Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၉)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၉)

Written By မောင်စေတနာ on Monday, April 2, 2012 | 1:03:00 AM



ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ )တွင် ဒေသခံများအား နှုတ်ဆက် - Photo -- Messenger News Journal

ကော့မှူးမြို့ နယ်ပြည်တော် သာရပ်ကွက်နှင့်သမင် ခြံကျေးရွာမဲရုံတွင်မဲလက်မှတ်m များကို ဖယောင်းသုတ်ထားသဖြင့် မဲပေးသူတစ်ချို့ မှမဲလက်မှတ်များ ကိုပြန်လည်လဲပေးရန် တောင်းဆိုသည်ကို မဲရုံမှူးမှမဲလက်မှတ် အသစ်ပြန်လည် ထုတ်မပေးဘြဲငင်းဆန်သည်ဟု သတင်းများရရှိပါသည်။

သတင်းေ
ထာက်များမှလည်းသတင်းရယူရန်ကြိုးစားနေကြပါသည်။ထိုဖြစ်စဉ်မှာမနက် ၉နာရီခန့် တွင်စတင်ဖြစ်ပွါး နေကြောင်းသိရှိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ လည်းထိုဖြစ်စဉ်ကို သတင်းရရှိသွားပြီးကိုယ်စားလှယ်များ ကိုစေလွှတ်စုံစမ်းနေကြောင်းသိရှိရပါသည်။

ဒေါ်အောင်
ဆန်းစုကြည်မှ လည်းရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသွားမည်ဟုသိရှိရပါသည်

မအူပင်မြို.နယ် အမှတ်(၁၂)ရပ်ကွက် ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် (၁.၄. ၂၀၁၂) တနင်္ဂနွေနေ. နံနက် (၉း၀၀) နာရီ အချိန်ခန်.တွင် မဲဆန္ဒ ဖော်ထုတ်လိုသူ ပြည်သူတစ်ဦး ဖြစ်သည့်မြို.သစ်(၂)လမ်း အမှတ်(၁၂)ရပ်ကွက်တွင်နေထိုင်သူ ဒေါ်ပေါက်စ အသက် (၅၁) နှစ်ဆိုသူသည် မဲပေးရန် မဲရုံသို.အရောက်တွင် မိမိ မဲပေးရာတွင် လက်တုန်နေသောကြောင်. ကူညီပေးပါရန်နှင်. မိမိသိသည်မှာ ခွပ်ဒေါင်းကိုဘဲ သိသည်သာဖြစ်ကြောင်း ပြောဆိုသည်ကို မဲရုံမှုးဖြစ်သူ ဆရာမကြီးဒေါ်ဝင်းမြင့်သန်းက ဒေါ်ပေါက်စ ထံမှ မဲပြားကို ယူဆောင်ပြီး ဒီလိုခြစ်ရသည်ဟု ပြောဆိုကာ ပြည်ခိုင်ဖြိုး ပါတီနေရာကို အမှန်ခြစ်ပြီး မဲဆန္ဒဖုံးထဲသို. ထည့်လိုက်ကြောင်း သိရှိ မှတ်တမ်းတင်လိုက်ပါသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဆင်ရှည်ကျေးရွာ၌ မဲဆန္ဒပေးရာတွင် မဲလက်မှတ် ၁၀၀ ကျော်၌ ဖယောင်းများသုတ်လိမ်းထားသည်ကို တွေ့ရှိရပြီး ပြန်လဲခွင့်တောင်းရာ လဲမပေးကြောင်းသိရသည်။


Myanmar News Now

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။

- မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်သို့ မဲစာရင်းတွင် မပါဝင်သော အခြားဒေသများမှ ရာနှင့်ချီသော ကြံ့ခိုင်ရေး ပါတီဝင်များစုရုံး ရောက်ရှိလာပြီး မဲပေးခွင့်ပြုရန် တောင်းဆိုရာ မဲရုံမှူးက ခွင့်မပြု၍ မဲရုံ ဝန်းကျင်တွင် စုဝေးနေကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့ နယ် အမှတ် ၆ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်တို့တွင် မဲစာရင်း မပါရှိသူများ ရှိနေပြီး ရပ်ကွက်ကော်မရှင်ရုံး များကလည်း ထိုကဲ့သို့ မပါရှိခြင်းကို မည်သို့မျှ လုပ်ဆောင်ပေး၍ မရကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၏ စာရင်း ပေးပို့ချက်များအတွက်သာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင် သွားကြောင်း သိရသည်။

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။