Home » » စင်္ကာပူ passports များ အကြောင်း .......

စင်္ကာပူ passports များ အကြောင်း .......

Written By မောင်စေတနာ on Tuesday, October 19, 2010 | 9:33:00 PM


photo; http://www.transitioning.org/

စင်္ကာပူမှာ အလုပ်လုပ်မယ်ဆိုရင် အလုပ်လုပ်ခွင့် အလုပ်သမားကဒ်
ပုံစံ (၄)မျိုးရှိပါတယ်။ အမျိုးစားကြီး အနေနဲ့ပေါ့လေ။
သံစဉ် သိသလောက်လေး ဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်။
စင်္ကာပူကိုမလာခင် ကိုယ်လာလုပ်ရမယ့် အလုပ်သမားကဒ်က ဘယ်လို
အမျိုးအစားရှိလဲဆိုတာ သေချာသိပြီးမှ လာတော့နည်းနည်းတော့အကျိုး
ရှိမယ်ထင်လို့ မျှဝေပေးတာပါရှင်။

အခြေခံPass ( 4 ) မျိုး

· Work Permit Pass
· S’pass
· Employment Pass
· Entre Pass

ဆိုပြီး (၄) မျိုးရှိပါတယ်ရှင့် ( dependant pass , Student pass, ) တို့ကို
နောက်မှရှင်းပြမယ်နော်။ အခုကအလုပ်သမား pass တွေအကြောင်းရှင်းပြချင်လို့ပါ။

Work Permit Pass

Work Permit Pass ကိုလျှောက်တဲ့သူတွေကတော့ စင်္ကာပူမှာအလုပ်လုပ်ချင်တဲ့
နိုင်ငံခြားသားအလုပ်သမားတွေ လျှောက်နိုင်ပါတယ်။

ဒါပေမယ့် သူတို့အခြေခံလစာကတော့ စင်္ကာပူဒေါ်လာ ၁၈၀၀ မကျော်ပါဘူး။

သူတို့ကို လိုချင်တဲ့အလုပ်ရှင်တိတိကျကျရှိနေရပါမယ်။

အလုပ်ရှင်တွေက သူတို့ခိုင်းချင်တဲ့အလုပ်သမားတွေကို စင်္ကာပူမှာတရားဝင်အလုပ်
လုပ်ခွင့်ရရှိဖို့အတွက် စင်္ကာပူအလုပ်သမားဝန်ကြီးဌာနမှာအရင်တင်လျှောက်ရပါမယ်။
နိုင်ငံခြားသားအလုပ်သမားက အနည်းဆုံးအသက် (၁၆)နှစ်ရှိရပါ့မယ်။
(50 နှစ်ထက်မကြီးရပါဘူး)




အလုပ်ရှင်အနေနဲ့မိမိနိုင်ငံခြားသားအလုပ်သမား၏တာဝန်များကိုတာဝန်ယူရပါ့မယ်။

နိုင်ငံခြားသား အလုပ်သမားအနေဖြင့်လဲစင်္ကာပူ အလုပ်သမားကဒ်ဆိုင်တာ စည်းမျဉ်း
စည်းကမ်းများကိုလိုက်နာရပါ့မယ်။

သူတို့ရဲ့ အခြေခံလစာထဲမှာ အောက်ပါခံစားခွင့်တွေမပါဝင်ပါဘူး။

* အချိန်ပိုလစာ။ ကော်မရှင်ခ။ အပိုဆုကြေး
* ခရီးစားရိတ်။ အစားအသောက်။ အိမ် ။
* ဆုငွေကြေးများ
* အပြန် လေယာဉ် စားရိတ်

အချိန်ပိုကြေးဆိုသည်မှာ အလုပ်ချိန် တစ်ပတ်လျှင် 44 နာရီထက်ပိုလျှင် ပိုလုပ်ရသော
နာရီများကို အချိန်ပိုကြေးအဖြစ်တွက်ပါသည်။

အလုပ်ရှင်အနေဖြင့် မိမိအလုပ်သမားကို စင်္ကာပူနိုင်ငံသို့အောက်ပါစာရွက်စာတမ်း
အပြည့်အစုံဖြင့် ခေါ်ယူရမည်ဖြစ်ပါသည် ။

