Home » , » ယူရိုပါလိဂ် ဖလား ရပါက ဖလားပုံ တက်တူးထိုးမည်ဟု မူနီယာအင် ဖွင့်ဟ

ယူရိုပါလိဂ် ဖလား ရပါက ဖလားပုံ တက်တူးထိုးမည်ဟု မူနီယာအင် ဖွင့်ဟ

Written By မောင်စေတနာ on Saturday, May 5, 2012 | 9:27:00 AM

http://www.yoyarlay.com/images/yyl/2012/5/4/muniain.jpg

muniain ဘီလ်ဘာအို အသင်း တိုက်စစ် ကစားသမား မူနီယာအင်မှာ နောက်တစ်ပတ်တွင် ကစားရမည့် အက်သလက်တီကို အသင်းနှင့် ယူရိုပါလိဂ် ဖလား ဗိုလ်လုပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့ပါက ကိုယ်ပေါ်တွင် ယူရိုပါလိဂ် ဖလားပုံ တက်တူးထိုးမည်ဟု ကတိပြု ပြောဆိုခဲ့သည်။ လာလီဂါ နှစ်သင်းတွေ့ဆုံ ကစားရမည့် အဆိုပါ ဗိုလ်လုပွဲစဉ်တွင် မိမိ အသင်းသာ အောင်ပွဲ ရရှိခဲ့ပါက သာမာန် မဟုတ်သော အောင်ပွဲခံမှုဖြင့် အောင်ပွဲခံမည် ဖြစ်ကြောင်း မူနီယာအင်မှ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

မူနီယာအင်မှ “အကယ်၍ ကျွန်တော်တို့သာ အနိုင်ရမယ် ဆိုရင် ကျွန်တော် ယူရိုပါလိဂ် ဖလားပုံ တက်တူးထိုးမှာပါ (ကိုယ်ပေါ်မှာ)”ဟု AS သို့ ပြောဆိုခဲ့သည်။ မူနီယာအင်မှ ယူရိုပါလိဂ် ဖလားကို ရရှိခဲ့ပါက ယခုလကုန်တွင် ဘာစီလိုနာ အသင်းနှင့် ကစားရမည့် ကိုပါဒယ်လ်ရေး ဖလား ဗိုလ်လုပွဲ အတွက်ပါ အားအင်များ ရရှိလိမ့်မည်ဟု ပြောဆိုခဲ့သည်။ ယူရိုပါလိဂ် ပြိုင်ပွဲတွင် (၁၅) ပွဲ ကစားခဲ့ပြီး (၅) ဂိုး သွင်းယူထားသည့် မူနီယာအင်မှ အသင်းနည်းပြ ဘီရယ်လ်ဆာအား ချီးကျူးပြောဆိုမှုများလည်း ပြုလုပ်ခဲ့သည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။