Home » , » Facebook ရောက် ဦးသန်းရွှေ

Facebook ရောက် ဦးသန်းရွှေ

Written By မောင်စေတနာ on Sunday, July 1, 2012 | 10:10:00 PM

မီဒီယာမှာ ပျောက်ချက်သားကောင်းနေတဲ့ ဦးသန်းရွှေနဲ့ ပတ်သက်တဲ့ ရေးသားချက်တချို့ကို ဒီကနေ့ Facebook မှာ တွေ့ရပါတယ်။Facebook ဆိုတာက သိတဲ့အတိုင်း မဟုတ်တာရော၊ ဟုတ်တာရော၊ ကြော်ငြာတွေတွေရော တွေ့ရတဲ့ နေရာပါ။

ဒီနေ့တော့ ဦးသန်းရွှေရဲ့ "နာရေးသတင်း ကို မကြာမှီ ကြားရပါလိမ့်မည်" လို့ တယောက်က ခပ်တိုတို ခပ်တည်တည် ရေးထားတာကို ဖတ်ရပြီးတဲ့နောက်မှာ ဒီရေးသားချက် မှန်မမှန် စောင့်ကြည့်သူ အများအပြား Facebook ကို မျက်လုံးထောက်ဒေါက်ကြည့်နေကြပါတယ်။

အခုလေးတင် တက်လာတဲ့ သတင်းတပုဒ်ကတော့ ဒီလိုပါ -
"ဦးသန်းရွှေ ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားသည် ဟူသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် တစ်ဦးက The Voice Weekly သို့ ယနေ့မွန်းလွဲ သုံးနာရီခန့်တွင် အတည်ပြု ပြောကြားသည်" တဲ့။ The Voice Weekly Facebook မှာ တွေ့ရတာပါ။

ပြီးခဲ့တဲ့နှစ်မှာ တာဝန်တွေကနေ အနားယူသွားတဲ့ အာဏာရှင်ကြီး ဦးသန်းရွှေဟာ နေပြည်တော်ကအိမ်မှာ နေထိုင်တယ်လို့ သိရပါတယ်။

ဦးသန်းရွှေဟာ အငြိမ်းစားဘ၀ကို စာဖတ်ရင်း ကျော်ဖြတ်နေတယ်လို့ ဆိုပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။