Home » » ရေဘေးကြောင့် ထိုင်းရောက် မြန်မာများ အလုပ်လက်မဲ့ ဖြစ်နေ

ရေဘေးကြောင့် ထိုင်းရောက် မြန်မာများ အလုပ်လက်မဲ့ ဖြစ်နေ

Written By မောင်စေတနာ on Saturday, November 19, 2011 | 10:20:00 AM


ရွှေ့​​ပြောင်း​​ ​မြန်​မာ​ ​အ​လုပ်​သ​မား​များ

ဘန်ကောက် အထက်က အယုဒ္ဓယခရိုင်မှာ ရေကျနေပြီ​ ​ဖြစ်ပေမယ့်​ စက်ရုံ အလုပ်ရုံတွေ ပြန်မဖွင့်နိုင်သေးလို့ မြန်မာအလုပ်သမား ထောင်ပေါင်းများစွာ အလုပ်လက်မဲ့​ ​ဖြစ်နေကြပါတယ်။

အယုဒ္ဓယမှာရှိတဲ့ အီလက်ထရောနစ် စက်ရုံ၊ ဟိုင်းထက်စက်ရုံ၊ ကွန်ပြူတာ​ စက်ရုံ​ စတာတွေမှာ​ ​မြန်မာ အလုပ်သမားတွေ အလုပ်လုပ်နေကြတာပါ။

ကွန်ပျူတာစက်ရုံ ၂ လကြာ​ ​ရေမြုပ်နေလို့ အလုပ်ပြုတ်နေတဲ့ ကွန်ပျူတာ အစိတ်အပိုင်း တပ်ဆင်သူ အလုပ်သမ တဦးက “အလုပ်မရှိဘူး။ ဘယ်သူမှ မကူညီဘူး။ အခုဟာ အလုပ်ပိတ်ထားတယ်။ ရေမြုပ်လို့။ သူငယ်အချင်းတွေတော့ ဗမာပြည် ပြန်သွားပြီ။”

အလုပ်ရှာပေးခဲ့တဲ့ ဈေးဆိုင်ပိုင်ရှင်တဦးဖြစ်သူ မြန်မာအမျိုးသမီး ဒေါ်ဝမ်ဒီရဲ့ တိုက်မှာ အခြား မြန်မာအလုပ်သမားတချို့နဲ့ အတူ ခေတ္တခိုလှုံနေပါတယ်။

အယုဒ္ဓယနဲ့နီးတဲ့ စခန်းမိုင်ရပ်ကွက်​ ​ကက်သလစ်အသင်းတော်က​ ​မြန်မာအလုပ်သမား ရေဘေးကယ်ဆယ်ရေး စခန်းတခုကို ဖွင့်ထားပါတယ်။

အဲဒီက အလုပ်သမားစာရင်း ပြုစုသူ ဦးသန်းဖေက​ ​အလုပ်ပြုတ်နေတဲ့ မြန်မာအလုပ်သမား​ ဦးရေကို ခုလို​ ​ပြောပြပါတယ်။

“အယုဒ္ဓယစာရင်း ​ အရဆိုရင် တသောင်းကျော်တာပေါ့နော်။ ဒါစာရင်းအ၀င်ပေါ့နော်။ တရားမ၀င်တဲ့လူတွေက ဒါထက် ၂ ဆလောက်ရှိတာပေါ့နော်။ အလုပ်သမားကိစ္စတွေက သူဌေးပေါ်မှာတည်တယ်။ ပျက်စီးနေတဲ့ဟာတွေကို အစိုးရက တဖက်တလမ်းက ထောက်ပံ့ပြီးမှ စက်ရုံပြင်ဆင်မယ်။ သူဌေးတွေက အဲဒီအလုပ်သမားတွေကို ပြန်ခိုင်းတာတော့ရှိမှာပေါ့။”

စခန်းမိုင်မှာ ကက်သလစ် အသင်းတော်ကဖွင့်ထားတဲ့ မြန်မာရေဘေးစခန်းဟာ ဘန်ကောက် အယုဒ္ဓယနဲ့ အနီးအနားခရိုင်တွေက မြန်မာဒုက္ခသည်တွေ ဘာသာမရွေး လာရောက်ခိုလှုံနိုင်တယ်လို့ ဦးသန်းဖေက ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရေလွှမ်းမိုးမှုကြောင့် အလုပ်ရုံစက်ရုံပေါင်း တသောင်းခွဲခန့်နားထားရပြီး လူ ၇ သိန်းလောက် အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ထုတ်ပြန်ပါတယ်။

နိုင်ငံခြားကားထုတ်လုပ်ရေး စက်ရုံကြီးတွေနဲ့ ကွန်ပျူတာ၊ အီလက်ထရောနစ် အလုပ်ရုံ အများအပြား ဖွင့်လှစ်ထားတဲ့ အယုဒ္ဓယခရိုင်တခုတည်းမှာ ထိုင်းအလုပ်သမား ၃ သိန်းလောက် အလုပ်လက်မဲ့ဖြစ်နေကြပြီး သူတို့ကို အလုပ်ပြန်လည် နေရာချထားရေးအတွက် ထိုင်းအစိုးရက တစုံတရာ လုပ်မပေးနိုင် သေးဘူးလို့  ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီနေ့ အစိုးရ နောက်ဆုံးထုတ်ပြန်ချက်အရ ရပ်ကွက်ဇုန် ၅၀ ရှိတဲ့ ဘန်ကောက်မြို့တော်မှာ ရပ်ကွက်ဇုန် ၄၀ ကို ရေလွှမ်းနေပြီး ကျန် ၁၀ ခုလုံးကိုလည်း ရေဘေးသတိပေးထားရတဲ့ အခြေအနေ ရောက်နေပါတယ်။

Source by :http://burmese.dvb.no
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။