Home » , , » MP3 format အကြောင်း သိကောင်း စရာ

MP3 format အကြောင်း သိကောင်း စရာ

Written By မောင်စေတနာ on Friday, December 9, 2011 | 10:31:00 AM



MPEG -1 Audio Layer 3 သည် MP 3 အဖြစ် အများသိကြပြီး Data Compression Form ကို အသုံးပြုသော Digital Audio Encoding Format ဖြစ်တယ်။ ၎င်းသည် Digital Audio Player တွင် Music ကို Transfer နှင့် Playback လုပ်ရန် Digital Audio Compression ၏ Standard ဖြစ်သည့်အပြင် Consumer Audio Storage အတွက် Common Audio Format လည်းဖြစ်ပါတယ်။

MP3 သည် Moving Picture Experts Group မှ Design ထုတ်လိုက်သော Audio-Specific Format ဖြစ်ပါတယ်။ ထိုအဖွဲ့ကိုဖွဲ့ထားသည်မှုာ FraunhoferII 3 in Erlangen, Germany, AT&T-Bell Labs in Murray Hill, NJ, USA,Thomson- Brandt နှင့် CCETT မှ အင်ဂျင်နီယာ အသင်းများ ဖြစ်ကြတယ်။

အဲဒီ အဖွဲ့ကို 1991 တွင် ISO/ IEC Standard အဖြစ် အသိအမှတ်ပြုထားပါတယ်။ MP3 တွင် Compression Algorithm ၏ အသုံးပြုမှုသည် Audio Recording အတွက် လိုအပ်သော Data Amount ကို လျှော့ချရန် ဖြစ်ပြီး နားထောင်သူများ အတွက်ကတော့ မူလက Compress လုပ်မထားသော Audio ကို ပြန်လည်ထုတ်လုပ်ခြင်းကဲ့သို့ ဖြစ်ပါတယ်။

128 Kbit/s Setting အဖြစ် Mid-Range Bit Rate ကိုသုံး၍ဖန်တီးလိုက်သော MP3 File ရဲ့ Original Audio Source မှ ထုတ်လိုက်သည့် CD File ရဲ့ ဆယ်ပုံတစ်ပုံ Size ရှိတဲ့ File တစ်ခု ဖြစ်လာလိမ့်မယ်။ MP3 File တစ်ခုကို Higher or Lower Resulting Quality နှင့် Higher or Lower Bit Rates များတွင် တည်ဆောက်နိုင်ပါတယ်။လူအများစုကြားနိုင်စွမ်းမရှိသော အသံ၏ အချို့ အစိတ်အပိုင်းများအတွက် Accuracy ကို Compression က ဖြတ်တောက်ပါတယ်။

ဤနည်းကို Perceptual Coding ဟုခေါ်ကြပါတယ်။ ၄င်းသည် လူ့နားနှင့်သိပ်မကြားနိုင်သော အသံအစိတ်အပိုင်းကို လျှော့ချဖြတ်တောက်ခြင်း၊ ကျန်သည့် Information ကို ထိရောက်စွာ Record လုပ်ခြင်းဖြင့် အချိန်တိုအတွင်း အသံ၏ အခြေအနေကို Frequency Analysis Window တွင် ဖော်ပြပါတယ်။ Image Compression Format JPEG မှ အသုံးပြုသော စည်းမျဉ်းများမှာ ၎င်းနှင့် သဏ္ဍာန်တူပါတယ်။

Source by :http://www.onlineictreader.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။