Home » , , » ဂိမ်းဆော့တဲ့ ကလေးကို ကမ္ဘောဒီးယားဖခင် အပြစ်ပေးပုံ

ဂိမ်းဆော့တဲ့ ကလေးကို ကမ္ဘောဒီးယားဖခင် အပြစ်ပေးပုံ

Written By မောင်စေတနာ on Saturday, March 31, 2012 | 3:09:00 AM

ကျောင်းပြေးပြီး အွန်လိုင်းမှာ ဂိမ်းဆော့တဲ့ ဆယ်ကျော်သက်လေးကို သူ့အဖေက ပုံမှာ တွေ့ရတဲ့အတိုင်း တိုင်မှာ သံကြိုး တန်းလန်းနဲ့ဖြစ်အောင် လုပ်ထားလိုက်ပါတယ်။ လည်ပင်းကိုလည်း သံကြိုးနဲ့ပတ် သော့နဲ့ခတ်ထားပါတယ်။ အင်္ဂါနေ့ကပါ။

ကောင်လေးက အသက် ၁၃ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီလို အပြစ်ပေးပြီး ၂ နာရီအကြာမှာ အိမ်နီးချင်းတွေ သတင်းပို့တဲ့အတွက် ရဲတွေက သော့ပြင်ဆရာနဲ့အတူ ရောက်လာပြီး ကောင်လေး လွတ်သွားအောင် လုပ်ပေးလိုက်တယ် တဲ့၊ ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာမှာ ဒီနေ့ ရေးထားပါတယ်။

"သူ့အဖေက သူ့ကို ကျောင်းမသွားဘဲ အင်တာနက်ဆိုင်ထဲ ရောက်နေတာကို တွေ့လို့ စိတ်အရမ်းတိုသွားတယ်၊ ဒါကြောင့် သူ့ကို သင်ခန်းစာပေးတဲ့အနေနဲ့ အများမြင်အောင် သံကြိုးနဲ့ချည်ထားတာ တဲ့၊ ရဲအရာရှိ Cheth Vanny က AFP သတင်းဌာနကို ပြောပါတယ်။ ကလေးရဲ့ အပြောအရ ဆိုရင် အရိုက်လည်း ခံထားရသေးတယ် လို့ ဆိုတယ်။

ကလေးအဖေက အသက် ၄၀ ရှိပါပြီ။ Battambang မြို့က ဆိုင်ကယ်တက္ကစီသမားပါ။ ကလေးသူငယ်နှိပ်စက်မှုနဲ့ အရေးယူခံရမှာ ကြောက်လို့ ထွက်ပြေးနေတယ် တဲ့။

"သူ ရှောင်နေတုန်းပဲ။ ဒီလို နှိပ်စက်ပုံမျိုးဟာ လက်ခံနိုင်စရာ မရှိဘူး" လို့ ရဲအရာရှိက ပြောပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။