Home » , » 2751ခုနှစ်၊ (10) ကြိမ်မြောက် ကရင့်နှစ်သစ်ကူး အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ (ရုပ်သံ)

2751ခုနှစ်၊ (10) ကြိမ်မြောက် ကရင့်နှစ်သစ်ကူး အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ (ရုပ်သံ)

Written By မောင်စေတနာ on Thursday, December 15, 2011 | 11:30:00 AM



ကရင်သက္ကရာဇ် ၂၇၅၁ ခုနှစ်၊ (၁၀)ကြိမ်မြောက် မလေးရှားကရင်အမျိုးသားနှစ်သစ်ကူး အထိမ်းအမှတ် ဘော လုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့ ၁၁-၁၂-၂၀၁၁၊ မနက်(၉)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားပြီး တဆက်တည်းမှာပင် ဆုဖလားကိုပါ ချီးမြင့်ပေးအပ်ခဲ့သည်။

ယမန်နေ့ မျိုးချစ်လူငယ်(Kalang)အသင်းနှင့် ဇွဲကပင်(Alor) အသင်းတို့ ဗိုလ်လုပွဲသည် အကြိတ်အနယ် ရှိလှပြီး ပထမပိုင်းပြီးဆုံးတဲ့အထိ ဂိုးမရှိသရေကျခဲ့သည်။ ဒုတိယပိုင်းပြန်စပြီး (၁၀)မိနစ်ခန့်တွင် မျိုးချစ်လူငယ် အသင်းမှ ခဲရာခဲဆစ် တစ်ဂိုးရရှိခဲ့ပြီး ဇွဲကပင်အသင်းမှ ပြစ်ဒဏ်ဘော ပယ်နတီဖြင့် ချေပဂိုးသွင်းယူနိုင်ခဲ့သည်။

မိနစ်(၉၀)ပြည့်၍ အရှုံအနိုင်မပေါ်သောကြောင့် အချိန်ပို မိနစ်(၃၀) ဆက်ကန်ရာမှာ တဖက်နှင့်တဖက် ဂိုးမ သွင်းနိုင်ကြပဲ ပယ်နတီဖြင့် အရှုံးအနိုင် ဆုံးဖြတ်ခဲ့ရသည်။

၎င်းပယ်နတီအဆုံးအဖြတ်သည် ဇွဲကပင်(Alor) အသင်းက မျိုးချစ်လူငယ်အသင်းကို ၄-၂ ဖြင့် အနိုင်ရရှိ သွားပြီး ၂၇၅၁- (၁၀)ကြိမ်မြောက် ချန်ပီယံဆုဖလားကို ဇွဲကပင်(Alor) အသင်းက ဆွတ်ခူးရရှိသွားပါသည်။
ဆုပေးပွဲနှင့် ဗိုလ်လုပွဲစဉ်ကို အောက်ပါရုပ်သံတွင် ကြည့်ရှုနိုင်ပါသည်။



Source by :http://www.9dblood.co.cc/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။