Home » , , » အကြောက်လွန် ရောဂါများ (ကျန်းမာရေး ဆိုင်ရာ)

အကြောက်လွန် ရောဂါများ (ကျန်းမာရေး ဆိုင်ရာ)

Written By မောင်စေတနာ on Wednesday, August 15, 2012 | 2:54:00 PM



အကြောက်လွန် ရောဂါများအကြောက် လွန်ရောဂါ ဖြစ်ပွားရ ခြင်းအကြောင်းရင်းကို ယခုအထိ ရှင်း မပြနိုင် ကြသေးပါ။ သို့သော်လည်း ရိုးစင်းသော အကြောက်လွန်ရောဂါ တစ်ခု အကြောင်း ခြေရာ ခံလေ့လာ ကြည့်သောအခါ တစ်ခါတစ်ရံ တွေ့ရ တတ်သည်မှာ ကလေးဘဝ စောစော ပိုင်း၌ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံ တစ်ခုခုကြောင့် ဖြစ်နေသည်ကို တွေ့ရ တတ်ပါသည်။

နမူနာအားဖြင့်ပြရ သော် ကလေးဘဝတွင် အခန်းတစ်ခု ထဲ၌ အလုံပိတ် ခေတ္တခဏ ချောင် ပိတ်မိနေခဲ့ဖူးသော အတွေ့အကြုံရှိခဲ့ ပြီး အသက်ကြီးလာသောအခါ Claustrophobia အလုံပိတ်အခန်း ကို ကြောက်ရွံ့ခြင်းရောဂါ ခံစားရ တတ်ပါသည်။ ရိုးရိုးအကြောက်လွန် ရောဂါများ သည် မျိုးရိုးလည်း လိုက်တတ်သည်။ သို့သော်လည်း သူ၏ မိသားစုဝင်က အလားတူ အကြောက်လွန်ရောဂါရှိ နေခြင်းကြောင့် ကလေးတွင်လည်း သူ၏ ဆွေမျိုးကဲ့သို့ပင် အကြောက် လွန်ခြင်းရောဂါ ခံစားလာရနိုင်သည်။

ရှုပ်ထွေးအကြောက်လွန်ရောဂါ များဖြစ်သည့် ဥပမာ- Agoraphobia ကွင်းပြင်ကျယ်များကို ကြောက်ရွံ့ခြင်း ကဲ့သို့သော ရောဂါမျိုးသည် တစ်ခါ တစ်ရံတွင် ရှင်းမပြနိုင်သောထိတ်လန့် တကြားဖြစ်မှုကြောင့် ကြုံတွေ့ရပြီး နောက် ခံစားရတတ်သည်။ အချို့သူ များက စိတ်ဖိစီးမှုဖြစ်နေသော အခြေ အနေကို သူတို့အတွက် အကြောက် လွန်ရောဂါဖြစ်အောင် မောင်းခလုတ် ဖြုတ် ပေးသည်ဟု ဆိုတတ်ကြသည်။

ထို အခြေအနေကြောင့် စိုးရိမ်သောက ဖြစ်ကာ အကြောက်လွန်ရောဂါ ခံစား ရခြင်းဖြစ်သည်ဟု ဆိုသည်။ လူမှုရေး အကြောက်လွန်ရောဂါ အများစုသည် လူမှုအခြေအနေတစ်ရပ်ရပ်တွင် ရုတ် တရက် ရင်ဆိုင်ကြုံတွေ့လိုက်ရသော စိုးရိမ်သောက အထွတ်အထိပ်ရောက် မှုကြောင့် အကြောက်လွန်ရောဂါ ခံစားရခြင်းဖြစ်သည်။ မိမိကိုယ်မိမိ တန်ဖိုးထားမှု ကင်းမဲ့သောသူတွင် လည်း ဖော်ပြပါအကြောက်လွန်ရောဂါ များ စွဲကပ်ခံရလေ့ရှိသည်။

Source by :http://www.yoyarlay.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။