Home » » မြန်မာများ စင်ကာပူတွင် အမြဲတမ်း နေထိုင်ခွင့် ရရန် ပိုမိုခက်ခဲလာ

မြန်မာများ စင်ကာပူတွင် အမြဲတမ်း နေထိုင်ခွင့် ရရန် ပိုမိုခက်ခဲလာ

Written By မောင်စေတနာ on Tuesday, November 15, 2011 | 4:30:00 AM



၂၀၁၀ ပြည့်နှစ်မှ စတင်ကာ စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်ရရန် လျှောက်ထားခဲ့သည့် မြန်မာများ ပယ်ချခံခဲ့ရမှု များလာသည့်အပြင် လျှောက်ထားရာတွင် ပိုမိုခက်ခဲလာခဲ့သည်ဟု စင်ကာပူရောက် မြန်မာများ ထံမှ စုံစမ်းသိရှိရပါသည်။

အကြောင်းမှာ စင်ကာပူအစိုးရ၏ အလုပ်သမားရေးရာနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒ အပြောင်းအလဲများကြောင့် အစိုးရကျောင်းဆင်းများသည်ပင် စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်(PR) ရရှိရန်ပိုမို ခက်ခဲလာခဲ့သည်ဟု သိရှိရသည်။

“ကျွန်တော်ဆို Spass နဲ့ စင်ကာပူမှာနေတာ သုံးနှစ်လောက်ရှိပြီ။ လွန်ခဲ့တဲ့နှစ်က PR ရလိုရငြားလျှောက် ခဲ့တယ်။ ပယ်ချခံခဲ့ရတယ်” ဟု စင်ကာပူရှိ ဘွန်လေးတွင် နေထိုင်သည့် မြန်မာအင်ဂျင်နီယာ တစ်ဦးက ပြောပြခဲ့သည်။

PR ကိုတော့ မလျှောက်ဖြစ်ဘူး။ အခုအချိန်မှာ ကိုယ်ရတဲ့လစာ အနေအထားက မြင့်နေတယ်။ PR ဆို အခွန်ဆောင်ရတာတွေက အစ နည်းနည်းမြင့်တယ်။ ဒါ့ကြောင့် PR မလျှောက်ဘူး . . .

“အခုအချိန်မှာ PR လျှောက်တဲ့ နိုင်ငံသားတိုင်းကို အရေအတွက်ပေါ် မူတည်ပြီး ထိန်းချုပ်မှု၊ ကန့်သတ်မှု အမြောက်အမြား လုပ်ခဲ့တယ်။ စင်ကာပူ သတင်းစာတွေထဲမှာလည်း အမြောက်အမြား ဖော်ပြထားပြီးခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပိုင်းလောက် ကတည်းက PR ပေးတာတွေ လျှော့ချခဲ့ကြတယ်။ အစိုးရကျောင်း ပြီးထားတဲ့သူတွေထဲမှာတောင် အခုအချိန်မှာ PR လျှောက်ထားရင် အရမ်းကိုကန့်သတ်ချက် များနေပါသေးတယ်။ ဒါပေမယ့် အစိုးရကျောင်းတက်ပြီး လို့ ဘွဲ့ရတဲ့အခါ သုံးနှစ်စာချုပ်နဲ့ စင်ကာပူမှာ အလုပ်ပြန်လုပ်ပြီးရင် သူ့ရဲ့အရည်အသွေး၊ လုပ်ဆောင်ချက်ပေါ် မူတည်ကာ PR လျှောက်ထားမှု ပြုနိုင်ကြတယ်”ဟု အစိုးရတက္ကသိုလ် SMU ၏ Assistant Director Mr. Andrew Low Kim Khoon က ရှင်းပြခဲ့သည်။

ထို့ပြင် အချို့မှာလည်း နေထိုင်ခွင့်အမျိုးအစားနှင့် လစာကောင်း ရရှိထားမှုပေါ် မူတည်ကာ စင်ကာပူ PR ကို လျှောက်ထားခြင်း မပြုသူများလည်း ရှိနေကြသည်။

“ကျွန်မဆို ဒီက အစိုးရတက္ကသိုလ်ကြီး တစ်ခုမှာတက်ပြီး အခု ပရောဂျက်တစ်ခု စ၀င်နေပြီ။ PR ကို တော့ မလျှောက်ဖြစ်ဘူး။ အခုအချိန် မှာ ကိုယ်ရတဲ့လစာ အနေအထားက မြင့်နေတယ်။ PR ဆို အခွန်ဆောင် ရတာတွေကအစ နည်းနည်းမြင့်တယ်။ ဒါကြောင့် PR မလျှောက်ဘူး”ဟု NTU တွင် မာစတာပြီးထားသည့် ကျောင်းသူတစ်ဦးက ပြောပြခဲ့သည်။

အောက်တိုဘာလ ၁၃ ရက်နေ့ စင်ကာပူရှိ ပညာရေးဝန်ကြီးဌာန တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ ကောက်နုတ်ချက်များ အရ နောင်တွင် စင်ကာပူကျောင်း တက်ရောက်မည့် အလယ်တန်းအဆင့် မြန်မာအပါအ၀င် နိုင်ငံစုံမှလူငယ်များမှာ စင်ကာပူအစိုးရ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာနေထိုင်မည်ဆိုပါက နိုင်ငံသားအဖြစ် ခံယူခွင့်ကိုလည်း တိုးမြင့်ကူညီသွားမည်ဖြစ်ကြောင်းကို MSI ပညာရေးဝန်ဆောင်မှု လုပ်ငန်း မန်နေဂျင်း ဒါရိုက်တာက ဖော်ပြထားခဲ့သည်။

မြန်မာကျောင်းသားများ စင်ကာပူ PR အား ၂၀၀၇ ခုနှစ်မတိုင်ခင်အထိ လွယ်ကူစွာ လျှောက်ထားရ ရှိခဲ့ကြသည့်အပြင် မြန်မာနိုင်ငံမှ ဘွဲ့ရများမှာ စင်ကာပူတွင် အလုပ်ရရပြီး S passဖြင့် နေထိုင်ကာ PR လျှောက်ခြင်း၊ ပေါ်လီတက်ရောက်ပြီးသူများမှ PR လျှောက်ခြင်းများကို အများဆုံး ပြုလုပ်ခဲ့ကြသည်။

စင်ကာပူတွင် ဇွန်လကုန် လူဦးရေစာရင်း ထုတ်ပြန်ချက်များအရ စင်ကာပူနိုင်ငံသား ဦးရေ ၃ ဒသမ ၇၉ သန်း၊ နိုင်ငံခြားသား ၁ ဒသမ ၃၉ သန်းရှိပြီး ယင်းတို့ထဲမှ ၃ ဒသမ ၂၆ သန်းမှာ စင်ကာပူ နိုင်ငံသားများ ဖြစ်ပြီး ကျန်သည့် ၀ ဒသမ ၅၃ ဦးရေမှာ စင်ကာပူတွင် အမြဲတမ်း နေထိုင်ခွင့် ရထားသည့်လူများ ဖြစ်ကြောင်း ကောက်နုတ်ချက်အချို့ကို Myanmar Search International ပညာရေး ၀န်ဆောင်မှုမှ သိရှိရပါသည်။

Source by :http://first-11.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။