အလုပ်သမားဝန်ကြီးဌာနမှ ခေါ်စာ။

အလုပ်သမားတစ်ယောက်ချင်းစီအတွက် လုံခြုံရေးစဘော်။ဒေါ်လာ ၅၀၀၀/-
(security bond 5000)။

အလုပ်ရှင်အနေနဲ့ နိုင်ငံခြားသားအလုပ်သမားအခွန်ငွေကို စင်္ကာပူအစိုးရ အား
လစဉ်ပေးဆောင်ရမည်ဖြစ်ပါသည်။

အလုပ်သမားစင်္ကာပူသို့ရောက်လာပါက အလုပ်သမားဝန်ကြီးဌာနမှ အသိအမှတ်ပြု
ထားသောဆေးခန်းများတွင် အလုပ်သမားအား ဆေးစစ်ရမည်ဖြစ်ပါသည်။

အလုပ်သမားအတွက် ဆေးရုံကုသခွင့်စဘော်အနေဖြင့် အာမခံကုမ္ပဏီတွင် အာမခံ
စာရွက်စာတမ်းဝယ်ယူ ပေးထားရမည်ဖြစ်ပါသည်။

S ‘Pass -

အရည်အချင်းရှိတဲ့ ။ ပညာရှင်နိုင်ငံခြားသားအလုပ်သမားများအတွက်တော့ စင်္ကာပူနိုင်ငံမှာ
အလုပ်လုပ် ခွင့်ကို စင်္ကာပူအစိုးရက S’pass ဆိုတဲ့ အလုပ်သမား ကဒ်ထုတ်ပေးပါတယ်။

ဒါပေမယ့်ဒီ S’pass အလုပ်သမားကဒ်ရရှိဖို့အတွက်သူ့မှာလိုအပ်တဲ့အရည်အချင်း တွေရှိပါတယ်။

* သူ့ရဲ့အခြေခံလစာက အနည်းဆုံး (၁၈၀၀)ရှိရပါ့မယ်။
* ဘွဲ့ရ ဖြစ်ရပါ့မယ်။
* မိမိလုပ်မယ့် အလုပ်နဲ့ပတ်သက်တဲ့အောင်လက်မှတ် Certificate လိုမျိုးရှိရပါ့မယ် ။
* အလုပ်နှင့်ပတ်သက်သော လုပ်ငန်းအတွေ့အကြုံအနည်းဆုံး၅နှစ်အထက်ရှိရပါ့မယ်။
* ဘာသာစကားကိုတတ်ကျွမ်းရပါ့မယ် ။
* အရေးအကြီးဆုံးက company က ကိုယ့်ကိုကြိုက်ပါတယ်ဆိုရင်တောင်မှ company မှာလိုအပ်တဲ့
ရာထူးနဲ့ ကိုယ်လျှောက်တဲ့ရာထူးက ကိုက်ညီနေမှ ရတာပါ။

* ပြီးတော့ ပညာရှင် အလုပ်သမားဖြစ်တဲ့အတွက်ကြောင့် အလုပ်သမားဝန်ကြီးဌာနမှ ကုမ္ပဏီအား
စင်္ကာပူလူမျိုး အလုပ်သမား ၄ ယောက်ရှိမှသာနိုင်ငံခြားသားအလုပ်သမားတစ်ယောက်လျှောက်ထားခွင့်
ပေးခြင်းဖြစ်ပါသည်

* Company တွင် S’Pass Quota မရှိပါက S’pass လျှောက်ထားသော်လည်း
အလုပ်သမားဝန်ကြီးဌာနမှ(Rejected) ပယ်ဖျက်မည်ဖြစ်ပါသည်။

* ထို့ကြောင့် မိမိလျှောက်မည်လို့ဆုံးဖြတ်ထားသောCompany တွင် ကိုယ်တာရှိရဲ့လား။
* မိမိလျှောက်မယ့်ရာထူးသည် Company မှ လိုအပ်သောရာထူးနဲ့ကိုက်ရဲ့လား ။
* မိမိတွင်ရှိသော အလုပ်အတွေ့အကြုံသည် မိမိလုပ်မယ့်အလုပ်အတွက် ဆက်စပ်မှုရှိရဲ့လား။
* လုပ်ငန်းအတွေ့အကြုံ လုံလောက်ရဲ့လား။


