Home » , » ရန်ကုန်က အဆောက်အအုံတလုံး ပြိုကျပျက်စီး

ရန်ကုန်က အဆောက်အအုံတလုံး ပြိုကျပျက်စီး

Written By မောင်စေတနာ on Sunday, July 1, 2012 | 10:07:00 PM


ဇွန်လ ၂၈ရက်နေ့ နံနက်၂နာရီခန့်က သမိုင်းလမ်းဆုံ(၃)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းရှိ နှစ်ထပ်အိမ်လေးခန်းတွဲ အဆောက်အအုံ တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ပြိုကျရသည့် အကြောင်းရင်းမှာ မိုးများ အဆက်မပြတ် ရွာသွန်းခြင်းကြောင့် ၄င်းအိမ်အနောက်ဘက်ရှိ ရေမြောင်းမှ ရေများတိုးကာ တိုက်နံရံကို တိုက်စားခြင်းကြောင့် ပြိုကျခြင်းဖြစ်သည်။

ပြိုကျသည့်အချိန်တွင် အိမ်ထောင်စု လေးစုနေထိုင်လျှက် ရှိပြီး တစ်စုံတစ်ရာ ထိခိုက်မှု မရှိပေ။ အဆောက်အအုံ ပြိုကျသည့် အချိန်မှာပင် ယင်းတွင် နေထိုင်သည့် အိမ်ထောင်စု လေးစုလုံး ညတွင်းချင်း ပြောင်းရွှေ့သွားကြသည်။

ယင်းပြိုကျသည့်အဆောက်အအုံနှင့် မှီပြီး ကပ်လျက် တည်ဆောက်ထားသော နှစ်ထပ်တိုက် လေးခန်းတွဲရှိ မိသားစုများကလည်း ချက်ခြင်း ပြောင်းရွှေ့ရန်အတွက် ပြင်ဆင်နေကြသည်။

၎င်းအဆောက်အအုံသည် ၁၉၈၈ ခုနှစ် စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်တွင် နေထိုင်သူများက အဆောက်အအုံ၏ ခိုင်ခန့်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ရကြောင်း လွန်ခဲ့သည့် လေးလကပင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနသို့ စာရေးသားပေးပို့ခဲ့သည်ဟု သိရသည်။

မြို့တော်စည်ပင်က တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိဘဲ အိမ်ပြိုပြီးသည့် နောက်တစ်ရက်မှသာ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ဆိုင်းဘုတ်လာတင်သွားသည်ဟု ထိုတိုက်တွင် နေထိုင်သူ တစ်ဦးက ဧရာဝတီကို ပြောသည်။


‘‘စည်ပင်ကို အစောကြီးကတည်းက ကျွန်တော်တို့က စာတင်ထားတာ။ ဒီအဆောက်အဦးက ဆွေးနေတာကြာပြီ။ နှစ်၂၅လောက်တောင် ရှိနေပြီလေ..ဒါပေမဲ့ သူတို့ဘက်က ဘာတစ်ခုမှ အကြောင်းပြန်မလာပါဘူး။ ခုလို အိမ်ပြိုပြီးမှဘဲ အဲဒီအိမ်ကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ဆိုင်းဘုတ်လာတင်သွားတာပါ” ဟု ၄င်းက ပြောသည်။

ပြိုကျသည့် အဆောက်အဦးပုံစံမှာ တည်ဆောက်မှု မမှန်ခြင်း၊ စွန့်ပစ်ရေမြောင်းဘက်ကို ကပ်ပြီး တည်ဆောက်ထားခြင်းတို့ကြောင့် ရေမြောင်းတိမ်ကောပြီး နံရံကို တိုက်စားလာခဲ့ရာမှ ပြိုကျခြင်း ဖြစ်ကြောင်း ၄င်းတိုက်တွင် နေထိုင်သူများက ယူဆကြသည်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။