် တထောင် ပါတဲ့ ပိုက်ဆံအိတ်၊ ATM ကတ်နဲ့ ကွန်ပျူတာ နုတ်ဘွတ်တွေကို ယူသွားတာလို့ ခံလိုက်ရသူ တယောက်က ဆိုပါတယ်။

အဲဒီနေ့ကတည်းက အမျိုးမျိုးတောင်းပန်ခဲ့ပေမယ့် ဘာအဆက်အသွယ်မှ မလုပ်ခဲ့တော့ပါဘူးလို့ သူက ဆက်ပြောပါတယ်။ “ဒီနေ့ သူအဖမ်းခံလိုက်ရတာကို မြင်လိုက်တယ်။ ဒါပေမယ့် စကားများများ မပြောချင်ဘူး။ ကျမ သူ့ကို ပါးပဲ ရိုက်ချင်တယ်” လို့ သူက ဆိုပါတယ်။

ဒီလိုနဲ့ အွမ်းဟာ အလုပ်အကိုင်မရှိပဲ တခြားလူတွေဆီက ဖျံကျ၊ အဖိုးတန်ပစ္စည်းတွေ ခိုးဝှက် လိမ်လည် စားသောက်နေ ထိုင် လာတာ ၃ နှစ်လောက်ရှိပြီလို့ ရဲက ဆိုပါတယ်။ သူကလည်း ရဲနဲ့ သူ လိမ်ခဲ့သူတွေရဲ့ ခြေရာခံမှုက လွတ်ဖို့အတွက်ကလည်း တပတ်ကို တခါလောက် နေ တဲ့နေရာ ကို ပြောင်းရွှေ့လေ့ရှိခဲ့တာပါဘဲတဲ့။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtwzdTACJhSqniW7zjtbj3NmCw2eyfHQhWxZh61jluEgjFZbzaAtajf8pUJFG36Bt7myiOT1RYsitEl-zy8ZubpV2MxvY-YJUpQyIjtckPwFjHXGGJWsEJHhyphenhyphenXqMDPWGkYzMBkNY6THtE5/s400/ohm2.jpg

အခု ရဲက သူ့ကို ဖမ်းလိုက်တဲ့အချိန်မှာ ပိုက်ဆံအိပ်၊ လက်ကိုင်အိပ်၊ မှတ်ပုံတင်ကတ်၊ အကြွေးဝယ်ကတ်၊ ATM ကတ်၊ မို ဘိုင်းဖုန်း၊ လက်ပ်တော့ပ် ကွန်ပျူတာစသဖြင့် သူ့သားကောင်းတွေဆီက လိမ်လည်ခိုးယူထားတဲ့ ပစ္စည်း အမျိုးပေါင်း ၁၃၆ မျိုးကို သူ့အခန်းမှာ တွေ့ရှိခဲ့တယ်လို့ ရဲက ဆိုပါတယ်။

ဓာတ်ပုံများ- ဘန်ကောက်ပို့စ်
Source by :blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။