Home » , , » အိန္ဒိယရောက် မြန်မာများ အန်အယ်လ်ဒီကို ဂုဏ်ပြု

အိန္ဒိယရောက် မြန်မာများ အန်အယ်လ်ဒီကို ဂုဏ်ပြု

Written By မောင်စေတနာ on Friday, April 6, 2012 | 7:15:00 AM

ဧပြီ ၁ ရက်နေ့မှာ လုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၃ နေရာအနိုင်ရတဲ့ အန်အယ်လ်ဒီပါတီနဲ့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းဆုကြည်ကို ဂုဏ်ပြုတဲ့ အခမ်းအနားတရပ်ကို အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာဒုက္ခသည်များက ဒီနေ့ကျင်းပခဲ့ပါတယ်။


အိန္ဒိယနိုင်ငံရောက် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃလှုပ်ရှားမှုအတွင်းက သံဃာတော်တွေ၊ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ပုလဲမြို့ အမှတ် ၂ မဲဆန္ဒနယ်မြေကနေ အနိုင်ရခဲ့တဲ့ ဒေါက်တာတင့်ဆွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေက ၀မ်းမြောက်ဂုဏ်ပြုတဲ့အကြောင်း၊ အခုအနိုင်ရမှုဟာ ပြည်သူတွေရဲ့ အောင်ပွဲလည်း ဖြစ်တဲ့အကြောင်း၊ အခု NLD ရဲ့ အောင်နိုင်မှုဟာ ရာနှုန်းအားဖြင့် အားနည်းတဲ့အတွက် ရှေ့ဆက်ဖို့ အများကြီး ရှိသေးတာမှာ NLD ကို ၀န်းရံ အားပေးသွားမှာဖြစ်တဲ့အကြောင်းတွေ ပြောခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး၊ မဲဆန္ဒနယ် အမှတ် ၇ ကနေ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် အပယ်ခံရတဲ့၊ အိန္ဒိယနိုင်ငံမှာ အသည်းရောဂါ ကုသဖို့ ရောက်နေတဲ့ NLD အမတ်လောင်း ဦးစောလှိုင်ကလည်း မိခင်ပါတီ အနိုင်ရလို့ ၀မ်းသာတဲ့အကြောင်း၊ ဒီတကြိမ်မှာ သူကိုယ်တိုင်ကိုယ်ကျမပါဝင်ခဲ့ရပေမယ့် မိခင်ပါတီကို ၀န်းရံပြီး ပြည်သူလူထုအတွက် တတ်နိုင်တဲ့ဖက်ကနေ အကောင်းဆုံး လုပ်သွားမယ့်အကြောင်း ဆေးရုံကနေ တိုက်ရိုက်ဖုန်းခေါ်ဆို ပြောခဲ့ပါတယ်။

စနစ်ဆိုးနဲ့ စစ်ဂျိုးခွာစို့ သံချပ်ဝိုင်း တော်သားများရဲ့ ဖျော်ဖြေဟန်
......................
Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။