Home » , , » RAM အကြောင်း လေ့လာရအောင် (1)

RAM အကြောင်း လေ့လာရအောင် (1)

Written By မောင်စေတနာ on Monday, June 11, 2012 | 11:16:00 PM


ကွန်ပျူတာ ရဲ့ memory ဆိုတာ RAM ( Random Access Memory) ကိုဆိုလိုတာပါ..။ Instruction နဲ့ Data တွေကို ယာယီသိုလှောင်တဲ့ နေရာမှာ Memory နဲ့ Storage ဆိုပီး နှစ်မျိုးရှိပါတယ်..။ Memory ဆိုတာ RAM ကိုပြောတာဖြစ်ပီး Storage ကတော့ Hard disk ကို ရည်ညွန်းတာပါ..။ Ram ဆိုတာ ကွန်ပျူတာ Power ပေးထားမှသာ Data တွေကို သိုလှောင်နိုင်ပီး Hard Disk ကတော့ Power မပေးထားလဲ Data တွေကို သိမ်းဆည်း နိုင်ပါတယ် ...။ Ram အလုပ်လုပ်ပုံကို ဖတ်ကြည့်လျှင် နားလည်နိုင်ပါတယ်..။

Ram အလုပ်လုပ်ပုံ

Ram ( Random Access Memory ) ကို ကွန်ပျူတာ ရဲ့ Motherboard ပေါ်မှာ ရှိတဲ့ Memory Slot မှာ စိုက်ထားပါတယ်...။ ကွန်ပျုတာ Power ဖွင့်လိုက်တာနဲ့ Power Supply မှ တစ်ဆင့် Motherboard ဆီကို လျှပ်စစ် စီးလာပါတယ်..။ ဒါကြောင့် Ram ဟာ လိုအပ်တဲ့ လျှပ်စစ် Power ကို Motherboard ဆီက ရပါတယ်..။

User ဟာ Program တစ်ခုကို ဖွင့်လိုက်တဲ့ အခါမှာ Keyboard နဲ့ Mouse မှ Commend တွေကို OS ကတစ်ဆင့် CPU ကိုပို့လိုက်ပါတယ်...။ CPU ကလက်ခံပီး Program ကို Memory ( RAM ) ပေါ်သို့ တင်ပို့ပေးဖို့ အတွက် Hard Disk ကိုညွန်ကြားလိုက်ပါတယ်...။ Hard Disk က တင်ဆင့် Program နဲ့ပတ်သက်တဲ့ Data တွေ ၊ File တွေကို စုစည်းပီး Memory ဆီကိုပို့လိုက်ပါတယ်...။

Memory ပေါ်ကိုရောက်တဲ့ အခါမှ လိုအပ်သလို ပြင်ဆင် ဖြည့်စွက် ပီးတည်းဖျက်ခွင့် ရှိပါပီ ..။ အဲဒီ ပြင်ဆင် တည်းဖျက်ထားတဲ့ File ကို Save မလုပ်မချင်း Ram ပေါ်မှာပဲ ရှိနေမှာပါ...။ Save လုပ်လိုက်တဲ့ အခါမှာ BUS တွေက တင်ဆင့် Hard Disk ထဲကို ပြန်ရေးပီး မပျောက်မပျက်အောင် သိမ်းဆည်းထားပေးပါတယ်..။ Power ပိတ်လိုက်တဲ့ အချိန်မှာတော့ Ram ပေါ်က File ဟာ ပျောက်သွားပီး Hard Disk ထဲက File ကတော့ မပျောက်ပျက်ဘဲ ကျန်ရှိနေမှာပါ...။

အကြမ်းဖျင်းအားဖြင့် မှတ်ချင်တယ်ဆိုရင်တော့ Ram ဆိုတာ Data အချက်အလက်တွေကို ပြင်ဆင်တည်းဖြတ် ဖို့ အတွက် Power ဖွင့်ထားချိန်မှာသာသုံးတဲ့ ယာယီ Memory ဖြစ်ပီး Hard Disk ကတော့ Data မချက်အလက်တွေကို နောင်တစ်ချိန်မှာပြင်လည် သုံးစွဲ နိုင်စေဖို့ ထာဝရ သိမ်းဆည်းပေးထားတဲ့ Storage ပဲ ဖြစ်ပါတယ်..။

