Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၃)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၃)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:41:00 AM



ကြားဖြတ်ရွေးကောက်ပွဲ ဒဂုံဆိပ်ကမ်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုစားပြုဝင်ရောက်ယှဉ်ပြိုင်သော
ကိုယ်စားလှယ်လောင်းဒေါက်တာမျိုးအောင်၏ မဲဆန္ဒနယ်မှ မဲပေးနေကျသူများ မဲရုံပေါင်း ၆၇ မဲပေးနိုင်သူ ၈၁၅၈၄ ပခုက္ကူမြို့ ရွှေဘေးရွာ မဲစားရင်းတွင် ပါဝင်သော ဆန္ဒမဲပေးခွင့်ရှိ သူများ၏ မဲလက်မှတ်များ ပျောက်ဆုံးသွားသိအတွက် မဲပေးခွင့်မရရှိကြောင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်မူမူခိုင်မှ သတင်းပို့ပါသည်။

မြိုင်မြို့ အောင်သုခရွာ မဲရုံရှေ့တွင် ကြံခိုင်ရေးပါတီမှ ယူနီဖောင်းများဝတ်ဆင်၍ မဲဆွယ်စည်းရုံးနေကြောင်း မြိုင်မြို့ အမှတ် (၁) ရက်ကွက် နေထိုင်သူ မဲပေးခွင့်ရှိသူ အနည်းဆုံး လူ (၂၀၀)ခန့်သည် မဲစာရင်းတွင်မပါ မဲထည့်ခွင့် မရရှိ မြိုင်မြို့ ညောင်ပင်ရွာတွင် မဲစာရွက်ပေါ်တွင် ဆန္ဒမဲပေးရာ မင်မထင်ဘောပင်မကောင်း ဆန္ဒမဲပေး၍မရကြောင်း မြိုင်မြို့ NLD ပါတီဝင် ဦးကျော်ကျော်သက်မှ သတင်းပို့ပါသည်။

မကွေးမြို့မှာလည်း ရပ်ကွက်တိုင်းမှာ အိမ်ထောင်စုတိုင်းရဲ့ မဲပေးနိုင်သောလူဦးရေရှိသလောက် မဲပေးခွင့်မရကြဘူး။ ကျမတို့ကိုဘဲ ဘယ်မဲရုံရဲ့ မဲစာရင်းမှာမှ မပါခဲ့လို့ ရပ်ကွက်ကော်မရှင်ရုံးကို သွားပြောခဲ့လို့ လျှောက်လွှာမှာ ဖြည့်ပြီးပြန်တင်ခဲ့လို့ မဲရလာခဲ့တာ။ အမတို့လို ရပ်ကွက်ကော်မရှင်ရုံးကို သွားမပြောကြလို့ ဘယ်မဲရုံရဲ့ စာရင်းထဲမှာမှ မပါလို့ မဲမပေးရတဲ့သူတွေ မကွေးမြို့ရဲ့ ရပ်ကွက်တိုင်းလိုလိုမှာပဲ အများကြီးပဲရှိကြတယ်။

ပခုက္ကူမြို့နယ် အမှတ် (ံ၃) ၇ပ်ကွက် နှင့် အမှတ်(၁၁) မဲ၇ုံများတွင် ယခင် မဲပေးခွင့်ရရန် ထုတ်ပေးထားသော လက်မှတ်များနှင့် သွားရောက် မဲထည့်ရာ လက်မခံကြောင်းနှင့် ယင်းလက်မှတ် များရှိလည်း ဘာမှလုပ် မရကြောင်း ရပ်ကွက် ကော်မရှင်မှ ပြောကြားလိုက်ကြောင်း သတင်းရရှိပါသည်။ သက်သေ....ဦးသိန်းလွင်၊ ကိုဌေးကျော်၊မနွေနွေခင်

Myanmar News Now

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။