Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၂)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၂)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:37:00 AM



မန္တလေးမှာ အင်းတိုက်အားတိုက်မဲပေးနေစဉ် မန်းကြားဖြတ် မဲပေးသူများ အင်တိုက်အားတိုက် မဲပေး မန္တလေးမြို့ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက် နံနက် ၆ နာရီက စတင်ကျင်းပရာ မဲပေးသူများသည် မဲရုံ မဖွင့်မှီက ပင် မဲရုံသို့ လာရောက် မဲပေးရန်စောင့်ဆိုင်းနေကြကြောင်း မန်း မြို့ ခံ တစ်ဦးကပြောသည်။ " ဟေမ မာလာ မြောက် ရပ်ကွက် မဲရုံ ၃ တွင် ပထမဆုံးမဲ လာပေးသူ ဒေါ်အမာညွန့် က အိမ်က ဖွင့်ထားတဲ့ စတိုးဆိုင် မှာ ဈေးရောင်းရမှာမို့  အစောဆုံးမဲ လာပေးတာ၊ မဲပေးရတာ အဆင်ပြေပါတယ် " ဟု ပြောသည်။

မဲရုံကို ၆ နာရီ အတိမှာ ဖွင့်တယ်။ မဲရုံတာဝန်ရှိသူတွေက ၄ နာရီ ကတည်းက လာကြတယ်လို့ ပြောတယ်။ မဲရုံထဲကို မ၀င်ရတော့ ကြိုတင်မဲ ကြေငြာတာနဲ့ မဲပုံး စစ်ဆေးတာ မမြင်ရဘူး။ မဲရုံတာဝန်ရှိသူတွေက ဆက်ဆံတာ ၂၀၁၀ ထက်စာရင် ပိုကောင်းလာတယ်။ သတင်းယူရတာလည်း အဆင်ပြေပါတယ်။ မဲရုံထဲ မ၀င်ရပေမယ့် အပေါက်ဝကနေ ဓါတ်ပုံ ရိုက်လို့ ရတယ် ဟု မန်း သတင်း ထောက် တစ်ဦးကပြောသည်။


"သုံးခွတွင် ပြည်ခိုင်ဖြိုးပါတီမှ ၇၀ ရာခိုင်နှုန်းအောင်ရမည်ဟု မျှော်လင့်ထား"

သုံးခွမြို့နယ် မဲဆန္ဒနယ်များတွင် အောင်နိုင်ရေးအတွက် ၇၀ ရာခိုင်နှုန်းမျှော်လင့်ထားကြောင
်း ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းတွဲဖက်အတွင်းရေးမှူး ဦးသာဝင်းက ဧပြီလ (၁)ရက်နေ့ နံနက်ပိုင်းကပြောသည်။ သုံးခွမြို့နယ်တွင် မဲဆန္ဒရှင်ပေါင်း ၁၁၂၇၉၀ ဦးရှိသည့်အနက် ပြည်ခိုင်ဖြိုး ပါတီဝင်ဦးရေ လေးသောင်းကျော်ရှိခြင်းကြောင့် အောင်နိုင်ရေးအတွက် လေးဆယ်ရာခိုင်နှုန်းမှာ သေချာသလောက်ရှိနေပြီး၊ ၄င်းတို့၏ စည်းရုံးရေးအပေါ်လည်း အားရကျေနပ်မှုရှိခြင်းကြောင့်၊ ထို့သို့ပြောရခြင်းဖြစ်ကြောင်း ဦးသာဝင်းကပြောသည်။

ဧပြီလ (၁)ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်ဇော်မင်းက "ကျွန်တော်က ပြိုင်ရင်နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပြိုင်တာပဲလေ၊ ကိုယ့်ပါတီ ကိုယ်ယုံကြည်လို့ပြိုင်တာလဲဖြစ်တဲ့အတွက် အနိုင်ရမယ်လို့ယုံကြည်ပါတယ်"ဟု ပြောသည်။

ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် မြို့ပေါ်ရပ်ကွက်များထက် ကျေးရွာများကို ဦးစားပေးစည်းရုံးရေးဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မေဇင်+ဝေယံ
ဇေယျသိဒ္ဒိရပ်ကွက်မဲရုံသို့ သမ္မတကြီးဦးသိန်းစိန် လာရောက်မဲပေးမည် နေပြည်တော်ကောင်စီနယ် ဇဗ္မူသီရိမြို့နယ် ဇေယျသိဒ္ဒိရပ်ကွက် အ.ထ.က ၅ မဲရုံအမှတ် ၁/၁ ၊ ၂/၂ သို့ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန် လာရောက်မဲပေးမည်။

နိုင်ငံတော် သမ္မတ လာရောက် မဲဆန္ဒပြုမည်ကို စောင့်မျှော်နေကြသော မီဒီယာသမားများ

Popular Myanmar News Journal

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။