Home » » မြန်မာ ဒုတိယ​မြောက်​ ​ရွှေတံဆိပ်ဆု ဆွတ်ခူး

မြန်မာ ဒုတိယ​မြောက်​ ​ရွှေတံဆိပ်ဆု ဆွတ်ခူး

Written By မောင်စေတနာ on Saturday, November 19, 2011 | 5:30:00 PM



မြန်မာ အားကစားအဖွဲ့အတွက် ဒုတိယမြောက်​ ​ရွှေတံဆိပ်ကို အနောက်တိုင်း လှေလှော်အဖွဲ့က ဆွတ်ခူးရရှိပါတယ်။

၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဝင်​ ​မြန်မာ အားကစားအဖွဲ့အတွက် ဒုတိယမြောက် ရွှေတံဆိပ်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ အနောက်တိုင်း လှေလှော်ပြိုင်ပွဲကနေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီတကြိမ် မြန်မာတို့ အတွက် ရွှေတံဆိပ် ရယူပေးခဲ့သူတွေကလည်း အမျိုးသမား အားကစားမယ်တွေ ဖြစ်ပါတယ်။ အနောက်တိုင်းလှေလှော် အမျိုးသမီး​ နှစ်ယောက်တွဲပွဲစဉ်မှာ သန်းသန်းငွေနဲ့ ရွှေစင်လတ်အတွဲက အနိုင်ရဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

အနောက်တိုင်းလှေလှော် LW2X ပွဲစဉ်မှာ မြန်မာအဖွဲ့က စံချိန် ၇ မိနစ် ၃၇ စက္ကန့်နဲ့ ဗိုလ်စွဲပြီး၊ ထိုင်းက စံချိန် ၇ မိနစ် ၄၄ စက္ကန့် နဲ့ ငွေတံဆိပ်၊ ဗီယက်နမ်က စံချိန် ၇ မိနစ် ၅၆ စက္ကန့် နဲ့ တတိယကြေးတံဆိပ် ရရှိခဲ့ကြပါတယ်။

သန်းသန်းငွေနဲ့ ရွှေစင်လတ် အတွဲဟာ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပတဲ့ W2 ပွဲမှာစဉ်မှာလည်း ငွေတံဆိပ်​ ရရှိခဲ့သူတွေ ဖြစ်ပါတယ်။

Source by :dvb.no
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။