Home » » အကျဉ်းကျနေသည့် ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံ

အကျဉ်းကျနေသည့် ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံ

Written By မောင်စေတနာ on Thursday, December 15, 2011 | 2:30:00 PM



ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)သည် ခရိုင်အတွင်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများနှင့် သွားရောက် တွေ့ဆုံခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်း ဖန်ငထောင်တွင် တစ်ကြိမ်၊ တကွန်ပါထောင်တွင် တစ်ကြိမ် နှစ်ရက်ခွဲပြီး သွားရောက်ခဲ့သည်။ တစ်ကြိမ်လျင် တစ်နာရီကျော်ခန့် တွေ့ဆုံခွင့် ရခဲ့သည်ဟု သိရသည်။

အကျဉ်းထောင် နှစ်ခုတွင် အကျဉ်းကျ ခံနေရသော ရွှေ့ ပြောင်းမြန်မာ အလုပ်သမား (၅၇)ဦးနှင့် တွေ့ဆုံခဲ့ပြီး မဂ္ဂဇင်း၊ ဆောင်းပါးနှင့် အလုပ်သမား အခွင့်အရေး ဆိုင်ရာ စာအုပ်၊ စာစောင်များ၊ အစားအသောက်၊ ဆေးဝါးများနှင့် အားကစား ပစ္စည်းများကို ပေးအပ်လှူဒန်းခဲ့ကာ အားပေး စကားများ ပြောကြားခဲ့သည်။

တကွန်ပါ အကျဉ်းထောင်မှူးက အမှာစကား ပြောကြားရာတွင် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED)က ပုံမှန် ထောင်ဝင်စာ လာတွေ့ဆုံ ပေးခြင်းကြောင့် မိမိအနေနှင့် ကျေးဇူးတင်ကြောင်း၊ ထောင်သားများ အနေနှင့်လည်း ကျေးဇူးတင်သင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အလုပ်သမား ဖွံ့ဖြိုးရေးဌာန တာဝန်ခံ ကိုမိုးဝေက နိုင်ငံရပ်ခြားတွင် အကြောင်း အမျိုးမျိုးကြောင့် ထောင်ကျ နေရသော အလုပ်သမားများကို မိမိအနေနှင့် စာနာမိပါကြောင်း၊ ထောင်သား အချင်းချင်း တစ်ဦးနှင့် တစ်ဦး ချစ်ခင်စွာဖြင့် ရိုင်းပင်းကူညီ နေထိုင်သင့်ကြောင်း၊ ထောင်တွင်းတွင် လိမ္မာပါက လျော့ရက်များစွာ ရနိုင်ကြောင်း၊ မိမိ၏ ဆွေမျိုး ညီအစ်ကို မောင်နှစ်မများနှင့် အဆက်အသွယ် ပြတ်နေသူများ အခက်အခဲရှိပါက ပြောကြား နိုင်ကြောင်း ပြောခဲ့သည်။



ကျန်းမာရေးဌာန တာဝန်ခံ ကိုအောင်ကြည်ကလည်း ကျန်းမာရေး ပညာပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ ပေးခဲ့သည်ဟု သိရသည်။

အကျဉ်းသားများက မိမိတို့ ထောင်ကျနေသည့်တိုင် လာရောက်တွေ့ဆုံပြီး အခုလို အားပေးစကား ပြောခြင်း၊ အသိပညာပေးခြင်း၊ မိမိတို့ အတွက် စာအုပ်များ၊ အားကစား ပစ္စည်းများ၊ အစားအသောက်နှင့် ဆေးဝါးများ ထောက်ပံ့ ပေးခဲ့ခြင်းများကြောင့် ၀မ်းသာ အားတက်ကြောင်းနှင့် မိမိတို့ အချင်းချင်း ရိုင်းပင်ကူညီစွာ နေထိုင် သွားမည် ဖြစ်ပါကြောင်း ပြန်လည်ပြောကြား ခဲ့သည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)အနေဖြင့် ဖန်ငခရိုင် အတွင်းရှိ အကျဉ်းထောင်များသို့ တလလျင် တကြိမ် သွားရောက်ကာ ရွှေ့ပြောင်းမြန်မာ အကျဉ်းသားများနှင့် တွေ့ဆုံလျက်ရှိသည်ဟု သိရသည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။