Memory ( Ram ) အမျိုးအစား

Memory ကို ( ၂ ) မျိုးခွဲခြား နိုင်ပါတယ်...။

1. RAM ( Volatile Memory ) နဲ့

2. ROM ( Non Volatile Memory )

1.ကျွန်တော်တို့ သိပီးတဲ့ အတိုင်း Ram က Power ဖွင့်ထားချိန်မှသာ အလုပ်လုပ်ပီး ပိတ်လိုက်တာနဲ့ ဘာ Data မှ သိမ်းဆည်းပေးမထားဘူးဆိုတာ သိခဲ့ပါပီ..။

2.ROM ကတော့ Read Only Memory ဖြစ်ပါတယ်..။ သူကတော့ Power ပေးထားထား ၊ မထားထား Data တွေကို မပျောက်ပျက်ဘဲ သိမ်းထားပေးနိုင်တဲ့ Non Volatile Memory ပါ..။ သူက Read Only Memory ဖြစ်တဲ့ အတွက်ကြောင့် Ram လို သူ့ အပေါ်မှာ ပြင်ဆင်တည်းဖျက်ခွင့် မရှိပါဘူး..။ ဖတ်ရုံ သက်သက်ပါပဲ ..။ ဒါကြောင့် ဒီ Memory ကိုတော့ ကွန်ပျုတာ အတွက် အရေးကြီး Data တွေ ၊ Program တွေ အတွက်သုံးပါတယ်...။ ဥပမာ ကွန်ပျူတာ အတွက် Boot လုပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ BIOS Program ကို ROM တွေမှာ ထည့်လေ့ရှိပီး ROM BIOS လို့ ခေါ်ပါတယ်..။

ROM ကိုသုံးမျိုး ထပ်ခွဲ ပါတယ်..။

1.PROM ( Programmable Rom )

2.EPROM ( Erasable Programmable Rom )

3.EEPROM (Electrically Erasable Programmable Rom )

1.PROM ( Programmable Rom )

PROM က တစ်ကြိမ်ပဲ Record လုပ်နိုင်ပီး ဘာ Data မှ မရှိတဲ့ Memory အလွတ်များ ဖြစ်ပါတယ်...။

2.EPROM ( Erasable Programmable Rom )

EPROM က Ultraviolet Light ကို သုံးပီး Data တွေကို ပြန်ဖျက် ပြန်ရေး နိုင်တဲ့ ROM ဖြစ်ပါတယ်...။ အနီးစပ်ဆုံး ပြောရရင် CD RW တွေနဲ့ ဆင်တူပါတယ်..။

3.EEPROM (Electrically Erasable Programmable Rom )

BIOS Program တွေကိုသိုလှောင်ထားတဲ့ အသုံးများတဲ့ Rom အမျိုးအစားပါ...။ဒီ Rom ပေါ်မှာ Data ရေးချင်း၊ ဖတ်ချင်းတွေကို တော့ Software တွေနဲ့ လုပ်ဆောင်နိုင်ပါတယ်...။ Special Software တွေကို သုံးပီး BIOS မှာ သိုလှောင်ထားတဲ့ Information တွေကို Upgrade လုပ်နိုင်တဲ့ Flash BIOS ဟာ EEPROM ဖြစ်ပါတယ်..။ ဒီလောက်ဆို ROM ကိုသိလောက်ပါပီ..။

ကိုမင်းမင်း ( http://minminblog.multiply.com ) ရေးထားတဲ့ RAM အကြောင်းကို အတိုချုပ် ရေးမှတ် ထားခြင်းသာပါ ...။ နောက်ထပ်ဆက်ပါအုံးမယ်..။ ကိုမင်းမင်း ကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ် ...။မသိသေးတဲ့ ကျွန်တော်လို လူတွေ အတွက် နားလည် လွယ်နိုင်စေရန် ပြန်လည်ရေးမှတ်ထားခြင်းသာပါ...။


အဆင်ပြေကြပါစေ

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။