Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၀)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၀)

Written By မောင်စေတနာ on Monday, April 2, 2012 | 1:07:00 AM



အောင်ပန်းမြို့ မှ အိမ်ထောင်စု ဇယား ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ အမှတ် ( ၃ )ရပ်ကွက်တွင် အိမ်ထောင်စု ဇယားများလည်း ရှိပြီး လူဦးရေ ( ၁၇၀ )ခန့်မှာ မဲစားရင်းတွင် မပါသဖြင့် မဲမပေးရကြောင်း ယင်းရပ်ကွက်နေ မဲမပေးရသော အမျိုးသမီးတစ်ဦးက ပြောပြပါသည် ။နောက်ထပ် မဲစားရင်းတွင် မပါသူများ ထပ်မံ တိုးလာနိုင်ကြောင်း ယင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှ ပြေပါသည်။

အောင်ပန်းမြို့ ရွာသစ်ရပ်ကွက် ဇောတိ မဲရုံ တွင်လည်း မဲစားရင်းနံပါတ် ( ၉၁၇ ။ ၉၁၈ ) နစ်ခု တို့သည် နစ်နေရာတွင် ဖော်ပြထားပြီး မဲပေးရမယ့်သူအမည်မှာ နစ်မျိုးဖြစ်နေကြောင်း သိရပါသည်။ ယင်းကိစ္စ နှင့်ပတ်သက်၍ မဲ ရုံမှုး အားမေးမြန်းစုံစမ်းရာ ပထမနှစ်ဦးမှာ သေဆုံးသွားပြီးဖြစ်ကြောင်း နှောက်နစ်ဦးမှာ ရပ်ကွက်ရှုံးမှ တာဝန်ရှိသူက အမှတ်စဉ် အတိုင်းပြုစုခြင်းမရှိပဲ မှုလ 2010 ခုနစ်က စားရင်းကို ပြုစု၍ ပြုလုပ်ကြောင်း ရှင်းပြပါသည်။

အဆိုပါဇောတိရပ်ကွက်တွင် မဲဆန္ဒ ပေးရမည့် စားရင်းစုစုပေါင်းမှာ ၁၁၃၂ ဦးရှိပြီး တပ်နယ်မြေတွင် အများဆုံးဖြစ်ကြောင်း သိရပါသည်..။ မအူပင်မြို့နယ် အောင်ဘုံကျေးရွာမဲရုံတွင် ရာအိမ်မှူး ဦးမြင့်အောင်မှ ကြိုတင်မဲ (၁၅) မဲကို ၄င်းလုပ်ပိုင်ခွင့်ရှိသည်ဟုပြောဆိုပြီး မဲရုံအတွင်းဝင်ထည့်သွားသည်။

မဲရုံမှူးဒေါ်မူမူခင်မှ NLD ပါတီကိုယ်စားလှယ် အကူကိုယ်စားလှယ်များဝင်ရောက်ခွင့်မပြုပဲ အခြားပါတီကိုယ်စားလှယ်များကို ၀င်ခွင့်ပြုပါသည်။ မအူပင်မြို့နယ် ကန်စုကြီးကျေးရွာမဲရုံတွင်လည်း ဆယ်အိမ်မှူး ဦးကံမြင့်မှ ကြိုတင်မဲ (၅) မဲကို သူ့သဘောနှင့်သူ ၀င်ထည့်သွားပါသည်။

Myanmar News Now

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။