Home » » ဒိန်ချဉ် သောက်သုံးခြင်း အကျိုး ကျေးဇူးများ

ဒိန်ချဉ် သောက်သုံးခြင်း အကျိုး ကျေးဇူးများ

Written By မောင်စေတနာ on Saturday, November 19, 2011 | 1:30:00 PM



ဒိန်ချဉ်သောက်သုံး ခြင်းဖြင့်အောက်ပါအကျိုး ကျေးဇူးများရရှိနိုင်ပါသည်။
ကိုယ်ခန္ဓာအတွင်းသို့ ရောဂါဖြစ်စေသော ဗက် တီးရီးယားပိုးများ ဗိုင်းရပ်စ် ပိုးများဝင်ရောက်မှုကို ခုခံ ကာကွယ်ပေးသည်။ အကျိုးပြုဗက်တီးရီးယား ပျက်စီးဆုံးရှုံးခြင်းအား ပြန်လည်ဖြည့်စွမ်းပေးသည်။ သို့ အတွက် ပြင်ပမှရောဂါပိုးများ မ၀င်နိုင်အောင် ကာကွယ်ပေးနိုင်သည်။

ဥပမာ တိုက်ဖွိုက်ရောဂါပိုး၊ ၀မ်းကိုက်ရောဂါပိုး၊ ၀မ်းလျှောစေသော ရောဂါပိုးများကို ဟန့်တားပေးနိုင်သည်။ ဒိန်ချဉ်သောက်သည့်အတွက် ၀မ်းပျက်ဝမ်းလျှောမ ဖြစ်စေပါ။ ရာသီ အလိုက်ဖြစ်တတ်သော တုပ်ကွေးများ၊ အအေးမိခြင်းများနှင့် ယခုကာလ ကပ်ရောဂါအသွင်ဖြစ်နေသောကြက်ငှက်တုပ်ကွေး၊ ကမ္ဘာ့လူတုပ် ကွေးရောဂါပိုးများ ကူးစက်ခြင်းဘေးမှ ကာကွယ်မှုရစေနိုင်သည်။

အခြားအကျိုးအာနိသင်များ
ဒိန်ချဉ် သောက်သုံးခြင်းဖြင့် အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်တတ်သူများကို သက်သာစေသည်။ ထိပ်ခတ်နာ ဖြစ်ခြင်း၊ လေရှူပြွန် ရောင်ရမ်းခြင်း၊ နမိုးနီးယား ဖြစ်ခြင်း၊ ခူရောဂါ ဖြစ်ခြင်းနှင့် ပန်းနာရင်ကျပ် ရှိသူများကို သက်သာပျောက်ကင်းစေပါသည်။

ကင်ဆာရောဂါများကို ကာကွယ်ပေးသည်။ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ် ပေးပါသည်။ အရိုးများကို ကြံ့ခိုင်စေသည့်အတွက် အရိုးပွမှု အန္တရာယ်ကို ကာကွယ်ပေးသည်။ ခံတွင်း အနံ့ဆိုးခြင်း မဖြစ်အောင် ကာကွယ်ပေးသည်။

ဝက်ခြံများပေါက်ခြင်းကို ပျောက်ကင်းစေသည်။ အသက်ရှည်ခြင်းကို အ ထောက်အပံ့ဖြစ်စေပါသည်။သို့ဖြစ်၍ ဒိန်ချဉ်ကို ၂ နှစ်ကျော် ကလေးအရွယ် မှ အစပြု၍အသက်ကြီးသည်အထိ နေ့စဉ် စားသင့်သော အစာအာဟာရ တစ်ခုအဖြစ်လည်းကောင်း၊ ဆေးဖက်ဝင် အစားအစာတစ်ခုအဖြစ်လည်း ကောင်း၊ သက်စောင့်ဆေးဟု လည်းကောင်းဆိုစမှတ် ပြုကြသည်။

ထူးခြားချက်
နွားနို့၊ နို့မှုန့်ကဲ့သို့ နို့ထွက် အစာများပြီးတိုင်း ၀မ်းပျက်ဝမ်းလျှော ဖြစ်တတ်သော ကလေးများအား ဒိန်ချဉ်ကို ဦးစွာ သောက်စေပြီးမှ ယင်းနို့ထွက် အစာများကို တိုက်ကျွေးပါက၀မ်းပျက်၊၀မ်းလျှောခြင် မဖြစ်စေနိုင်ဟုဆိုသည်။

Source by :https://linyonemagazine.wordpress.com/
Share this article :

1 comments:

မဒမ်ကိုး said...

စားအုံးမှား) ကြိုက်တယ်း)

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။