Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၅)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၅)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:49:00 AM



အောင်ပန်းမြို့ အမှတ်( ၃ ) ရပ်ကွက် မဲရုံတွင် ရပ်ကွက် အတွင်း အိမ်ထောင်စုဇယားရှိပြီး မဲ ဆန္ဒ စာရင်းတွင် မပါသောအိမ်ထောင်စု ဦးရေ (၂၀) ခန့် ရှိကြောင်းသိရပါသည်။ ယင်း ကိစ္စနဲ့ပတ်သက်၍ ရပ်ကွက်နေလူထုများနှင့် မဲရုံတာဝန်ရှိသူများ စကားများလျှက်ရှိနေပါသည်.....ကျ န်တဲ့ ရပ်ကွက်တစ်ချို့ တွင် လည်း NLD မဲနေရာတွင် အမှန်မခြစ် နိုင်အောင် ဖယောင်းသုတ် ထားကြောင်းသိရပါသည်။

ပခုက္ကူမြို့ အမှတ်(၃) ရက်ကွက်တာဝန်ခံ မနွေးနွေး (ရွေးကောက်ပွဲစောင့်ကြည့် (NLD)) အား ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်လံနှောက်ရှက်နေပါသည်ဟု ကာယကံရှင်ကိုယ်တိုင်ပြောကြားပါသည်။

ပခုက္ကူမြို့ စက်မှုဇုံမဲရုံမှူးမှ NLD ပါတီဝင် ကိုယ်စားလည်နှင့် ကိုယ်စားလည်အကူများ ၀တ်ဆင်လာသော ယူနီဖောင်းများကို ချွတ်ခိုင်းသည်ဟုပခုက္ကူစက်မှုဇုံမှ ဦးဌေးအောင်မှ သတင်းပေးပို့ပါသည်


Myanmar News Now

ကြံဖွံ့ပါတီ ပယ်မဲများဖြစ်အောင် လုပ်ဆောင်နေ
ကိုထွေး(DVB)

ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့က အမှတ် ၃ ရပ်ကွက် မဲရုံနဲ့ သတ်မှတ်ထားတဲ့နေရာ အပြင်ဘက်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လာရောက်မဲပေးတဲ့သူတွေကို ကြိုက်တဲ့သူတွေကို အမှန်ခြစ်ပြီး မကြိုက်တဲ့သူတွေကို အမှားခြစ်ဖို့ဆိုပြီး ပြောဆိုတာတွေ လုပ်နေတယ်လို့ အောင်ပန်းမြို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး တာဝန်ခံ ဦးရဲမြင့်သိန်းက ပြောပါတယ်။

တခြားမဲရုံတွေဖြစ်တဲ့ လက္မပင်နဲ့ မြို့ဟောင်းရပ်ကွက်က မဲရုံတွေမှာလည်း မသမာတာတွေ ရှိနေတဲ့အတွက် ကန့်ကွက်ထားလို့ မြို့နယ်ကော်မရှင်က အခု ဖြေရှင်းပေးနေတယ်လို့ ဆိုပါတယ်။


ရုပ်သံများကို အောက်ပါ နေရာတွင် ဝင်ရောက် ကြည့်ရှုပါရန်။

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။