ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါက အဆင့် ၁၄ မှာ ရှိနေပါတယ်။
ဒီတော့ သမ္မတကြီးရောက်နေတဲ့အဆင့်ကို အားမလို အားမရဖြစ်နေသူများလည်း ရှိပါတယ်။ တယောက်ကဆိုရင် -
မြန်မာသမ္မတဟာ အဆိုတော် လေဒီဂါဂါထက်တော့ သြဇာကြီးသူဖြစ်သင့်ပါတယ်.. မြန်မာစိတ်ပြင်းထန်တဲ့ စူပါမျိုးချစ်တစ်ယောက်အဖြစ် သက်သေပြချင်ရင် Please vote Our Mr. President...http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2110182,00.html
လို့ သူ့ Facebook မှာ ရေးထား တိုက်တွန်းထားပါတယ်။
ပေါက်ကရ ၀တ်စားပြတဲ့ အဆိုတော်မ လေဒီဂါဂါက ဒီအဆင့်ရောက်နေပြီး သမ္မတကြီးက အလယ်အလတ်အဆင့်မှာပဲ ရှိနေတာကို အားမရ ဖြစ်နေကြတာပါ။
သို့သော်လည်း ဖြေသာစရာ အချက် ၂ ခု ရှိပါတယ်။
အိုဘားမား၊ ရုရှခေါင်းဆောင် ပူတင်၊ ၀န်ကြီးကလင်တန်၊ ဟောလိဝုဒ်အကျော်အမော် ဂျော့ကလိုနီ၊ မစ်ရှဲအိုဘားမားတို့လည်း လေဒီဂါဂါလောက် မဲမရသေးဘူး ဆိုတာပါပဲ။
စာရင်းမှာ သွားကြည့်ပါ။
နောက်တချက်က လေဒီဂါဂါကို
29274 က ထောက်ခံမဲပေးထားပေမယ့်
16381 က ကန့်ကွက်ထားတယ် ဆိုတာပါပဲ။
မဲရလဒ်တွေကို ကြည့်ရင်
Mustafa Abdel-Jalil 11696 14054
Cecile Richards 11528 26854
ဆိုပြီး ထောက်ခံသူထက် ကန့်ကွက်သူပိုများတာတွေလည်း တွေ့ရပါတယ်။
ကဲ မနက်ဖန် သောကြာနေ့ အထိ မဲပေးလို့ ရပါသေးတယ်။
ဦးသိန်းစိန်ကြီးကို မဲပေးမယ် ဆိုရင် သူနာမည်ကို လိုက်ရှာပြီး ကလစ်လိုက်။
ဒီလိုပါ - http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2110182,00.html

သူ့အကြောင်း မိတ်ဆက်အောက်မှာ မဲပေးရမယ့်ပုံကို ဒီလို တွေ့မှာပါ။
ဦးသိန်းစိန်ဟာ ကမ္ဘာ့သြဇာအကြီးဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါသင့်သလား။ ရွေးစရာ ၂ ခု ရှိပါမယ်။ ပါသင့်တာပေါ့ ဆိုရင် Definitely ကို ကလစ်၊ မပါသင့်ဘူး ယူဆရင် No Way ကို ကလစ်ပါ။ ပြီးရင် SUBMIT ကို ကလစ်ပါ။ ဒါဆို မဲပေးမှု ပြီးပါပြီ။ ( ဖယောင်း ကြောက်စရာမလို )
သမ္မတကြီး အဆင့်က ၅၁ ဆိုတော့ ကျေနပ်မယ် ဆိုရင်လည်း ကျေနပ်သင့်ပါတယ်။
လေဒီဂါဂါဆိုတဲ့ ကလေးမနဲ့ သွား တု စရာ မလိုပါဘူး။
Time က ကနဦးရွေးချယ် ချပြထားတဲ့သူတွေအားလုံးဟာ စီးပွား၊ လူမှု၊ ဂီတ၊ ရုပ်ရှင်၊ အိုင်တီ၊ နိုင်ငံရေး၊ ဘာသာရေးနယ်ပယ်စုံကဖြစ်တယ် ဆိုတာကိုတော့ သတိချပ်ဖို့ လိုပါမယ်။
နိုင်ငံရေးက အရေးကြီးတယ်၊ နိုင်ငံရေးနယ်ပယ်က ထင်ရှားသူတွေပဲ ထိပ်ဆုံးမှာ ရှိရမယ် ဆိုတဲ့ အတွေးအခေါ်ကတော့ အစွန်းရောက်ရာ ကျပါတယ်။

Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment