Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၇)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၇)

Written By မောင်စေတနာ on Monday, April 2, 2012 | 12:58:00 AM



အိန္ဒိယ ရွေးကောက်ပွဲ လေ့လာသူအဖွဲ့ မန်း ကြားဖြတ်လေ့လာ မန်းမဟာအောင်မြေ လမ်း ၄၀ နှင့် ၈၃ လမ်းကြားရှိ မဲရုံ အမှတ် ၃ သို့ အိန္ဒိယ နိုင်ငံအာသံ မဏိပူရ မှ ရွေးကောက်ပွဲ လေ့လာသူအဖွဲ့ ဧပြီ ၁ ရက် နံနက် ပိုင်းတွင် လာရောက် ကြည့်ရှုကြောင်း သိရသည်။

အဆိုပါအဖွဲ့ နှင့် အတူ အိန္ဒိယကောင်စစ်ဝန်လည်း လိုက်ပါလာခဲ့ပြီး မြို့ နယ် ကော်မရှင်တာဝန်ရှိသူများ သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ " ယခု ကြားဖြတ်ရွေးကောက်ပွဲကို Free and Fair ဖြစ်နိုင်တယ် ထင်ရကြောင်း သတင်းထောက် တစ်ဦး ၏ မေးမြန်းချက်ကို ၄င်းအဖွဲ့ မှ Mr. Maninder Singh ကဖြေကြားသည်။ အဆိုပါ မဟာအောင်မြေ အနောက်ရပ် မဲရုံ အမှတ် ( ၃ ) တွင် ကြိုတင်မဲ ၄ မဲသာ ရှိသည်ဟု မြို့ နယ် ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။


ပုသိမ်မြို့ (၁၄)ရပ်ကွက်၊ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)၊ အမှတ်(၅)ရပ်ကွက်ရှိ မဲရုံအမှတ်(၂)တို့တွင် မှတ်ပုံတင်ရှိ၊ အိမ်ထောင်စုစာရင်းလည်းရှိပြီး မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးရသူတို့ ရှိနေပြီး၊ အချို့မှာ ငိုယိုနေကြသည်။ ထို့ကြောင့် Popular News ဂျာနယ် သတင်းထောက်မှ တိုင်းကော်မရှင် ဥက္ထဌ ဦးမျိုးထွန်းထံသို့ ဆက်သွယ်အကြောင်းကြားရာ လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း၊ ယခုလည်း လိုက်လံ စစ်ဆေးလျက်ရှိ နေကြာင်းပြန်လည်ဖြေကြားပါသည်။

"NLD အလံစတစ်ကာများ ကပ်ထားမှု ဧပြီလ (၁)ရက်နေ့အထိရှိနေဆဲဖြစ်ကြောင်း
သုံးခွပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးပြောကြား"

သုံးခွမြို့မှ ဆိုင်ကယ်များနှင့် ကားများတွင် NLD အလံစတစ်ကာများ ကပ်ထားမှု ကို ယနေ့အထိမြင်တွေ့နေရဆဲဖြစ်ကြောင်း သုံးခွပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦးက ဧပြီလ (၁)နေ့နံနက်ဆယ်နာရီခန့်ကပြောသည်။ မျက်မြင်သက်သေအချို့ကမူ "ဟုတ်တယ် ဆိုင်ကယ်တွေနဲ့ ကားတွေရဲ့ ထိပ်ဦးမှာ ခုထိ ခွပ်ဒေါင်းကြယ်တစ်လုံးအလံတွေကပ်ထားတုန်းပဲ"ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ NLD အောင်နိုင်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးမျိုးတင့်က "တစ်မြို့လုံးလိုလိုတော့ အဲဒီလို တံဆိပ်တွေဖြုတ်ဖို့တော့ လိုက်ပြီးကြေညာထားတာပဲ။ မဖြုတ်ကြတာကြောင့် အရေးယူမယ်ဆိုရင်လဲ မတတ်နိုင်ဘူး။ တစ်ခြားပါတီတွေကလဲ ၀တ်စုံပြည့်ဝတ်ထားတာမျိုးတွေရှိနေကြတယ်လို့သိရတယ်။ အဲဒီလိုဖြစ်နေတာတွေကြောင့် ခုလို အလံစတစ်ကာကပ်ထားတာတွေကိုလဲ အရေးယူဖို့လိုမယ်မထင်တော့ပါဘူး"ဟုပြောသည်။

ဝေယံ+မေဇင်
Popular Myanmar News Journal

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။