Home » » စက်တင်ဘာ(၁)ရက်နေ့မှစတင်ပြီးအခွန်(Levy) နှုန်းအားရင်းဂစ် (၅၀)တိုးမြှင့်သတ်မှတ်

စက်တင်ဘာ(၁)ရက်နေ့မှစတင်ပြီးအခွန်(Levy) နှုန်းအားရင်းဂစ် (၅၀)တိုးမြှင့်သတ်မှတ်

Written By မောင်စေတနာ on Wednesday, September 14, 2011 | 10:46:00 PM



DK-စက်တင်ဘာ (၁) ရက်နေ့ မှစပြီးလုပ်ငန်း ကဏ္ဍအားလုံးတွင် လုပ်ကိုင်ကြသော နိုင်ငံခြားသား အလုပ်သမားများမှ ထမ်းဆောင်ရမည့် အခွန် (Levy) အား မူလသတ်မှတ်နှုန်းထား ထက်ရင်းဂစ် (၅၀) ထပ်မံတိုးမြှင့် ကောက်ခံသွားမည်ဖြစ်သည်ဟု မလေးရှားပြည်ထဲရေး ဝန်ကြီးဋ္ဌာန၊ အတွင်းဝန် တန်ဆရီမာမွတ်အဒမ် (Tan Sri Mahmood Adam) မှပြောကြားခဲ့သည်။

သြဂုတ်လ (၂၆) ရက်နေ့တွင်ပြုလုပ်ခဲ့သော ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ကြေငြာချက် တရပ်တွင် နိုင်ငံခြား အလုပ်သမားများဆိုင်ရာ သုတေသနဋ္ဌာနမှ (ForeignWorkers Laboratory) အဆိုပြုခဲ့သော အဆိုပါ အခွန်တိုးမြှင့်ရန်ကိစ္စအား၊ (၂၀၀၅) တွင်ပြုလုပ်ခဲ့သော အခွန်တိုးမြှင့်မှုနှင့်ချိန်ထိုး၍ အစိုးရမှစဉ်းစား သုံးသပ်ခဲ့ပြီးနောက် အခွန်တိုးမြှင့်ရန်သဘောတူညီခဲ့သည်ဟုမာမွတ်အဒမ်မှဆိုထားသည်။

သို့သော်လာမည့် စက်တင်ဘာ (၁) ရက်နေ့မတိုင်မီ ပထမဆုံးအကြိမ် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားသူများမ ပေးဆောင်ရမည့် အခွန်ပမာဏသည် မူလအခွန်နှူန်းဟောင်း အတိုင်းသာရှိမည်ဖြစ်ပြီး၊ စက်တင်ဘာ (၁) ရက်နေ့မတိုင်မီ တွင်လာရောက် သက်တမ်းတိုးမည့် ဖရီးကောလင်း (Free Calling) ဟုဆိုကြသော ယာယီအလုပ်လုပ်ကိုင်ခွင့်ပါမစ် (Temporary Employment and Visit Passes) အားလုံးကိုလည်းမူလအခွန်နှူန်း ဟောင်းအတိုင်းသာ ကောက်ခံသွားမည်ဖြစ်သည်။

(First-time applications for every foreign worker which were submitted to the ministry before Sept 1will remain at the old levy rate and the old rate is also maintained for any renewal applications of Temporary Employment Visit Passes which expire before Sept 1.)

စက်တင်ဘာ (၁) ရက်နေ့နောက်ပိုင်းတွင် အသစ်လျှောက်ထား (သို့) သက်တမ်း ကုန်ဆုံး၍ သက်တမ်း ထပ်မံတိုးမည့် ယာယီ အလုပ်လုပ်ကိုင်ခွင့်ပါမစ် များကိုသာအခွန်နှူန်း ထားသစ်များဖြင့် ကောက်ခံသွား မည်ဖြစ်သည်ဟု မာမွတ်အဒမ်မှပြောကြားခဲ့သည်။

စက်တင်ဘာ (၁) ရက်နောက်ပိုင်းအခွန်နှူန်းထား သစ်များမှာ လယ်ယာကဏ္ဍနှင့် အိမ်တွင်းအကူကဏ္ဍများ (Agriculture and Domestic Sectors) အတွက် ရင်းဂစ် (၄၁၀)၊စိုက်ပျိုးရေးကဏ္ဍ (Plantation Sector) အတွက် ရင်းဂစ် (၅၉၀)၊ ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍများ (Manufacturing and Construction Sectors) အတွက်ရင်းဂစ် (၁၂၅၀) နှင့် (စားသောက်ဆိုင်/ဟိုတယ်) ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ (Service Sector) အတွက် ရင်းဂစ် (၁၈၅၀) အသီးသီးဖြစ်ကြသည်။ (အဆိုပါနှူန်းထားများမှ မလေးရှားကျွန်းဆွယ် (Peninsula) အတွက်သာဖြစ်သည်)

သို့သော်ဆာဘားနှင့် ဆာရာဝပ်ပြည်နယ်များ (Sabah and Sarawak) တွင်ကောက်ခံမည့် အခွန်နှူန်းသစ်များမှာ မလေးရှား ကျွန်းဆွယ်တွင် သတ်မှတ်သည့် အခွန်ပမာဏနှင့်စာလျှင် အတန်ငယ်ကွဲပြားမှုရှိ၍ ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍများ အတွက် အခွန်ပမာဏမှာရင်းဂစ် (၁၀၁၀) ဖြစ်၍ ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍအတွက် ရင်းဂစ် (၁၄၉၀) တိှု့ဖြစ်သည်။

သြဂုတ်လ (၂၆) ရက်နေ့၊ နံနက်ပိုင်းအထိအစိုးရ၏ (6P) အစီအစဉ်အရ တရားဝင်နှင့်တရားမဝင် လုပ်သားများစုစုပေါင်း (၂၂၄၈၉၄၀) ဦးတို့အား မလေးရှားနိုင်ငံ တဝှမ်းရှိ လူဝင်မှုကြီးကြပ်ရေးရုံးများ နှင့် အစိုးရမှခန့်အပ်သော အေးဂျင့်ကုမ္ပဏီများမှ ဘိုင်အိုမက်ထရစ်စနစ်ဖြင့်မှတ်ပုံတင်ပေးခဲ့ပြီးဖြစ်ပြီး ၄င်းတို့အနက်မှ (၁၂၄၂၈၁၃) ဦးတို့မှာ မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာ သူများဖြစ်ကြသည်။

သူရိယသတင်းဂျာနယ်

RM50 levy hike for foreign workers from Sept 1

Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။