ဝင်းဒိုးမှာ ဇော်ဂျီဖောင့် ကို install လုပ်တာက စပြောပေးပါ့မယ်။ XP မှာ ဆိုရင်တော့ အောက်ကပေးထားတဲ့ installer ကို Download လုပ်ပြီး run ပေးလိုက်ပါ။ Blogger day အတွက် ဆိုပြီး အမှတ်တရ ထုတ်ထားတဲ့ font and keyboard installer ဖြစ်ပါတယ်။
font ရော keyboard ရော install လုပ်ပေးမှာ ဖြစ်ပြီး၊ IE တွင် ဇော်ဂျီဖောင့် ပေါ်ရန် ပြောင်းလဲပေးခြင်း၊ အခြား installer များကဲ့သို့ password ရိုက်ပေးရမှု မရှိခြင်း၊ အခြားသော ၀င်းဒိုးမှာ ဖောင့်အတွက် ပြောင်းပေးရတဲ့ clear type ပြောင်းတာတွေ ဇော်ဂျီရွေးပေးရတာတွေကို ဒီ installer ကို run ပြီး restart လုပ်ပေးလိုက်ရုံနဲ့ အလိုလိုလုပ်ပေးပါတယ်။ အောက်မှာ ထူးခြားချက် အားလုံးကို ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ပုံအောက်က လင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
font ရော keyboard ရော install လုပ်ပေးမှာ ဖြစ်ပြီး၊ IE တွင် ဇော်ဂျီဖောင့် ပေါ်ရန် ပြောင်းလဲပေးခြင်း၊ အခြား installer များကဲ့သို့ password ရိုက်ပေးရမှု မရှိခြင်း၊ အခြားသော ၀င်းဒိုးမှာ ဖောင့်အတွက် ပြောင်းပေးရတဲ့ clear type ပြောင်းတာတွေ ဇော်ဂျီရွေးပေးရတာတွေကို ဒီ installer ကို run ပြီး restart လုပ်ပေးလိုက်ရုံနဲ့ အလိုလိုလုပ်ပေးပါတယ်။ အောက်မှာ ထူးခြားချက် အားလုံးကို ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ပုံအောက်က လင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
အားနည်းချက်ကတော့ Vista နဲ့ Windows 7 အချို့စက်များတွင် installing မပြီးဆုံးသော ပြဿနာများကို ကြုံရပါတယ်။ ပြီးတော့ 64-bit အတွက် support မရှိပါဘူး။ အဲဒါကို ဖြေရှင်းဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။ Zawgyi font Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ သူများရေးတာ မြင်ရတာက မိမိမှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။ ကိုယ်ပြန်ရေးမရတာက မိမိ zawgyi keyboard က အဆင်မပြေဖြစ်နေလို့ပါ။ ဘာသာစကား အမျိုးမျိုးကို ရိုက်နိုင်ရန်အတွက် keyboard တွေကို add ထားလို့ ရပါတယ်။
Run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။
မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ တကယ်လို့ အောက်မှာ ပြထားတဲ့အတိုင်း Zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိမနေခဲ့ဘူးဆိုပါစို့။ ကိုယ့်ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။
ပြထားတဲ့အတိုင်း add ကို နှိပ်ပါ။ မြန်မာဘာသာ ဆိုပြီး ၀င်းဒိုးမှာ ထည့်ပေးထားခြင်း မရှိသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်များကို English (United State) အောက်မှာ ထည့်ထားပါတယ်။ ရှာပြီး check ပေးပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
ခုနက add နှိပ်ခဲ့တဲ့ နေရာမှာ ဇော်ဂျီကီးဘုတ် လာဝင်နေပါပြီ။ (အခြားကီးဘုတ်တစ်ခု ထည့်ချင်တယ်ဆိုလည်း ဒီအတိုင်းပါပဲ။ ဘယ်ဘာသာစကားလဲဆိုတာကိုရှာ keyboard ဆိုတာကို check ပေးပြီး apply လိုက်ရုံပါပဲ)။ အဲဒီထည့်လိုက်တဲ့ ကီးဘုတ် အမျိုးမျိုးကို shortcut key တွေသုံးပြီး ပြောင်းရေးနိုင်ဖို့အတွက် သတ်မှတ်ပေးလို့ရပါတယ်။ XP မှာတုန်းကတော့ အဲဒီ add နှိပ်ပေးရတဲ့ box ရဲ့ အောက်မှာပဲ key setting ဆိုပြီး ပါတာပါ။ Vista နဲ့ 7 အတွက်တော့ လက်ရှိပွင့်နေတဲ့ box ရဲ့ နောက်ဆုံး tab ဖြစ်တဲ့ Advanced key settings ဆိုတာကိုနှိပ်ပြီး key setting တွေ ပြောင်းပေးလို့ရပါတယ်။
နောက်တစ်ခုက အခုလို ဇော်ဂျီကီးဘုတ် add ပေးထားတာတောင် မိမိ task bar မှာ keyboard icon ပေါ်မနေဘူးဆိုရင်လည်း စာရိုက်မရတာ ဖြစ်တတ်ပါတယ်။ ခုနက ဖွင့်ထားတဲ့ ဒုတိယ tab မှာ language အတွက် setting တွေ ရှိပါတယ်။ ဖတ်ကြည့်လိုက်ရင် နားလည်မှာပါ။ မိမိရဲ့ keyboard icon ကို ဘယ်မှာ ဘယ်လို ပေါ်ချင်လဲ ရွေးပေးနိုင်ပါတယ်။ တစ်နေရာရာမှာတော့ language bar ရှိမှ ကီးဘုတ်တွေပြောင်းပြီး ဘာသာအမျိုးမျိုးကိုရိုက်နိုင်မှာပါ။
အချို့က Zawgyi အတွက်ဆိုရင် အနည်းဆုံးနှစ်မျိုးကနေ လေးမျိုးလောက်ထိ run ပေးတတ်ကြတယ်ဗျ။ အဲဒီမှာ ရှုပ်ကုန်ပြီး ပြဿနာတွေလည်း တတ်တတ်ပါတယ်။ နောက်ပြီး လက်ရှိ http://www.mandalayalpha.com/ မှာ ကီးဘုတ်အမျိုးအစား အမျိုးမျိုးနဲ့ removal တွေပါ free download ပေးပါတယ်။ ကျနော်မကြိုက်ပါဘူး။ ဘာလို့လဲတော့ မမေးနဲ့။ အပေါ်က ကျနော်ပေးခဲ့တဲ့ installer တစ်ခုထဲကိုပဲ သုံးကြည့်ပါ။ installing complete ဖြစ်တယ်ဆိုရင် သူတောင်းတဲ့အတိုင်း restart ပေးလိုက်ပါ။ နေရာတိုင်းအတွက် လုံးဝ အဆင်ပြေပါတယ်။ အကယ်၍ အချို့ ၀င်းဒိုးမှာ installing မပြီးခဲ့ရင် အောက်က keyboard installer ကို run ပေးပါ။ (Vista နဲ့ Windows 7 မှာ ဖြစ်တတ်ပါတယ်။ 64-bit windows ဆိုရင်လည်း အခုပေးတဲ့ ကီးဘုတ်ပဲ အဆင်ပြေမှာပါ)
ကျနော်ပေးထားတာကို ဇစ်ဖြည်လိုက်ရင် Zawgyi ဆိုပြီး ဖိုဒါတွေ့လိမ့်မယ်။ အဲဒီထဲမှာ setup ဆိုတဲ့ ကမ္ဘာလုံးပုံလေးကို run ပေးပါ။ ၅ စက္ကန့် ခန့်အတွင်း complete လို့ ပြပါလိမ့်မယ်။ (loading တွေ installing တွေ ဘာမှ မပြပါဘူး)။ Finish ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ task bar မှာ ဇော်ဂျီကီးဘုတ် ပေါ်လာမှာ ဖြစ်ပါတယ်။ (ဒီ installer နဲ့ အလွဲအချော်ဖြစ်တာ၊ အဆင်မပြေတာ တခါမှ မတွေ့ဘူးသေးပါဘူး။ ၀င်းဒိုးအားလုံးအတွက် အဆင်ပြေပါတယ်)။ ဒီ installer က ကီးဘုတ် တစ်ခုထဲကိုသာ ထည့်သွင်းပေးတာဖြစ်လို့ ဖောင့်မပါသေးပါဘူး။ (အပေါ်က ပေးခဲ့တဲ့ installer သို့မဟုတ် အခြား Installer တွေ run ပြီးလို့ အဆင်မပြေမှ ဒါကို run တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါတစ်ခုထဲ run ထားတာ ဆိုရင်တော့ ဖောင့်ကို မိမိဘာသာ ထည့်ပေးရမှာဖြစ်ပါတယ်။
XP မှာ ဖောင့်တစ်ခုကို ထည့်သွင်းဖို့က ဖောင့်ကို copy ယူလာပြီး Control panel – Font ထဲမှာ paste ချပေးပါ။ ပြီးရင် ထည့်ပေးလိုက်တဲ့ ဖောင့်ကို double click နှိပ် (သို့) restart ချပေးမှ ဖောင့် active ဖြစ်ပါတယ်။ ဖောင့်အများကြီးကို install လုပ်ချင်တာ ဆိုရင်တော့ Control panel – Font ရဲ့ နေရာလွတ်တစ်ခုမှာ right-click လုပ်ပြီး install font ကို နှိပ်ပါ။ ပြီးရင် မိမိဖောင့်ထည့်ထားတဲ့နေရာကို ရွေးပေးပြီး၊ select လုပ်ကာ install လို့ ပေးလိုက်လို့ရပါတယ်။
Vista နဲ့ windows 7 အတွက်တော့ အရမ်းလွယ်သွားပါပြီ။ Install လုပ်ချင်တဲ့ ဖောင့်ပေါ် right-click ထောက်ပြီး install ဆိုတာကို နှိပ်ပေးရုံပဲ။ အများကြီး install လုပ်ချင်ရင် အားလုံးကို select လုပ်ပြီး right-click ထောက် install နှိပ်ပါ။
Zawgyi font ဆိုလို့ သက်တမ်းတစ်လျှောက်မှာ ထူးခြားတဲ့ ဖောင့်တမျိုးရှိပါတယ်။ စာလုံးမှားရေးတတ်သူတွေအတွက် အတော်လေး အထောက်ကူရပါတယ်။ ဥပမာ – သုညနဲ့ ၀လုံး လိုမျိုးပေါ့။ အခြားဖောင့်တွေ အားလုံးက အတူတူပါပဲ။ အဲဒီအတွက် အလွယ်ပဲ ၀လုံးနေရာ သုညကိုပဲ ရေးလိုက်ပါတယ်။ ဒီဖောင့်မှာကျတော့ သုည အပေါက်လေး နှစ်ပေါက် လုပ်ပေးလိုက်တဲ့အတွက် ၀လုံးနဲ့ သိသိသာသာကြီး ကွာခြားသွားပါတယ်။
နောက်ပြီး “နု” ဆိုပြီးရေးမယ်ဆိုပါစို့ မိမိက န ကို အခုအတိုင်း ခြေထောက်ပါတဲ့ အရှည်ရေးမိလိုက်ရင်လည်း -ု ထည့်တဲ့ အချိန်မှာ သူ့ဘာသာ ခြေထောက်မပါတဲ့ နငယ် ဖြစ်အောင် ပြောင်းလဲပြီး နု အဖြစ်ရေးပေးသွားပါတယ်။ အထူးသဖြင့် ယရစ်တွေပေါ့။ မြန်မာစာလုံးမှာ ယရစ်တွေ အမျိုးမျိုးရှိပါတယ်။ လုံးကြီးတင်ပါ ၊ မပါ ၊ ယရစ်ကြီး၊ သေး တွေ ရှိပါတယ်။ြ-ြ-ြ-ြ- စသဖြင့်တွေ့ပါလိမ့်မယ်။ လုံးကြီးတင်ပါရဲ့သားနဲ့ အပြည့်ယရစ်နဲ့ရေးမိရင် မလှသလို၊ လုံးကြီးတင်မပါပဲနဲ့ အပွင့်နဲ့ဆိုလည်း မလှပါဘူး။ အဲလို မျိုးအတွက် ဒီဖောင့်က မိမိကြိုက်တာရေးလိုက် သူ့ဘာသာ ပြောင်းလဲသွားပေးပါတယ်။ ဒါတွေရဲ့ creator က မာ့ခ် လို့ သိရပါတယ်။ ကျနော်ပြောတာထက် အများကြီးပိုပြီး update လုပ်ထားပြီးပါပြီ။ ဒီနေရာမှာ ဖောင့်တွေအတွက် သူပြောထားတာ အများကြီးရှိပါတယ်။ လေ့လာကြည့်ပါဦး။
ဇော်ဂျီဖောင့် နဲ့ ကီးဘုတ်တွေအတွက် အဆင်မပြေဖြစ်နေသေးသူများအတွက် ဒီပို့စ်ကို ရေးသားပါတယ်။
Source: http://panchitthu.wordpress.com
PS … http://thanlonnge.net/
PS … http://thanlonnge.net/
မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
3 comments:
ကျေးဇူးပဲ အခုလိုနာလယ်အောင်မြန်မာစာနဲ ရှင်ပြပေးကို နောက်လဲ ရှင်ပြပေးပါနော်
ကျေးဇူးပဲ အခုလိုနာလယ်အောင်မြန်မာစာနဲ ရှင်ပြပေးကို နောက်လဲ ရှင်ပြပေးပါနော်
ကျေးဇူးပဲ အခုလိုနာလယ်အောင်မြန်မာစာနဲ ရှင်ပြပေးတာကို နောက်လဲ ရှင်ပြပေးပါနော်
Post a Comment