Home » , » မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တွင် မြန်မာစာပေဟောပြောပွဲ ကျင်းပပြုလုပ်ပြီးစီး (သတင်းဓာတ်ပုံ)

မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တွင် မြန်မာစာပေဟောပြောပွဲ ကျင်းပပြုလုပ်ပြီးစီး (သတင်းဓာတ်ပုံ)

Written By မောင်စေတနာ on Tuesday, December 13, 2011 | 6:30:00 PM



၁၁.၁၂.၂၀၁၁ တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ SM ကုန်တိုက် (၆)လွှာတွင် မြန်မာစာပေဟောပြောပွဲ ပြုလုပ် ကျင်းပခဲ့ပါသည်။ မလေးရှားနိုင်ငံ (ကေအယ်) နာရေးကူညီမှုအသင်းကြီးမှ စီစဉ်ပြုလုပ် အကောင် အထည်ဖော်ဆောင်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများ အတွက် မြန်မာတို့၏ ယဉ်ကျေးမှုများ နှင့် မြန်မာစာပေ ဗဟုသုတ ရရှိစေရန်အတွက် ရည်ရွှယ်ပြီးကျင်းပ ပြုလုပ်ပေးပြီး စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် မလေးရှားနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များမှ အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။



မြန်မာစာပေ ဟောပြောပွဲ အစီအစဉ်လေးကို နေ့လည် ၁၁ နာရီအချိန်တွင်စတင်ခဲ့ပြီး နာရေးကူညီမှု အသင်းကြီးမှ ဥက္ကဌ ဦးမျိုးပိုင် မှ မလေးရှားတွင် ယခု ပြုလုပ်ကျင်းပခဲ့သော စာပေဟောပြောပွဲ အကြောင်းအရာ များနှင့် ရည်ရွှယ်ချက် ဦးတည်ချက် များကို ကြွရောက်လာသော မြန်မာနိုင်ငံသား များ သိရှိစေရန် အတွက် အသိပေး ပြောကြားခဲ့ပါတယ်။



နေ့လည် ၁း၀၀ နာရီ အချိန်တွင် စာရေးဆရာ အကြည်တော်မှ "လမင်းဖမ်းပွဲ " ဆိုတဲ့ ခေါင်းစဉ်ဖြင့် စတင်ဟော ပြောခဲ့ပါသည်။ ဆရာအကြည်တော်မှ ဘဝတွင် မိမိ ဖြတ်သန်းရသော အတွေ့အကြုံများ ဟာသ ဆိုင်ရာ အကြောင်းများကို ဟောပြောပေးခဲ့ပါသည်။



မြန်မာစာပေဟောပြောပွဲတွင် မြန်မာနိုင်ငံသားများ စာပေဝါသနာရှင် လူငယ်များ လူဦးရေ ၁၃၀၀ ကျော် တက်ရောက် အားပေး လာကြပါသည်။



စာပေမြတ်နိုးသူ မြန်မာနိုင်ငံသားများ လာရောက် နားထောင်နေကြစဉ်



နေ့လည် ၂း ၁၀နာရီ အချိန်တွင် စာရေးဆရာမ သန်းမြင့်အောင်မှ ပရဟိတ အကြောင်းအရာ များ ပရဟိတ လုပ်ငန်းများ ပညာရေးအကြောင်းများ နှင့် " လူမှု ဘဝ ပရဟိတ နယ်ပယ် " ဆိုတဲ့ အကြောင်း အရာများကို ဟောပြောခဲ့ပါသည်။



မြန်မာစာပေ ဟောပြောပွဲ တက်ရောက် အားပေးကြသော ရွှေမြန်မာများ



မလေးရှားနိုင်ငံမှ စာပေမြတ်နိုးသူ မြန်မာနိုင်ငံသားများအား တွေ့ရစဉ်



နေ့လည် ၃း ၁၅ မီနစ် အချိန်တွင် ဆရာ နွမ်ဂျာသိုင်းမှ စတင်ဟောပြောပေခဲ့ရာတွင် " စာရေးသူမှ စာဖတ်သူသို့ "ခေါင်းစဉ်နဲ့ အတူ လူမှုဘဝ အကြောင်းများ စာပေအကြောင်းများ ကဗျာ ဟောပြောပေးရာတွင် " ဖိုးမောင်လာပြီ " ဆိုတဲ့ ကဗျာလေးအား စာဖတ်သူများ နားလည် စေရန်အတွက် စာပေသုတ အကြောင်းအရာ များကို ရှင်းလင်း ပြောပြ သွားခဲ့ပါသည်။



