Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၈)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၈)

Written By မောင်စေတနာ on Monday, April 2, 2012 | 1:01:00 AM

ပခုက္ကူမြို့ အမှတ်(၃)ရက်ကွက်တွင် မဲရုံ (၁၂)ရုံရှိပါသည် ကြိုတင်မဲ (၁၂၈)ဦး ကောက်ခံရရှိပါသည်။ ၄င်းရက်ကွက်အတွင်း မဲပေးပိုင်ခွင့်ရှိပြီး ဆန္ဒမဲပေးခွင့်မရသော ဦးရေ အယောက် (၃၀၀)ကျော်ရှိပါသည်။ မဲပေးခွင့် စလစ်များတွင် ၄င်းတို့ကိုယ်တိုင် ရေးသားထားသော အမည်လွဲမှားခြင်း မှတ်ပုံတင်လွဲမှားခြင်းများကြော
င့် မဲပေးခွင့်စလစ်ရှိသော်လည်း မဲပေးခွင့်မရသည့် ဆန္ဒမဲရှင်များ အမှတ် (၃)ရက်ကွက် မဲရုံ (၉)(၁၀)တို့တွင် တွေ့ရှိနေရပါသည်။

ပခုက္ကူမြို့ အမှတ် (၃)ရက်ကွက် သီရိရတနာလမ်းမှ ဒေါ်အေးမြင့် မိသားစု (၈)ယောက်၊ ဒေါ်လှသန်းမိသားစု (၆)ယောက်၊ ဒေါ်ဖွားနုမိသားစု (၂)ယောက် မဲပေးခွင့်စာရင်းတွင် မပါဝင်သည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ အချိန်မှီ တင်ပြပြီးမဲပေးခွင့်ရရှိရန် ဆောင်ရွက်၇ာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဧပြီလ (၁)ရက်နေ့တွင် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးမည်ဟု ချွေးသိပ့်နှစ်သိမ့်ထားပြီး ၊ ယနေ့မနက်မဲ သွားပေးရာတွင် မဲပေးခွင့်မရ ရပ်ကွက် ဥက္ကဌမှ အဆိုပါလူများအား အတွေ့မခံ ရှောင်နေကြောင်း ဒေါ်နွေနွေလှိုင်မှ သတင်း ပေးပို့ပါသည်။



အောင်ပန်းမြို့ အမှတ်( ၃ ) ရပ်ကွက် မဲရုံတွင် ရပ်ကွက် အတွင်း အိမ်ထောင်စုဇယားရှိပြီး မဲ ဆန္ဒ စာရင်းတွင် မပါသောအိမ်ထောင်စု ဦးရေ (၂၀) ခန့် ရှိကြောင်းသိရပါသည်။ ယင်း ကိစ္စနဲ့ပတ်သက်၍ ရပ်ကွက်နေလူထုများနှင့် မဲရုံတာဝန်ရှိသူများ စကားများလျှက်ရှိနေပါသည်.....ကျန်တဲ့ ရပ်ကွက်တစ်ချို့ တွင် လည်း NLD မဲနေရာတွင် အမှန်မခြစ် နိုင်အောင် ဖယောင်းသုတ် ထားကြောင်းသိရပါသည်။

Myanmar News Now


Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။