Home » , » ၂၀၁၁ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှု စုစုပေါင်း ၉၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုကြီးမားသော ကျပ် ၁၀ သန်းနှင့်အထက်ရှိ

၂၀၁၁ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှု စုစုပေါင်း ၉၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုကြီးမားသော ကျပ် ၁၀ သန်းနှင့်အထက်ရှိ

Written By မောင်စေတနာ on Monday, January 16, 2012 | 1:23:00 PM



၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်
ကူးတို့ဆိပ်ရပ်ကွက်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့စဉ်

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ မြန်မာ တစ်နိုင်ငံလုံးတွင် မီးလောင်မှုစုစု ပေါင်း ၉၂၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုကြီးမားသော ကျပ် ၁၀ သန်း နှင့်အထက် မီးလောင်မှု ၂၀ ကြိမ် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၁ ခုနှစ်၏ မီးလောင်မှုစာရင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှာ မီးလောင်မှုအများဆုံးဖြစ်နေပြီး မန္တ လေးတိုင်းဒေသကြီးမှာ မီးလောင်မှု ဒုတိယအများဆုံးဖြစ်ကာ စစ်ကိုင်း တိုင်းဒေသကြီးမှာ မီးလောင်မှု တတိယအများဆုံးဖြစ်ကြောင်း သိရှိရသည်။ မီးလောင်မှု စတုတ္ထ အများဆုံးမှာ ပဲခူးတိုင်းဒေသကြီး ဖြစ်ပြီး ပဉ္စမအများဆုံးမှာ မွန်ပြည် နယ်ဖြစ်ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှု စာရင်းများအရမူ ရခိုင်ပြည်နယ်သည် ဆုံးရှုံးမှုအများဆုံးဖြစ်နေပြီး ရန်ကုန် တိုင်းဒေသကြီးမှာ ဆုံးရှုံးမှု ဒုတိယ အများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းမှာ ဆုံးရှုံးမှု တတိယအများဆုံး ဖြစ် ကြောင်း သိရှိရသည်။

ဆုံးရှုံးမှုကြီးမားသော ကျပ် ၁၀ သန်းနှင့်အထက် မီးလောင်မှု အကြိမ် ၂၀ တွင်ဒီဇင်ဘာလ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့သော ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်ကူးတို့ဆိပ်ရပ်ကွက်တွင်ဖြစ် ပွားခဲ့သော မီးလောင်ပေါက်ကွဲမှု ဒီ ဇင်ဘာလ ၂၈ ရက် နေ့က ဖြစ်ပွား ခဲ့သောမရမ်းကုန်းမြို့နယ်ရှိ သာ ကူစေ့စက်ရုံမီးလောင်မှု ဒီဇင်ဘာလ ၃၀ ရက်နေ့ကဖြစ်ပွားခဲ့သော ရန် ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ် ရှိ စိန်အော်ဂတ်စတင်းကျောင်း မီး လောင်မှုစသည်တို့ ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ကျပ် ၅ သန်းမှ ၁၀ သန်းအထိဆုံးရှုံးသောမီးလောင် မှု ၂၃ ကြိမ်နှင့် ကျပ် ၁ သန်းမှ ၅ သန်းအထိဆုံးရှုံးသော မီးလောင်မှု ၆၇ကြိမ်ဖြစ်ပွားခဲ့သည်။

“၂၀၁၁ ခုနှစ်ဟာ မြန်မာနိုင်ငံ မှာ မီးလောင်မှုအကြိမ်ရေက ပြီးခဲ့ တဲ့ ၂၀၁၀ နဲ့ယှဉ်ရင် မတိမ်းမယိမ်း များတယ်လို့ဆိုရမှာပါ။ အဲဒီထဲ မှာမှ ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ ကျပ် ၁၀ သန်းနှင့်အထက် မီး လောင်မှုကြီး အကြိမ် ၂၀ ပါဝင်ခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာမီးလောင်မှု အများဆုံးဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းက ပေါ့ဆမှုကြောင့် ဖြစ်ပါတယ်”ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။

၂၀၁၁ ခုနှစ်အတွင်း မီးလောင်မှု အများဆုံးဖြစ်ပွားခဲ့သည့် အကြောင်းရင်းမှာ ပေါ့ဆမှုကြောင့်ဖြစ် ပြီး မီးဖိုမီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုမှာ ဒုတိယအများဆုံးဖြစ်ကာ လျှပ်စစ်ကြောင့်မီးလောင်ကျွမ်းမှုမှာ တတိယအများဆုံးဖြစ်ခဲ့ကြောင်းမီး သတ်ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

၂၀၁၁ ခုနှစ်၏ လအလိုက်မီးလောင်မှုစာ ရင်းများအရ နွေရာသီကာလဖြစ် သော မတ်လတွင် မီးလောင်မှု ၁၁၈ ကြိမ်ဖြင့် အများဆုံးဖြစ်ပြီး ဖေဖော်ဝါရီလတွင် မီးလောင်မှု ၁၀၇ ကြိမ်ဖြင့် ဒုတိယအများဆုံး ဖြစ်ကာ ဧပြီလတွင် မီးလောင်မှု ၉၆ ကြိမ်ဖြင့် တတိယအများဆုံး ဖြစ်ခဲ့ကြောင်း၊ မီးလောင်မှု အနည်းဆုံး လမှာ မိုးရာသီကာလဖြစ်သော သြဂုတ်လဖြစ်ပြီး မီးလောင်မှု ၃၇ကြိမ် သာ ဖြစ်ပွားခဲ့သည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။