ဆရာများ စာပေဟောပြောပြီးစီးသော အချိန် ညနေ ၆း ၀၀ နာရီအချိန်တွင် စာပေဟောပြောပွဲမှ တက်ရောက်အားပေးကြသော ရွှေမြန်မာများအတွက် ကံစမ်းပွဲ အစီအစဉ်များ စတင်ပြီး ကံစမ်းမဲပေါက်သော သူများကို အမှတ်တရ လက်ဆောင်ပြီး ပေးအပ် ချီးမြှင့်ပြီး စီစဉ်ကြီးကြပ် ဦးဆောင်သူများက ဆရာများနှင့် အတူ အမှတ်တရ ဓာတ်ပုံများရိုက်ကာ ညနေ ၆း ၃၀ အချိန်တွင် အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

၁၈.၁၂.၂၀၁၁ (တနင်္ဂနွေနေ့ ) နေ့လည် ၁၂း ၀၀ နာရီမှ ညနေ ၅း ၀၀ နာရီအထိ ဓမ္မိကာရာမ မြန်မာ ဘုန်းတော်ကြီးကျောင်း မလေးရှားနိုင်ငံ ပီနန်မြို့ တွင်မြန်မာစာပေ ဟောပြောပွဲ အစီအစဉ်များ ကျင်းပ ပြုလုပ်မည်ဖြစ်ပါကြောင်း ပီနန်မြို့မှ စာပေမြတ်နိုးသူ ရွှေမြန်မာများ အား အသိပေး အပ်ပါသည်။


နေဇော်လင်း (မလေးရှား)

www.nayzawlin1.com

Share this article :

5 comments:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

သူငယ်ချင်း အရမ်းတော်တယ်နော် အောင်မြင်ပါစေနော် ဆုတောင်းပေးပါတယ်။
သူငယ်ချင်း လွမ်း

စက္ကဝါဆာန် said...

အေးဗျာ တစ်ခါတလေ ဒီလိုစာပေဟောပြောပွဲလေးလုပ်ပေးတာဟာ ကျွန်တော်တို့လိုအမိမြေနဲ့ဝေးကွာနေတဲ့သူတွေအတွက်တော့စိတ်ဓါတ်ခွန်းအားဖြစ်စေပါတယ် စီစဉ်သူကိုရော တင်ပြပေးသူငါ့ညီကိုလည်း ကျေးဇူးတင်ပါတယ် မအားလပ်လို့မသွားဖြစ်ပေမယ့် ဒီလိုမျိုးလေးဖတ်ခွင့် ကြည့်ခွင့်ရတာနဲ့ပဲ ကျေနပ်လိုက်ရတာ ရင်နာတယ်ဗျာ

tkm said...

ကျေးဇူးပဲညီလေးရေ.....
ဒီနှစ်တော့..အကိုမလာဖြစ်တော့ဘူးကွာ...
သွားမယ်လို့..အားခဲထားလည်း..
အကြောင်းကြောင်းလေးတွေကြောင့်.....
မလာဖြစ်တာပါ..

Anonymous said...

လာချင်သော်လဲမလာရတဲ့ ဘ၀ပါလားနော် ဒီလို ဆရာကြီးတွေပြောတာကို စာအုပ်ထဲမှာထက် သူ့ တို့ ရဲ့ စကားသံကိုနားထောင်ချင်နေတာဗျာာာာ..ဒီတစ်နှစ်တော့လွဲပြီပေါ့ နော့ .............။

Angelhlaing(May everybody be happy and healthy! said...

အဲလိုပွဲမျိုးတွေ တက်ချင်တာ....ခုတော့..:(

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။