Home » , » ငါးထောင်တန် Sim Card

ငါးထောင်တန် Sim Card

Written By မောင်စေတနာ on Wednesday, February 22, 2012 | 8:30:00 AM

sim card တခုကို ကျပ် ငါးထောင် တဲ့။ မဖြစ်နိုင်ဘူး ပြောသူ ရှိသလို သိပ် ဖြစ်နိုင်တာပေါ့ တချို့နိုင်ငံတွေမှာ အလကားမတ်တင်းပဲ ပေးရတယ်လို့ ပြောသူလည်း ရှိပါတယ်။

တချို့လည်း ဂျာနယ်စာမျက်နှာတွေမှာ အပြင်းအထန် ဝေဖန်နေကြပါပြီ။ ကာတွန်း ဘီရုမာက ဒီအကြောင်းအရာကို အထက်ပါအတိုင်း ကာတွန်းဆွဲထားပါတယ်။

ဧရာဝတီဝိုင်းတော်သားတယောက် သုံးတဲ့ လက်ကိုင်ဖုန်း နဲ့ card ။ ထိုင်းမှာ ၀ယ်တယ်။
ဖုန်းတန်ဖိုး - ဘတ် ၆၀၀ ($ 20)
sim card တန်ဖိုး - ၄၉ ဘတ် ($ 2 ခန့်)

ထိုင်းမှာတော့ ဖုန်းက ပိုဈေးကြီးပါတယ်။
မြန်မာပြည်မှာတော့ sim card က ပိုဈေးကြီးနေပါပြီ။

sim card တခု ကျပ် ငါးထောင် ဇာတ်လမ်း အစပြုခဲ့ပုံကို အခုလို တွေ့ရမှာပါ။

ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်၊ သမ္မတရုံးကို အဆိုပြုထားသည်၊ ခွင့်ပြုချက်ရလျှင် မတ်လတွင် စတင်မိတ်ဆက်ပြီး ဇွန်လခန့်တွင် ရောင်းချပေးသွားမည်။

ရွှေပြည်တံခွန် ကုမ္ပဏီ၊ ဇန်န၀ါရီ ၃

ဆက်သွယ်မှု ကွန်ရက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာလိုအပ်ခြင်းနှင့် တည်ဆဲ ဥပဒေတို့အရ ကိုက်ညီမှု မရှိခြင်းတို့ကြောင့် ၎င်းကျပ် ၅၀၀၀ တန် ဖုန်းကိစ္စမှာ လောလောဆယ် တွင် ဖြစ်နိုင်ခြေ မရှိ သေး။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ ဇန်န၀ါရီ ၂၉

ဆင်းကတ် တခု ၅၀၀၀ ကျပ်နှုန်းဖြင့် မကြာမီ အချိန်ကာလအတွင်း ရောင်းချပေးနိုင်ရန် နိုင်ငံတော်၏မူဝါဒနှင့်အညီ အောင်မြင်အောင် စီမံကြိုးပမ်းဆောင်ရွက်တော့မည်

ရွှေပြည်တံခွန် ကုမ္ပဏီ၊ ဇန်န၀ါရီ ၃၀

မြန်မာပြည်မှာ sim card တခု ကျပ် ငါးထောင်နဲ့ ရမရ ဆိုတာ သမ္မတဦးသိန်းစိန်တို့ ဆံပင်တွေကျွတ်ထွက်မတတ် စဉ်းစားဆုံးဖြတ်ရမယ့် ကိစ္စဖြစ်မယ်လို့ ထင်ပါတယ်။ ရွှေပြည်တံခွန်က ဒီစီမံကိန်း လုပ်ချင်ကြောင်း သမ္မတရုံးကို ကမ်းလှမ်းပြီးပြီလို့ ဆိုထားတယ် မဟုတ်လား။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။