Home » , , , » အိုင်တီ တခေတ်ဆန်းမယ့် Google မျက်မှန်

အိုင်တီ တခေတ်ဆန်းမယ့် Google မျက်မှန်

Written By မောင်စေတနာ on Friday, April 6, 2012 | 1:38:00 AM

ဖေဖော်ဝါရီလ လောက်တုန်းက Google ရဲ့ အင်တာနက်မျက်မှန် လာတော့မယ်ဆိုပြီး သတင်းတွေပြန့်နေတာဟာ ဟုတ်မှန်တယ်ဆိုတဲ့အကြောင်း Google က သက်သေပြဖို့ သူ့ရဲ့ အင်တာနက် မျက်မှန် သုတေသနလုပ်ငန်းတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။


ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကနေစပြီး Google+ မှာ သူတို့မကြာမီ ထုတ်မယ်ဆိုတဲ့ အင်တာနက်မျက်မှန်နဲ့ ပတ်သက်တဲ့ မိတ်ဆက်သတင်းတခုကို ဖြန့်ဝေလာတာ တွေ့ရပါတယ်။

ဘယ်အချိန်မှာ ဘယ်ဈေးနဲ့ ရေားချမယ်ဆိုတာ မပါပါဘူး။ ဒီမျက်မှန်ကို Project Glass လို့ပဲ လောလောဆယ် နာမည်ပေးထားပြီး စမ်းသပ်သုတေသန လုပ်နေဆဲ အခြေအနေမှာပဲရှိသေးတယ်၊ ဒီမျက်မှန်နဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေ၊ သဘောထားအမြင်တွေကို ဖိတ်ခေါ်တယ်လို့ Google က ဆိုပါတယ်။

မျက်မှန်မှာ ထွင်းဖောက်မြင်နိုင်တဲ့ Video screen၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်နိုင်တဲ့ ကင်မရာ၊ အင်တာနက်နဲ့ ချိတ်ဆက်ပေးပို့နိုင်မယ့် 3G လို စနစ်မျိုးတွေပါမယ်လို့ ဆိုပါတယ်။

မျက်မှန်တပ်လိုက်တာနဲ့ ရာသီဥတုအခြေအနေ၊ ကိုယ်ရောက်နေတဲ့နေရာ၊ ကိုယ်ရေးမှတ်ထားတဲ့ အရေးကြီး ချိန်းဆိုချက် appointment မှတ်တမ်း စတဲ့ function ၁၄ မျိုးကို ရွေးဖို့ icon လေးတွေ ပေါ်လာပါမယ်တဲ့။ Google+ မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာတော့ မျက်မှန်တပ်လို့ သွားလာနေရင်း အရေးကြီး appointment၊ ရာသီဥတု အခြေအနေ စတာတွေက မှန်သားပြင်မှာ ပေါ်ပေါ်လာတာ တွေ့ရပါတယ်။

မိတ်ဆွေ သူငယ်ချင်းတွေဆီက ပို့လာတဲ့ SMS မက်ဆေ့ခ်ျတွေလည်း ပေါ်လာသလို သူငယ်ချင်းတွေနဲ့ video conference လုပ်လို့ရတယ်၊ ကိုယ်နှစ်သက်တဲ့ သီချင်းတွေကိုလည်း နားဆင်နိုင်ပါသတဲ့။

ဒါ့အပြင် မျက်မှန်မှာ GPS ပါတဲ့အတွက် မျက်မှန်တပ်သူတွေဟာ သူတို့ဘယ်နေရာကို ရောက်နေတယ်ဆိုတာကို Google Map ကို သုံးလို့ မြေပုံမှာကြည့်ရင်း သွားလိုတဲ့ နေရာကို အလွယ်တကူသွားနိုင်မယ်လို့လည်း ပါပါတယ်။

နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ နည်းပညာပစ္စည်းတွေကို အတတ်နိုင်ဆုံး function တွေ အများကြီး သုံးလို့ရအောင်တီထွင်လာကြသလို၊ သေးသထက်သေးအောင် ချုံ့ဖို့ ကြိုးပမ်းနေကြတာမှာ Google ရဲ့ မျက်မှန်က ကွန်ပြူတာတလုံးမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ အားလုံးနီးပါးကို မျက်မှန်လေး တလက်ထဲမှာ အကုန်ပါဝင်နိုင်အောင် ကြိုးပမ်းမှုတရပ်ပါ။

Google ရဲ့ project glass ဈေးကွက်ထဲ ရောက်လာခဲ့ရင်တော့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ online မှာ အမြဲမပြတ် ဆက်သွယ်ရတာ နှစ်သက်သူတွေအဖို့ ကွန်ပြူတာတွေ၊ smart phone၊ iPhone တွေ၊ tablet တွေ၊ ipad တွေ မလိုတော့ပဲ ဟောလီဝုဒ်က သိပ္ပံကားတွေထဲမှာလို မျက်မှန်လေးတွေတပ်ရုံနဲ့ အိုင်တီ နည်းပညာတွေကို အလွယ်တကူ အသုံးချနိုင်တော့မှာပါ။

ဒီမျက်မှန် အကြောင်း အသေးစိတ်ကို https://plus.google.com/u/0/111626127367496192147/posts မှာ သွားကြည့်နိုင်ပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။