Home » , » ရန်ကုန်ကို လျှပ်စစ်ဓာတ်အား တိုးပေးနိုင် ရန် မဂ္ဂါဝပ် ၁၀၀ ဝယ်ယူမည်ဟုဆို

ရန်ကုန်ကို လျှပ်စစ်ဓာတ်အား တိုးပေးနိုင် ရန် မဂ္ဂါဝပ် ၁၀၀ ဝယ်ယူမည်ဟုဆို

Written By မောင်စေတနာ on Saturday, May 5, 2012 | 9:23:00 AM

http://www.yoyarlay.com/images/yyl/2012/5/4/pm_817_3.jpg

ရန်ကုန်ကို လျှပ်စစ်ဓာတ်အား တိုးပေးနိုင် ရန် မဂ္ဂါဝပ် ၁၀၀ ဝယ်ယူမည်ဟုဆိုရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ် ဓာတ်အား ထပ်တိုး ပေးနိုင်ရန် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀ ဝယ်ယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ၂၅-၄-၂၀၁၂ ရက်က ကျင်းပသော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးတွင် ပြောကြားသည်။

တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ရန်ကုန်တွင် ၂၄ နာရီ လျှပ်စစ်မီး အသုံးပြုနိုင်ရေး အစီအစဉ်နှင့် လက်ရှိ အလှည့်ကျ ခွဲဝေပေးနေမှု အခြေအနေထက် သာလွန် ကောင်းမွန်သော စနစ် ရှိမရှိ မေးမြန်းမှုများအား ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ရေနည်းလာရင် လျှပ်စစ်ဓာတ်အား မျှဝေသုံးစွဲခြင်း ပြုရလို့ ၂၄ နာရီ မီးမပေးနိုင်မှုများ ရှိခဲ့တယ်။ လျှပ်စစ်သုံးစွဲမှု အခုနှစ်မှာ ပိုများလာတဲ့အတွက် အလှည့်ကျစနစ်နဲ့ ဓာတ်အားပေးစနစ်ကို ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ ရန်ကုန်မှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုဟာ အရင်က မဂ္ဂါဝပ် ၅၀၀/၆၀၀ ရှိခဲ့ပေမယ့် အခုကာလ ၂၀၁၂ မှာ မဂ္ဂါဝပ် ၇၀၀ ထိ သုံးစွဲနေတယ်။ အခုလို လျှပ်စစ်ဓာတ်အားတွေ တိုးတက် အသုံးပြုလာတဲ့ ပြည်သူများ အခက်အခဲ မရှိစေဖို့ လတ်တလောတွင် စက်မှုဇုန်များသို့ ဖြန့်ဝေပေးနေတဲ့ လျှပ်စစ်ဓာတ်အားတွေကို လျှော့ချပြီး ပြည်သူသုံးအတွက် ဖြန့်ဝေပေးနေပါတယ်။ အရင်က ပိုလျှံလို့ တရုတ်နိုင်ငံကို ရောင်းချထားတဲ့ လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ်ကိုလည်း ပြန်လည် ဝယ်ယူပြီး မိမိ ပြည်သူတွေ အတွက် ဆောင်ရွက်လျက် ရှိပါတယ်” ဟု မေးမြန်းခြင်းအပေါ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ဖြေကြားခဲ့သည်။

ယင်းသို့ ဝယ်ယူသည် ဆိုခြင်းမှာ ရွှေလီ ရေအားလျှပ်စစ်မှ ဖြစ်ကြောင်း ရွှေလီ ရေအားလျှပ်စစ်ကို ဆောင်ရွက်ရန် ငွေနှင့် နည်းပညာ မိမိတို့တွင် မရှိသည့်အတွက် တရုတ်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထွက်သည့် ဓာတ်အားမှာ မဂ္ဂါဝပ် ၆၀၀ ဟု မိမိအနေဖြင့် သိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။ “ထွက်တာက မဂ္ဂါဝပ် ၆၀၀ လို့ ကျွန်တော် သိရတယ်။ ၁၀၀ ကိုတော့ ကျွန်တော်တို့ကို အလကား ပေးတယ်။ ၅၀၀ ကို သူတို့က ငွေနဲ့ နည်းပညာ စိုက်လို့ ယူခွင့်ရှိတယ်။ ကျွန်တော်တို့ လိုအပ်လို့ တောင်းရင်လည်း ခင်ဗျားတို့ ပိုတယ်ဆိုရင် ပေးပါပေါ့။ တကယ်တမ်း ၅၀၀ ဆိုပေမယ့် ၅၀၀ မထွက်နိုင်ပါဘူး။ ကျွန်တော်တို့ လိုတယ်ဆိုလို့ ဟိုးအရင်နှစ်တွေက မဂ္ဂါဝပ် ၁၀၀ ရောင်းပေးတယ်ဆိုတော့ ၂၀၀ ရတယ်။ အခု ဝန်ကြီးပြောသလို မဂ္ဂါဝပ်က ၇၀၀ တောင် ကျော်နေပြီ။ သုံးတာ များတယ်။ဒါကြောင့် ရွှေလီကို ထပ်ပြီး ရောင်းပေးပါဦးလို့” ဟု ဝန်ကြီးချုပ်က ရှင်းပြသည်။

ဝန်ကြီး ဦးဉာဏ်ထွန်းဦးက စွမ်းအားပြည့် မလည်ပတ်နိုင်သည့် ရန်ကုန်တိုင်းဒေသကြီး ပြင်ပရှိ ကျွန်းချောင်း၊ မန်း၊ ရွှေတောင်၊ မြန်အောင်၊ သထုံမြို့နယ်တို့တွင် ရှိသော သဘာဝဓာတ်ငွေ့ ထပ်တိုး ရရှိစေရန် စီမံနေကြောင်း၊ နောင်ကာလများတွင် စက်ရုံ အလုပ်ရုံ၊ လူနေအိမ်နှင့် အဆောက်အအုံများအတွက် ထပ်တိုး လိုအပ်လာမည့် လျှပ်စစ်ဓာတ်အား ပမာဏကိုလည်း ခန့်မှန်း တွက်ချက်၍ လျှပ်စစ်ဓာတ်အား ထပ်မံ တိုးတက် ထုတ်လုပ်နိုင်မည့် ဓာတ်အားပေး စက်ရုံသစ်များကို ထပ်မံ တည်ဆောက်ရန် စီမံ ဆောင်ရွက်နေကြောင်း လွှတ်တော်တွင် ပြောကြားခဲ့သည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။