graphic - http://mashable.com
ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း တက်လာတဲ့ သတင်းတွေက ဆိုပါတယ်။ ဆန်ဖရန်စစ္စကို တရားရုံးတခုမှာ တရားစွဲလိုက်တာပါ တဲ့။ မူပိုင် နည်းပညာ ၁၀ ခုကို သုံးတဲ့အတွက် တရားစွဲတာပါ တဲ့။ Yahoo က ပြီးခဲ့တဲ့လတုန်းကပဲ Facebook ကို အဲဒီအတိုင်း တရားစွဲခဲ့ပါသေးတယ်။
အဲဒီတုန်းကတော့ - အွန်လိုင်းလုပ်ငန်း စီးပွားဘက် ဖြစ်နေတဲ့ ကုမ္ပဏီကြီး ၂ ခုကြား တရားစွဲတာတွေ ဘာတွေ ဖြစ်လာတဲ့အတွက် စိတ်ပျက်စရာပါပဲ လို့ Facebook က တုံ့ပြန်ခဲ့ပါတယ်။
ခုတော့ စိတ်ပျက်ခဲ့တဲ့ Facebook က တရားပြန်စွဲပါပြီ။ ဘာတွေ ဆက်ဖြစ်အုံးမယ် ဆိုတာကိုတော့ ခန့်မှန်းရခက်ပါတယ်။
အင်တာနက် အိုင်တီ တို့နဲ့ ပတ်သက်တယ် ဆိုတော့ ဒီအမှုတွေကို ကိုင်တွယ်ရတဲ့ တရားသူကြီးများလည်း အိုင်တီ သူငယ်တန်း ကျောင်းသားကျောင်းသူ မဖြစ်ဖို့တော့ လိုပါတယ်။

Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment