အဲကမ္ဘောဇလေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် KBZ 243 ဖြစ်သော ATR 72 လေယာဉ်တစ်စင်းသည် ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ နံနက် ၁၀နာရီ ၅၃ မိနစ်ခန့်က သံတွဲလေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါမတော်တဆမှုကြောင့် ခရီးသည်တစ်ဦးမှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်းလည်း သိရပါသည်။
ခရီးသည်နှင့် လေယာဉ်အမှုထမ်းစုစုပေါင်း ၅၇ ဦးပါဝင်သော အဆိုပါလေယာဉ်မှာ ရန်ကုန်- ညောင်ဦး-ဟဲဟိုး-သဲတွဲ-ရန်ကုန် ခရီးစဉ်ဖြစ်ပြီး၊ ဟဲဟိုးလေဆိပ်မှ နံနက် ၁၀နာရီ ၈မိနစ်တွင် ထွက်ခွာလာခဲ့ပြီး သံတွဲလေဆိပ်သို့ နံနက် ၁၀နာရီ ၅၃ မိနစ်ခန့်က ဆင်းသက်စဉ်ယင်းကဲ့သို့ ပြေးလမ်းချော်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
''လေယာဉ်က ပြေးလမ်းပေါ်ကချော်ပြီး လေဆိပ်အဆောက်အအုံကိုကျော်ပြီး ဘယ်ဘက်ကို ထိုးဆင်းသွားခဲ့တယ်။ ဒါကြောင့်မို့ လေယာဉ်ရဲ့ရှေ့ Nose Wheel ကြိုးသွား ပြီး၊ နံပါတ် ၁ အင်ဂျင်ရဲ့ ဘယ်ဘက်က ပန်ကာ ကောက်သွားပါတယ်။ ခရီးသည်တွေကတော့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရမှုမရှိပါဘူး'' ဟု ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
အဆိုပါ လေယာဉ် မတော်တဆမှုကြောင့် သဲတွဲလေဆိပ်သို့ရောက်ရှိနေခဲ့သော ခရီးသည်များအား အဲကမ္ဘောဇလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးဖြင့် သွားရောက်ခေါ်ဆောင်နေပြီဟု ဆက်လက်သိရှိရပါသည်။
Source by :http://www.news-eleven.com/

0 comments:
Post a Comment