တကယ်လို့ S’pass နိုင်ငံခြားသားအလုပ်သမားတစ်ယောက်ရဲ့လစာဟာ တစ်လလျှင် ၂၅၀၀ ရှိပါက
မိသားစုဝင်များကို မှီခိုအနေဖြင့်လျှောက်ပေးထား ပိုင်ခွင့်ရှိပါတယ်။ ၂၅၀၀ အောက်ဆိုရင်တော့ မိသားစု
ဝင်များကိုခေါ်ဆောင်ခွင့်မရှိပါဘူး ။

S’pass အလုပ်သမားကဒ်ဖြင့် အလုပ်လုပ်သူသည် ၂ နှစ်ကျော်ပါက စင်္ကာပူနိုင်ငံတွင် PR လျှောက်ထားနိုင်ပါသည်။အလုပ်သမားခံစားခွင့်တွေကတော့ အထက်ပါ Work Pass မှအတိုင်းဖြစ်ပါတယ် ။ ဒါပေမယ့် အများအားဖြင့် S’passတွေကစားစရာ နေစရာမပေးပါဘူး။

Employment Pass –

EP လို့ခေါ်တဲ့ Employment Pass ကတော့ အောက်ပါအတိုင်း (P1 Ep, P2 EP, Q1 EP ) ဆိုပြီး ရာထူးအလိုက်နဲ့မူတည် ။လစာအလိုက်နဲ့ခွဲသွားတာမျိုးရှိပါတယ် ။

EP ရဲ့လစာအနည်းဆုံးကတော့ ၂၅၀၀ အထက်မှာရှိရပါ့မယ်။

ကလစ် တစ်ချက်နှိပ်ကြည့်ပါရန် .........


အလုပ်သမားဝန်ကြီးဌာနက လွန်ခဲ့တဲ့နှစ်တွေထဲက ပညာရှုင် နိုင်ငံခြားသားအလုပ်သမား
တွေအတွက်EP ဆိုပြီး ချထားပေးပါတယ် ။

သူက အလုပ်သမားအခွန် ( Levy) ပေးစရာမလိုဘူး ။

ကိုယ်တာ စောင့်ကြည့်စရာမလိုဘူး ။

တကယ့်ပညာရှင်အရည်အချင်းရှိတဲ့သူတွေကိုသာ EP ချပေးလေ့ ရှိပါတယ် ။

စားသောက်ကုန်လုပ်ငန်းတွေ ။ လုပ်ငန်းအသေးစားတွေအတွက် EP ချမပေးပါဘူး ။

EP အလုပ်သမားကဒ်ရဖို့ဆိုတာ တော်တော်လေးခက်ခဲပါတယ် ။

EntrePass

စင်္ကာပူနိုင်ငံမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်ကတော့
Entre Pass ဆိုတဲ့စီးပွားရေးလုပ်ကိုင်သူများအတွက် Pass တစ်ခုကိုချပေးပါတယ်။

ဒါပေမယ့်လုပ်မယ့် စီးပွားရေးက တရားဝင်စီးပွားရေးဖြစ်ရပါ့မယ်။

စင်္ကာပူအသိအမှတ်ပြု လိုင်စင်နံပါတ်ရှိရပါ့မယ် ။

တကယ်လို့ ကုမ္ပဏီရဲ့ ရှယ်ယာပိုင်ရှင်ဆိုလဲ ရှယ်ယာက ၃၀ ရာခိုင်နှုန်းရှိနေတဲ့သူဖြစ်ရပါ့မယ်။

အနည်းဆုံး ဒေါ်လာ 50000 ပိုင်ဆိုင်မှုပြရပါ့မယ် ။

(ကော်ဖီဆိုင် ၊ စားသောက်ဆိုင် ၊ ဘား ၊ နိုက်ကလပ်၊ ကာရာအိုကေဆိုင် ၊ အနှိပ်ခန်း ၊ အေးဂျင့် )
ဒါမျိုးလုပ်ငန်းတွေ အတွက်ဆိုရင် Entre Pass ကိုမပေးပါဘူး ။)

နှင်းဆီသံစဉ်
....................
ဖြိုးသူရ ပေးပို့လာသော မေးမှ ပြန်လည် မျှဝေပါသည်။
Share this article :

2 comments:

Anonymous said...

အခုလို အသိပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျား ...
အခုမှ ရှင်းသွားပါတယ် ....

min min said...

အခုလို မျှဝေပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား.......

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။